လာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီသစ်မှာ သူရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံအသင်း ဖြစ်လာလိမ့်မယ်လို့ ရိုင်ယန်ဂစ်က ခန့်မှန်း ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ နည်းပြကြီး ဆာ အဲလ်လက်စ် ဖာဂူဆန်နဲ့ လက်တွဲဖြုတ်ခဲ့ရပြီး နောက်ပိုင်းကတည်းက ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလှမ်းဝေးသွားခဲ့တာဟာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုလောက်အထိတောင် ကြာမြင့်နေခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Medium

တစ်ချိန်က ယူနိုက်တက်ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်တောင် ဒီနှစ်ပိုင်းအတွင်းမှာပဲ ပရီးမီးယားလိဂ်ဖလားအတွက် အဓိက စိန်ခေါ်နိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရပ်တည်လာနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင်မှ ရုန်းကန်နေရတဲ့ အနေအထားမျိုး ဖြစ်နေရပါတယ်။

ဒါပေမယ့်လည်း ယူနိုက်တက်နဲ့ ဝေးလ်စ်အသင်းတို့ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်ကတော့ လာမယ့်ရာသီမှာပဲ သူရဲ့ ယူနိုက်တက်အသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူသွားနိုင်တော့မယ်လို့ ခိုင်ခိုင်မာမာ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit : The Independent

“ကျွန်တော်ကတော့ သူတို့အသင်းကို လာမယ့် ဘောလုံးရာသီမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲ့ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် အသေအချာ ထင်မြင်မိပါတယ်။ မန်စီးတီးအသင်း ဘာတွေ ဆက်ဖြစ်မလာမလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတာပေါ့။”

“လာမယ့်ရာသီမှာ ကလော့ပ်က မရှိတော့ဘူး။ အာဆင်နယ်အသင်းကလည်း အသုံးစရိတ် အများကြီးတွေ အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး။ အဲ့ဒီအချိန် ထူးခြားတဲ့ ကိစ္စတွေလည်း ဖြစ်ကုန်လိမ့်မယ်။” လို့ ရိုင်ယန်ဂစ်က မှတ်ချက်ပြု ခန့်မှန်း ပြောဆိုသွားခဲ့ပါတယ်။