နည္းျပ ဂစ္ဟာ မန္ယူူ ကစားသမားေဟာင္း ျဖစ္ၿပီး လက္ရွိမွာေတာ့ ေဝးလ္ လက္ေရြးစင္အသင္း နည္းျပ ျဖစ္တာေၾကာင့္ ေဝးလ္အသင္းအတြက္ ေဝးလ္ကစားသမားေတြကို ေရြးခ်ယ္ေနရပါတယ္။ နည္းျပ ဂစ္ဟာ ေဝးလ္ ကစားသမား ဂ်ိမ္းကုိ စေနာက္သြားၿပီး၊ သူက မန္ခ်က္စတာ ဒါဘီပဲြစဥ္မွာ မန္ယူအသင္းက မန္စီးတီးအသင္းကို မႏုိင္ခဲ့ရင္ ဂ်ိမ္းကုိ မေရြးဘူးလုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Allfootball

နည္းျပ ဂစ္ဟာ စေနာက္ရုံ သက္သက္ ျဖစ္တာေၾကာင့္ တကယ္လုိ႔ မန္ယူအသင္းက မန္စီးတီး အသင္းကို ရႈံးနိမ့္ခဲ့တယ္ ဆုိရင္ေတာင္ ဂ်ိမ္းကုိ ေဝးလ္အသင္းအတြက္ ေရြးမွာ ေသခ်ာပါတယ္။ ဒါေပမဲ့လည္း မန္ယူအသင္းဟာ မန္စီးတီးအသင္းကို ရႈံးနိမ့္ခဲ့တာ မဟုတ္ဘဲ အေဝးကြင္းပဲြစဥ္မွာ မန္စီးတီးအသင္းကုိ အသာစီးရခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ (၁-၂) နဲ႔ အႏုိင္ရခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Allfootball

ေဝးလ္ နည္းျပ ဂစ္ဟာ မန္ယူအသင္း နဲ႔ မန္စီးတီးအသင္းတုိ႔ ကစားၿပီးေနာက္ ဂ်ိမ္းနဲ႔ ေတြ႔ခဲ့ၿပီး ဂ်ိမ္းကုိ မန္ယူူ အႏုိင္မရရင္ မေရြးဘူးလုိ႔ စေနာက္ခဲ့တာ ျဖစ္ပါတယ္။ ဂ်ိမ္းကုိ စေနာက္ခဲ့တာ ပက္သက္ၿပီး ေဝးလ္ နည္းျပ ဂစ္က “ကြ်န္ေတာ္ ဂ်ိမ္းကုိ တကယ္လုိ႔ မင္း ဒီေန႔ပဲြစဥ္ကုိ အႏုိင္မရဘူးဆုိရင္ ငါ မင္းကုိ ေဝးလ္အသင္းအတြက္ မေရြးဘူးလုိ႔ ေျပာခဲ့တာပါလုိ႔ ေျပာျပသြားခဲ့ပါတယ္”။

 

Photo Credit: Allfootball

ေဝးလ္ အသင္းဟာ (၂၀၂၀) ယူရုိ အုပ္စု ပဲြစဥ္ (၃) ပဲြမွာ ဆြစ္ဇာလန္ႏုိင္ငံ၊ တူရကီႏုိင္ငံ၊ အီတလီ ႏုိင္ငံတုိ႔နဲ႔ ရင္ဆုိင္ရမွာ ျဖစ္ၿပီးေတာ့ အုပ္စုပဲြစဥ္ကုိ (၁၃/၆/၂၀၂၀) မွာ စတင္သြားမွာ ျဖစ္ပါတယ္။ တစ္ဖက္က ဂ်ိမ္းရဲ႕ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၁၆) ပဲြ ကစားျပီးတဲ့ အခ်ိန္မွာေတာ့ ရမွတ္ (၂၄) မွတ္ ရထားၿပီး အမွတ္ေပး ဇယား အဆင့္ (၅) ေနရာမွာ ရပ္တည္ေနပါတယ္။

{Unicode}

နည်းပြ ဂစ်ဟာ မန်ယူူ ကစားသမားဟောင်း ဖြစ်ပြီး လက်ရှိမှာတော့ ဝေးလ် လက်ရွေးစင်အသင်း နည်းပြ ဖြစ်တာကြောင့် ဝေးလ်အသင်းအတွက် ဝေးလ်ကစားသမားတွေကို ရွေးချယ်နေရပါတယ်။ နည်းပြ ဂစ်ဟာ ဝေးလ် ကစားသမား ဂျိမ်းကို စနောက်သွားပြီး၊ သူက မန်ချက်စတာ ဒါဘီပွဲစဉ်မှာ မန်ယူအသင်းက မန်စီးတီးအသင်းကို မနိုင်ခဲ့ရင် ဂျိမ်းကို မရွေးဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Allfootball

နည်းပြ ဂစ်ဟာ စနောက်ရုံ သက်သက် ဖြစ်တာကြောင့် တကယ်လို့ မန်ယူအသင်းက မန်စီးတီး အသင်းကို ရှုံးနိမ့်ခဲ့တယ် ဆိုရင်တောင် ဂျိမ်းကို ဝေးလ်အသင်းအတွက် ရွေးမှာ သေချာပါတယ်။ ဒါပေမဲ့လည်း မန်ယူအသင်းဟာ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာ မဟုတ်ဘဲ အဝေးကွင်းပွဲစဉ်မှာ မန်စီးတီးအသင်းကို အသာစီးရခဲ့ပြီး နောက်ဆုံးမှာတော့ (၁-၂) နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Allfootball

ဝေးလ် နည်းပြ ဂစ်ဟာ မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ ကစားပြီးနောက် ဂျိမ်းနဲ့ တွေ့ခဲ့ပြီး ဂျိမ်းကို မန်ယူူ အနိုင်မရရင် မရွေးဘူးလို့ စနောက်ခဲ့တာ ဖြစ်ပါတယ်။ ဂျိမ်းကို စနောက်ခဲ့တာ ပက်သက်ပြီး ဝေးလ် နည်းပြ ဂစ်က “ကျွန်တော် ဂျိမ်းကို တကယ်လို့ မင်း ဒီနေ့ပွဲစဉ်ကို အနိုင်မရဘူးဆိုရင် ငါ မင်းကို ဝေးလ်အသင်းအတွက် မရွေးဘူးလို့ ပြောခဲ့တာပါလို့ ပြောပြသွားခဲ့ပါတယ်”။

Photo Credit: Allfootball

ဝေးလ် အသင်းဟာ (၂၀၂၀) ယူရို အုပ်စု ပွဲစဉ် (၃) ပွဲမှာ ဆွစ်ဇာလန်နိုင်ငံ၊ တူရကီနိုင်ငံ၊ အီတလီ နိုင်ငံတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီးတော့ အုပ်စုပွဲစဉ်ကို (၁၃/၆/၂၀၂၀) မှာ စတင်သွားမှာ ဖြစ်ပါတယ်။ တစ်ဖက်က ဂျိမ်းရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) ပွဲ ကစားပြီးတဲ့ အချိန်မှာတော့ ရမှတ် (၂၄) မှတ် ရထားပြီး အမှတ်ပေး ဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပါတယ်။