မစ်ဒယ်ဘရော့အသင်းမှာ လက်ရှိအင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်နဲ့ လက်တွဲခဲ့ဖူးတဲ့ အီဂျစ်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားမီဒိုက အင်္ဂလန်အသင်းအနေနဲ့ ဆောက်ဂိတ်က အင်္ဂလန်အသင်းရဲ့ နည်းပြရာထူးနဲ့ မလိုက်ဖက်တဲ့သူဖြစ်တာကြောင့် သူ့ကို နည်းပြရာထူးကနေ ထုတ်ပယ်လိုက်သင့်ပြီး သူရဲ့နေရာမှာ စပါးအသင်းရဲ့နည်းပြဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုကိုပဲ အစားထိုးခန့်အပ်သင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ UEFA Nations League ပွဲစဉ်အတွင်း အိမ်ရှင်ဘယ်ဂျီယံအသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီး ဒီရာသီ Nations League ပြိုင်ပွဲမှာလည်း မနှစ်ကလို အုပ်စုအဆင့်ကနေ နောက်တစ်ဆင့်ကို မတတ်လှမ်းနိုင်တော့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အင်္ဂလန်အသင်းအနေနဲ့ နည်းပြဆောက်ဂိတ်ကို ရာထူးကနေ ထုတ်ပယ်လိုက်သင့်ပြီး သူရဲ့နေရာအတွက်ကိုလည်း စပယ်ရှယ်ဝမ်းနည်းပြဖြစ်တဲ့ မော်ရင်ဟိုနဲ့ ပြန်လည်အစားထိုးသင့်တယ်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

မီဒိုက “သူက မီဒီယာတွေနဲ့ဆုံတိုင်းမှာ မှန်ကန်တဲ့အကြောင်းအရာတွေကိုပဲ ထွက်ဆိုလေ့ရှိတယ်။ ဒါကြောင့်လည်း သူရဲ့အလုပ်ကို ရေရှည်ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို ယုံကြည်နိုင်ပါတယ်။ သူက ပထမပိုင်း ပွဲကစားချိန်လောက်မှာ အသင်းက တစ်ခုခုမှားယွင်းနေပြီဆိုရင် အချိန်ပြည့်ကို အော်ဟစ်နေတော့တာ။ သူရဲ့အကြောက်ရားကို ကစားသမားတိုင်းကလည်း သိပါတယ်။ ကျွန်တော် မစ်ဒယ်ဘရော့မှာ ကစားခဲ့စဉ်တုန်းက အသင်းက တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရချိန်မှာ သူအလွန်ကြောက်ရွံနေတာကို သတိထားမိတယ်။ အဲ့ဒီတုန်းက သူအနေနဲ့ ပထမဆုံးနည်းပြအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ချိန်ဖြစ်ပေမယ့် အခုလက်ရှိအချိန်ထိ ဘာမှ မပြောင်းလဲနိုင်သေးပါဘူး။ သင်အနေနဲ့ ဘောလုံးပွဲတစ်ပွဲကို ရှံးနိမ့်ရမှာ ကြောက်ရွှံနေမယ်ဆိုရင် ဒီအကြောက်တရားက အမြဲတမ်းကိန်းအောင်းနေလိမ့်မယ်။ ဒါကို ကစားသမားတွေကလည်း အမြဲခံစားနေမိလိမ့်မယ်။ အင်္ဂလန်မှာက တကယ့်ကို အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေ ရှိနေတာဆိုပေမယ့် နည်းပြပိုင်းမှာကတော့ စိတ်ဓါတ်ပြတ်သားပြီး မကြောက်မရွှံ ရင်ဆိုင်ရဲတဲ့ နည်းပြမျိုးကို လိုအပ်နေပါတယ်။ ဆောက်ဂိတ်ကတော့ ဒီလိုနည်းပြမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ နည်းပြမော်ရင်ဟိုကို အစားထိုးခန့်အပ်သင့်တယ်လို့ တိုက်တွန်းချင်ပါတယ်” သူရဲ့တွစ်တာကနေ ရေးသားသွားခဲ့ပါတယ်။