လက္ရွိေဘာလုံးရာသီမွာ ရလဒ္ေတြ ဆိုးဝါးေနသလို နည္းျပအေျပာင္းအလဲေတြပါ လုပ္ထားရတဲ့ စပါးအသင္းဟာ လက္ရွိအခ်ိန္မွာေတာ့ နည္းျပအေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ရလဒ္ပိုင္းမွာေတာ့ အေတာ္ေလးကို အားနည္းေနတာကို ျမင္ေတြ႕ေနရပါတယ္။ ဒါ့ေၾကာင္​့ ေဘာလုံးကၽြမ္းက်င္သူေတြက စပါးအသင္းနည္းျပျဖစ္သူ ေမာ္ရင္ဟိုဟာ လက္က်န္ရာသီဝက္မွာ ေကာင္းမြန္တဲ့ေျခစြမ္းေတြကို ျပသနိုင္ဖို႔အတြက္ ယခု ဇန္နဝါရီအေျပာင္းအေရႊ႕မွာ က်ိန္းေသ လူ ေခၚယူမွုေတြ ျပဳလုပ္ရမယ္လို႔ တိုက္တြန္းေျပာဆိုထားပါတယ္။

Photo Credit: Mirror.com

လန္ဒန္အေျခစိုက္သတင္းေတြကေတာ့ ဘင္ဖီကာအသင္းကေန ထြက္ခြာဖို႔အတြက္ ေဆြးေႏြးမွုေတြ ျပဳလုပ္ေနတဲ့ လူငယ္ ကြင္းလယ္ကစားသမား ဂ်က္ဆင္ဖာနန္ဒက္စ္ဟာ ဝက္စ္ဟမ္းအသင္းကို ေျပာင္းေရႊ႕ဖို႔ နီးစပ္ေနရာကေန လက္ရွိမွာေတာ့ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းထံကို ေျပာင္းေရႊ႕ဖို႔အတြက္ နီးစပ္လာၿပီ လို႔ ယေန႔မနက္မွာပဲ ေဖာ္ျပလိုက္ၾကပါတယ္။

Photo Credit: Mirror.com

အသက္၂၁ႏွစ္အရြယ္ ဖာနန္ဒက္စ္ဟာ ဘင္ဖီကာအသင္းရဲ့ အကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ၿပီး ဘင္ဖီကာအသင္းဟာ သူ႔ကို ၁၈လ အငွားစာခ်ဳပ္နဲ႔ ေခၚယူမယ့္အသင္းကို ဇန္နဝါရီ အေျပာင္းအေရႊ႕မွာ ရွာေဖြေနပါတယ္။ လက္ရွိမွာ စပါးအသင္းဟာ ဖာနန္ဒက္စ္ကို ေခၚယူဖို႔ ကမ္းလွမ္းမွု ျပဳလုပ္ထားသလို ကစားသမားကလည္း ေပၚတူဂီလူမ်ိဳးနည္းျပျဖစ္တဲ့ ေမာ္ရင္ဟိုရဲ့ လက္ေအာက္မွာ ကစားဖို႔အတြက္ ပိုမို စိတ္အားထက္သန္ေနတယ္လို႔ သိရပါတယ္။

Photo Credit: Mirror.com

ဆက္စပ္သတင္းေတြအရေတာ့ စပါးအသင္းဟာ ဟယ္ရီကိန္းဒဏ္ရာရသြားတာေၾကာင့္ အားနည္းသြားတဲ့ တိုက္စစ္ပိုင္းအတြက္ ေအစီမီလန္အသင္းရဲ့ တိုက္စစ္မွူး ပီယာတက္ခ္နဲ႔ ခ်ယ္လ္ဆီးအသင္းရဲ့ တိုက္စစ္မွူး ဂ်႐ူးတို႔ ႏွစ္ဦးထဲက တစ္ဦးကို ေခၚယူဖို႔ ရွိေနတယ္လို႔ ၾကားသိထားရပါတယ္။

လက်ရှိဘောလုံးရာသီမှာ ရလဒ်တွေ ဆိုးဝါးနေသလို နည်းပြအပြောင်းအလဲတွေပါ လုပ်ထားရတဲ့ စပါးအသင်းဟာ လက်ရှိအချိန်မှာတော့ နည်းပြအပြောင်းအလဲလုပ်ခဲ့ပေမယ့် ရလဒ်ပိုင်းမှာတော့ အတော်လေးကို အားနည်းနေတာကို မြင်တွေ့နေရပါတယ်။ ဒါ့ကြောင်​့ ဘောလုံးကျွမ်းကျင်သူတွေက စပါးအသင်းနည်းပြဖြစ်သူ မော်ရင်ဟိုဟာ လက်ကျန်ရာသီဝက်မှာ ကောင်းမွန်တဲ့ခြေစွမ်းတွေကို ပြသနိုင်ဖို့အတွက် ယခု ဇန်နဝါရီအပြောင်းအရွှေ့မှာ ကျိန်းသေ လူ ခေါ်ယူမှုတွေ ပြုလုပ်ရမယ်လို့ တိုက်တွန်းပြောဆိုထားပါတယ်။

Photo Credit: Mirror.com

လန်ဒန်အခြေစိုက်သတင်းတွေကတော့ ဘင်ဖီကာအသင်းကနေ ထွက်ခွာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ လူငယ် ကွင်းလယ်ကစားသမား ဂျက်ဆင်ဖာနန်ဒက်စ်ဟာ ဝက်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေရာကနေ လက်ရှိမှာတော့ တော့တင်ဟမ်ဟော့စပါးအသင်းထံကို ပြောင်းရွှေ့ဖို့အတွက် နီးစပ်လာပြီ လို့ ယနေ့မနက်မှာပဲ ဖော်ပြလိုက်ကြပါတယ်။

Photo Credit: Mirror.com

အသက်၂၁နှစ်အရွယ် ဖာနန်ဒက်စ်ဟာ ဘင်ဖီကာအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး ဘင်ဖီကာအသင်းဟာ သူ့ကို ၁၈လ အငှားစာချုပ်နဲ့ ခေါ်ယူမယ့်အသင်းကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ရှာဖွေနေပါတယ်။ လက်ရှိမှာ စပါးအသင်းဟာ ဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကမ်းလှမ်းမှု ပြုလုပ်ထားသလို ကစားသမားကလည်း ပေါ်တူဂီလူမျိုးနည်းပြဖြစ်တဲ့ မော်ရင်ဟိုရဲ့ လက်အောက်မှာ ကစားဖို့အတွက် ပိုမို စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Photo Credit: Mirror.com

ဆက်စပ်သတင်းတွေအရတော့ စပါးအသင်းဟာ ဟယ်ရီကိန်းဒဏ်ရာရသွားတာကြောင့် အားနည်းသွားတဲ့ တိုက်စစ်ပိုင်းအတွက် အေစီမီလန်အသင်းရဲ့ တိုက်စစ်မှူး ပီယာတက်ခ်နဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဂျရူးတို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူဖို့ ရှိနေတယ်လို့ ကြားသိထားရပါတယ်။