MySport Myanmar

အဲဗာတန် တောင်ပံကစားသမား ဂရေးကို ခေါ်ယူနိုင်တော့မယ့် ဂျရတ်

စတီဗင် ဂျရတ် ကိုင်တွယ်နေတဲ့ ဆော်ဒီ ပရိုလိဂ်ကလပ် အယ်လ် အစ်တီဖာအသင်းက အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား ဒီမာရိုင်း ဂရေးကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပြီလို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

လီဗာပူးလ် legend ကြီး ဂျရတ်က အယ်လ် အစ်တီဖာအသင်းကို ကိုင်တွယ်ပြီးချိန် လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန် ၊ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီ နဲ့ ကလပ်ဘရုဂေးက ဂျက်ဟန်ဒရီတို့ကို ခေါ်ယူထားခဲ့ပါတယ်။

Photo Credit : Twitter

လက်ရှိမှာလည်း ဆော်ဒီလိဂ်ရဲ့ နွေအပြောင်းအရွှေ့ ဈေးကွက်က ဖွင့်လှစ်နေချိန်ဖြစ်လို့ ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ဒီမာရိုင်း ဂရေးကို အယ်လ် အစ်တီဖာအသင်းက ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ စတင်လုပ်ဆောင်လာခဲ့ရာ အခုဆိုရင် အပြောင်းအရွှေ့ အထမြောက်ဖို့ပါ နီးစပ်လာပြီ ဖြစ်ပါတယ်။

အသက် (၂၇)နှစ်အရွယ် ဂျမေကာနွယ်ဖွား အင်္ဂလန် ဘယ်တောင်ပံကစားသမား ဂရေးဟာ လက်စတာ လေဗာကူဆင်တို့ရဲ့ ကစားသမားဟောင်းလည်းဖြစ်ပြီး လက်ရှိမှာတော့ အဲဗာတန်အသင်းမှာ ပါဝင်နေသူလည်း ဖြစ်ပါတယ်။

Photo Credit : talkSPORT

လက်ရှိမှာတော့ ဂရေးက ဆော်ဒီကလပ် အယ်လ် အစ်တီဖာအသင်းဆီ ပြောင်းရွှေ့ဖို့ သဘောတူညီထားခဲ့ပြီဖြစ်လို့ အယ်လ် အစ်တီဖာအနေနဲ့ အဲဗာတန်နဲ့ ဆက်လက် ဆွေးနွေးသွားဖို့သာ ကျန်ရှိနေတော့ပြီး ဆွေးနွေးမှုတွေကလည်း အခြေအနေကောင်းနေရပြီ ဖြစ်ပါတယ်။

အယ်လ် အစ်တီဖာအသင်းက ဒီမာရိုင်း ဂရေးလို ဘယ်တောင်ပံရော ညာတောင်ပံအပြင် ကွင်းလယ်တိုက်စစ် နေရာအထိပါ နေရာအစုံ ကစားနိုင်တဲ့ ကစားသမားမျိုးကို ခေါ်ယူအားဖြည့်နိုင်ခဲ့မယ်ဆိုရင် သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းက ပိုမို အားကောင်းလာမှာ အသေအချာပါပဲ။

Exit mobile version