လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျာရတ်က လီဗာပူးလ် တိုက်စစ်မှူးဟောင်း ဖြစ်ခဲ့တဲ့ လက်ရှိ ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်စ်ကို လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က လေ့ကျင့်ရေးကွင်းမှာ အခြားသူတွေကို လေးစားမှု မရှိဘူးလို့ ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ဟာ (၂၀၁၁) ခုနှစ်က ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာတော့ အေဂျက်အသင်းကနေ လီဗာပူးလ်အသင်းကို အပြီးသတ် ပြောင်းလာခဲ့ပြီး လီဗာပူးလ်အသင်းမှာ ကစားခဲ့စဉ်က ပြိုင်ပွဲစုံ (၁၃၃) ပွဲ ကစားခဲ့ရာမှာ သွင်းဂိုး (၈၂) ဂိုး သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

လီဗာပူးလ် ကွင်းလယ် ကစားသမားဟောင်း စတီဗင် ဂျာရတ်ဟာ လီဗာပူးလ်အသင်းမှာ ဆွာရက်စ်နဲ့ အတူ (၃) နှစ်ကျော်ကြာ ကစားခဲ့တာ ဖြစ်ပြီး တိုက်စစ်မှူး ဆွာရက်စ်ကတော့ ဆုဖလား အောင်မြင်မှု ရရှိနိုင်ဖို့အတွက် လာလီဂါ ပြိုင်ပွဲက ဘာစီလိုနာအသင်းကို အပြီးသတ် ပြောင်းခဲ့ပါတယ်။ ဆွာရက်စ်ဟာ ဘာစီလိုနာအသင်းမှာလည်း ခြေစွမ်းပြ ကစားနေလျက် ရှိပြီး လီဗာပူလ်း ဂန္တဝင် ကစားသမား ဂျာရတ်ကတော့ ဆွာရက်စ်ကို လေးစားမှု မရှိဘူးလို့ ဝေဖန်သွားခဲ့ပေမယ့်လည်း ထိပ်သီး ကစားသမား ဖြစ်လာမယ် ဆိုတာ တန်းသိနေခဲ့တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ဂျာရတ်ဟာ တွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးတွေထဲမှာ ဘယ်သူက အကောင်းဆုံးလဲလို့ မေးခံရတဲ့ အချိန်မှာ သူက “လီဗာပူးလ်အသင်း ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး များစွာက ကာရေဂါတို့လို၊ အခြား အသင်းဖော်တွေကို လေးစားမှု ရှိကြပါတယ်။ ဒါပေမယ့်လည်း ဆွာရက်စ်ကတော့ လေကျင့်ရေးဆင်းကြတဲ့ အချိန်မှာ ဘယ်သူကိုမှ လေးစားမှု မရှိခဲ့ပါဘူး။ ဆွာရက်စ်က လေ့ကျင့်ရေးကွင်းကို လာမယ်၊ ပြန်ထွက်သွားမယ်၊ စကားတွေ ပြောမယ်။ ဒါကို လေ့ကျင့်ရေးကွင်းမှာ မြင်တဲ့ အခါမှာ ပုံမှန် မဟုတ်ဘူးလို့ ကျွန်တော် ထင်ခဲ့ပါတယ်။ ပုံမှန်အားဖြင့် လေးစားမှုတွေကို မြင်နေရတယ်။ ဒါပေမယ့် ဆွာရက်စ်က လူတိုင်းဆီကို ပြေးသွားပြီး နောက်ခံလူတွေကို ဒေါသထွက်စေခဲ့ပါတယ်။ သူ ထိပ်သီး ကစားသမား ဖြစ်လာမယ် ဆိုတာကိုတော့ တန်းသိခဲ့ပါတယ်”လို့ ပြောသွားပါတယ်။