လီဗာပူးလ္ ကစားသမားေဟာင္း ဂ်ာရတ္က လက္ရွိရာသီမွာ လီဗာပူးလ္အသင္းပရီးမီးယား လိဂ္ ဖလား ရရင္ (၂၀၁၄) ခုႏွစ္က ခ်ဲလ္ဆီးအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေခ်ာ္လဲခဲ့တာအတြက္ စိတ္သက္သာရာရလိမ့္မယ္လို႔ ေျပာခဲ့ပါတယ္။ ဂ်ာရတ္ဟာ (၂၀၁၄) ခုႏွစ္၊ ဧၿပီလက ခ်ဲလ္ဆီး အသင္းနဲ႔ ကစားခဲ့တဲ့ အိမ္ကြင္း အန္ဖီးလ္ကြင္းမွာ ေခ်ာ္လဲခဲ့တာေၾကာင့္ ခ်ဲလ္ဆီး တိုက္စစ္မႉး ဒမ္ဘာဘာက အဖြင့္္ဂိုးကို သြင္းယူခဲ့ၿပီး လီဗာပူးလ္အသင္း (၂-ဝ) ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

Photo Credit: Goal

လီဗာပူးလ္အသင္းဟာ ခ်ဲလ္ဆီးအသင္းကိုသာ အႏိုင္ရမယ္ ဆိုရင္ ပရီးမီးယားလိဂ္ ဆုဖလား ရဖို႔ ေသခ်ာသေလာက္ ရွိေနခဲ့ေပမဲ့လည္း (၂-ဝ) နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ မန္စီးတီးအသင္းက (၂) မွတ္ျဖတ္နဲ႔ ပရီးမီးယားလိဂ္ ဆုဖလားကုိ ရရွိခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္ရွိရာသီ ပရီးမီးယား လိဂ္ ၿပိဳင္ပြဲမွာ ရႈံးပြဲမရွိေသးဘဲ (၁၃) မွတ္ ျဖတ္နဲ႔ ဦးေဆာင္ေနၿပီး ဂ်ာရတ္က လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ ဖလား ရရင္ ေခ်ာ္လဲခဲ့တာအတြက္ စိတ္သက္သာရာ ရမယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ဂ်ာရတ္က “ကြၽန္ေတာ္ အခုရက္ပိုင္း ေခ်ာ္လဲခဲ့တာကို ေတြးျဖစ္ပါတယ္။ လီဗာပူးလ္အသင္း ပရီးမီးယားလိဂ္ ဆုဖလား ရမယ္ ဆိုရင္ ကြၽန္ေတာ္ စိတ္သက္သာရာရပါလိမ့္မယ္။ ကြၽန္ေတာ္ အဲဒီျဖစ္ရပ္ကို ဆန္းစစ္ၾကည့္ေတာ့ အဲဒီျဖစ္ရပ္တစ္ခုကပဲ လီဗာပူးလ္ကို ပရီးမီးယားလိဂ္ ဖလား ဆုံးရႈံးေစခဲ့တာ မဟုတ္ဘူးဆိုတာ ကြၽန္ေတာ္ သိပါတယ္။ ဒါေပမဲ့ ကြၽန္ေတာ္ အဲဒီအေၾကာင္းကို ေတြးေနဆဲပါပဲ။ လူေတြက စိတ္သက္သာေအာင္ ေနဖို႔ ေျပာၾကပါတယ္”လို႔ ေျပာျပခဲ့ပါတယ္။

{Unicode}

လီဗာပူးလ် ကစားသမားဟောင်း ဂျာရတ်က လက်ရှိရာသီမှာ လီဗာပူးလ်အသင်းပရီးမီးယား လိဂ် ဖလား ရရင် (၂၀၁၄) ခုနှစ်က ချဲလ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ချော်လဲခဲ့တာအတွက် စိတ်သက်သာရာရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဂျာရတ်ဟာ (၂၀၁၄) ခုနှစ်၊ ဧပြီလက ချဲလ်ဆီး အသင်းနဲ့ ကစားခဲ့တဲ့ အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ ချော်လဲခဲ့တာကြောင့် ချဲလ်ဆီး တိုက်စစ်မှူး ဒမ်ဘာဘာက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်အသင်း (၂-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: Goal

လီဗာပူးလ်အသင်းဟာ ချဲလ်ဆီးအသင်းကိုသာ အနိုင်ရမယ် ဆိုရင် ပရီးမီးယားလိဂ် ဆုဖလား ရဖို့ သေချာသလောက် ရှိနေခဲ့ပေမဲ့လည်း (၂-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် မန်စီးတီးအသင်းက (၂) မှတ်ဖြတ်နဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ ရှုံးပွဲမရှိသေးဘဲ (၁၃) မှတ် ဖြတ်နဲ့ ဦးဆောင်နေပြီး ဂျာရတ်က လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဖလား ရရင် ချော်လဲခဲ့တာအတွက် စိတ်သက်သာရာ ရမယ်လို့ ပြောခဲ့ပါတယ်။

 

Photo Credit: Goal

ဂျာရတ်က “ကျွန်တော် အခုရက်ပိုင်း ချော်လဲခဲ့တာကို တွေးဖြစ်ပါတယ်။ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ် ဆုဖလား ရမယ် ဆိုရင် ကျွန်တော် စိတ်သက်သာရာရပါလိမ့်မယ်။ ကျွန်တော် အဲဒီဖြစ်ရပ်ကို ဆန်းစစ်ကြည့်တော့ အဲဒီဖြစ်ရပ်တစ်ခုကပဲ လီဗာပူးလ်ကို ပရီးမီးယားလိဂ် ဖလား ဆုံးရှုံးစေခဲ့တာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် အဲဒီအကြောင်းကို တွေးနေဆဲပါပဲ။ လူတွေက စိတ်သက်သာအောင် နေဖို့ ပြောကြပါတယ်”လို့ ပြောပြခဲ့ပါတယ်။