လီဗာပူးလ် ကစားသမားဟောင်း အိုဝင်ကတော့ လီဗာပူးလ် ကစားသမားဟောင်း ဂျာရတ်အနေနဲ့ ချဲလ်ဆီး ကစားသမားဟောင်း လမ်းပတ် နဲ့ မန်ယူ ကစားသမားဟောင်း ပေါလ် စခိုးလ်တို့ထက် ပို ကောင်းတယ်လို့ ဆိုခဲ့ပါတယ်။ အိုဝင်ဟာ ဂျာရတ်၊ လမ်းပတ် နဲ့ ပေါလ် စခိုးလ်တို့ထဲက (၁) ဦးကို ရွေးချယ်ခဲ့ရာမှာ ဂျာရတ်ကို ရွေးချယ်ခဲ့ပြီး ဂျာရတ်က သူ တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထက် ခြားနားတဲ့ အဆင့် ရှိကြောင်း၊ ပထမဆုံး ရွေးချယ်မယ့် ကစားသမား ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

Photo Credit: Goal

အိုဝင်က “စခိုးလ်ကို ဟိုလမ်းကြောင်းအတိုင်း သွားမယ်လို့ ထင်တဲ အခါမှာ သူ ပြောင်းပြန်လှည့်ပြီး ဦးတည်ဘက် ပြောင်းနိုင်ပါတယ်။ သူဟာ ကွင်းလယ်ကစားသမား အဖြစ်ကနေ တန်ပြန်တိုက်စစ်ကစားတဲ့ အချိန်မှာ မယုံနိုင်စရာ ကောင်းပါတယ်။ ပါရမီရှင်ပါ။ လမ်းပတ်ကတော့ သူ့ရဲ့သွင်းဂိုးကို ဘယ်သူ့မှ မေးခွန်းမထုတ်ရဲဘဲ အရည်အချင်း တစ်ခုချင်းစီကို အသုံးပြုပါတယ်”လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဆက်လက်ပြီး အိုဝင်က “ကျွန်တော့်အတွက်တော့ ဂျာရတ်က ကျွန်တော် မြင်ခဲ့ဖူးတဲ့ ဒါမှမဟုတ် ကျွန်တော် တွဲကစားခဲ့ဖူးတဲ့ ကစားသမားတွေထက် ခြားနားတဲ့ အဆင့် ရှိပါတယ်။ ကျွန်တော်က အချို့ အလွန် ကောင်းတဲ့ မန်ယူကစားသမား၊ လီဗာပူးလ် ကစားသမားတွေနဲ့ ကစားခဲ့ဖူးပါတယ်။ ဘယ်သူ့ကို ပထမဆုံး ရွေးချယ်မလဲ ဆိုရင်တော့ ကျွန်တော် ဒီကစားသမားတွေထဲက ပထမဆုံး ရွေးချယ်မယ့် ကစားသမားက စတီဗင် ဂျာရတ်ပါပဲ”လို့ အခိုင်အမာ ပြောသွားတာပဲ ဖြစ်ပါတယ်။