ဝက်စ်ဟမ်းယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်သူ မက်ခ်နိုဘယ်က သူရဲ့စီနီယာကစားသမားကြီးလည်းဖြစ် လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမား အသင်းခေါင်းဆောင်ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ စတီဗင်ဂျရတ်က သူနဲဲ့အတူ ခေတ်ပြိုင်အင်္ဂလန်ကွင်းလယ်လူတွေဖြစ်ကြတဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဖရန့်လမ်းပတ် မန်ချက်စတာယူနိုက်တက် ကွင်းလယ် Legend ကစားသမားကြီး ပေါလ်စခိုးတို့ထက်ကို ကစားပုံပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်တယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။

Photo Credit : Goal.com

ဂျရတ် ပေါလ်စခိုး လမ်းပတ်တို့(၃)ဦးလုံးဟာ အင်္ဂလန်ကွင်းလယ်ကစားသမားတွေထဲမှာ စွမ်းဆောင်ရည်ပိုင်း မြင့်မားလှသူတြွေ့ဖစ်ပြီးတော့ သူတို့ရဲ့ကလပ်အသင်းတွေဖြစ်ကြတဲ့ လီဗာပူးလ် ယူနိုက်တက်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ဂန္တဝင်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ဒါပေမယ့် နိုဘယ်ကတော့ သူ့စီနီယာကြီး(၃)ယောက်လုံးထဲမှာမှ ဂျရတ်ကိုပဲ အကောင်းဆုံးအဖြစ် ရွေးချယ်ပေးသွားခဲ့ပါတယ်။ နိုဘယ်က “ကစားသမားတစ်ယောက် သူဘယ်လောက်ကောင်းသလဲဆိုတာကို သူနဲ့ပြိုင်ဘက်အဖြစ် ဆုံတွေ့ရတဲ့အခါမှာ ပိုသိရတယ်လို့ပြောရင် ခင်ဗျားတို့ယုံလိုက်”

Photo Credit : The Independent

“ဒီကစားသမား(၃)ဦးလုံးကတော့ ထိပ်တန်းကစားသမားတွေချည်းပဲ။ သူတို့ရဲ့ကစားဟန်တွေနဲ့ အကောင်းဆုံးကစားနိုင်ကြသူတွေပါ။ ဒါပေမယ့် ဒီထဲမှာတော့ စတီဗင်က လုံးဝကို အကောင်းဆုံးကစားပဲ” လို့ ပြောဆိုသွားခဲ့ပြီး သူနဲ့ ဝက်စ်ဟမ်းအသင်းမှာ တွဲကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးကားလို့တဲဗက်ဇ်နဲ့ တောင်ပံကစားသမားပါရတ်တို့ကလည်း သူ့အတွက်အကောင်းဆုံးကစားသမားတွေလို့ နိုဘယ်က ထပ်မံပြောဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာ ရိန်းဂျားအသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ဂျရတ်ကို သူနဲ့ယှဉ်ပြိုင်ကစားခဲ့ဖူးတဲ့ အေစီမီလန်နဲ့ ဘရာဇီးကွင်းလယ်ကစားသမားဟောင်းကာကာကလည်း သူအရမ်းသဘောကျရတဲ့ ကစားသမားတစ်ယောက်လို့ ချီးကျူးခဲ့ပါသေးတယ်။ ကာကာက “ကျွန်တော်ဂျရတ်ကိုကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့တွေ ၂၀၀၅နဲ့ ၂၀၀၇ခုနှစ်တွေတုန်းက ဆုံတွေ့ခဲ့ဖူးတာကို။ အဲ့ဒီကတည်းက ကျွန်တော်သူ့ကို အရမ်းလေးစားမိတာ” လို့ ပြောဆိုခဲ့ဖူးပါတယ်။