လီဗာပူးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ် လာ​ကာ ကမ္ဘာ့ဘောလုံးစင်မြင့်ပေါ်မှာ နေရာ တစ်နေရာ ရခဲ့သလို ထိပ်တန်းအသင်းကြီး များစွာရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ပေမယ့် ကစားသမားဘဝ အနားယူသွားတဲ့ အချိန်အထိ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးကို ရယူသွားခဲ့တဲ့ သူကတော့ စတီဗင်ဂျာရတ်ပဲ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ သမိုင်း တစ်လျှောက် အကောင်းဆုံး ကွင်းလယ်လူတွေ ထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသလို ကွင်းလယ်နေရာမှာ ကစားရပေမယ့် သွင်းဂိုး များစွာကို သွင်းယူနိုင်တာတွေ ၊ ဖရီးကစ်ကနေ တဆင့် ပြိုင်ဘက်အသင်းကို ကြောက်ရွံ့စေတာတွေက ဂျာရတ်ရဲ့ အမှတ်အသားတွေပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ဂျာရတ်ဟာ ကစားသမားဘဝမှာ ထူးချွန်တဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ပေမယ့် သူကစားနေစဉ် ကာလတစ်လျှောက်မှာ လီဗာပူးအသင်းဟာ ကစားသမား မျိုးဆက်ပြတ်လပ်မှုတွေကို ကြုံတွေ့ရတာကြောင့် ထိပ်တန်းအဆင့်ခြေစွမ်းကို ပိုင်ဆိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုတော့ ပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ဂျာရတ်ရဲ့ လီဗာပူးအသင်း ဟာ ပရီးမီးယားလိဂ်ဖလားကို အရယူနိုင်ဖို့ အတွက် အလွန်ကို နီးစပ်နေပြီး ရိန်းဂျားအသင်းရဲ့ နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂျာရတ်ကတော့ လက်ရှိ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ မန်ယူနိုက်တက် အသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူဟောင်း ပေါလ်စခိုးလိုမျိုး အသင်းကို အကောင်းဆုံး ဦးဆောင် ကစားနေနိုင်တယ်လို့ ခိုင်းနှိုင်းကာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Metro.com

ပေါလ်စခိုးနဲ့ ဟန်ဒါဆန်တို့ရဲ့ ကြားက တူညီတဲ့ အချက်တွေနဲ့ ပတ်သတ်ပြီး ဂျာရတ်က ” ဟန်ဒါဆန်ဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ အတော်လေးကို တိုးတက်လာခဲ့တဲ့သူလို့ ထင်ပါတယ်။ သူဟာ ကစားပွဲကို ကောင်းကောင်း နားလည်တယ်။ ပြီးတော့ အရမ်းကောင်းတဲ့ ဘောလုံးပေးပို့မှုတွေကိုလည်း ပြုလုပ်နိုင်စွမ်းရှိသူပါ။ သူဟာ အရှိန်အဟုန်မြင့်နေတဲ့ ကစားပွဲတွေကို ကောင်းကောင်း ထိန်းချုပ်နိုင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါက ပေါလ်စခိုးနဲ့ ဆင်တူတဲ့ နေရာတွေ ဖြစ်ပါတယ်။ သူဟာ ပေါလ်စခိုးလိုမ​ျိုး အသင်းကို ဦးဆောင်နိုင်စွမ်းရှိတဲ့ ကစားသမားတစ်ဦးပါ။ သူဟာ သူ့ရဲ့အသင်းအတွကိ အမြဲတမ်း ရှိနေမယ့် ကစားသမားတစ်ဦးပါ ” လို့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့တာပါ။