ဘွန်ဒစ်လီဂါကို မေလအလယ်လောက်ကတည်းကနေ ပြန်လည်စတင်လာခဲ့ရာ အခုဆိုရင် ပွဲစဉ်(၃၁)အထိတောင် ရောက်ရှိလာခဲ့ပါပြီ။ ဒီတစ်ပတ်မှာလည်း အမှတ်ပေးဇယားထိပ်က အသင်းကြီးတွေ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်တွေ ပါဝင်နေတာမို့ ဒီပွဲစဉ်တွေရဲ့အကြောင်းကို ဆွေးနွေးသုံးသပ်သွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ဒစ်ဆယ်ဒေါ့ဖ် နဲ့ ဒေါ့မွန် (စနေည၈နာရီ)

ဒစ်ဆယ်ဒေါ့ဖ်က တန်းဆင်းဇုန်မှာ ရုန်းကန်နေရတယ်ဆိုပေမယ့် ဘွန်ဒစ်လီဂါပြန်စကတည်းက အိမ်ကွင်းရှံးပွဲမမရှိသေးတာတော့ မေ့ထားလို့မရပါဘူး။ တစ်ဖက်က ဒေါ့မွန်မှာလည်း ဟာလန်းပြန်လည်ပါဝင်နိုင်ပြီဖြစ်လို့ တိုက်စစ်အားကောင်းနေမှာပါ။ ဒေါ့မွန်ကလည်း ဘိုင်ယန်ကို အရေးနိမ့်ခဲ့တာကလွဲရင် ကျန်တဲ့ပွဲတွေမှာ ရလဒ်ကောင်းခဲ့တာမို့ ဒီပွဲလည်း အနိုင်ရသွားနိုင်ပါတယ်။ ဂိုးအများကြီးပြတ်ဖွယ်တော့ မရှိပါဘူး။

Photo Credit : Getty Image

ဘိုင်ယန်မြူးနစ် နဲ့ မိုချန်ဂလာဘတ် (စနေည၁၁နာရီ)

ဘိုင်ယန်ဘက်က လီဝန်ဒေါစကီးနဲ့မူလာတို့ ပွဲပယ်ခံထားရတယ်ဆိုပေမယ့်လည်း လူအင်အားတောင့်တင်းနေသေးတာမို့ အားအရမ်းလျော့သွားစရာ မရှိပါဘူး။ ကြားရက်က ပိုကယ်ဖလား ကစားထားရလို့သာ အနည်းငယ် ပွဲပန်းနေနိုင်ပါတယ်။ မိုချန်ကတော့ အဝေးကွင်းရလဒ်တွေ သိပ်ကောင်းလေ့မရှိတာကြောင့် ဒီပွဲမှာလည်း အိမ်ရှင်ဘိုင်ယန်ကို အခက်တွေ့အောင် ကစားဖို့ ရုန်းကန်ရနိုင်ပါတယ်။ ဘိုင်ယန်ကပ်နိုင်ပါမယ်။

Photo Credit : Getty Image

ရှော်ကေး နဲ့ လေဗာကူဆင် (တနင်္ဂနွေနေ့၁၀နာရီခွဲ)

ရှော်ကေးရဲ့ကျဆင်းမှုတွေက အံ့အားသင့်စရာကောင်းလောက်အောင် ဆက်တိုက်ကြီးဖြစ်ခဲ့ရပြီး လေဗာကူဆင်ကတော့ ရလဒ်တွေက တစ်ပွဲနိုင်တစ်ပွဲရှံးပုံစံဖြစ်နေကာ ခြေမမှန်ပါဘူး။ ဒါပေမယ့် ဒီပွဲမှာတော့ ကိုင်းလ်ဟားဗက်ဇ် ပြန်ပါဝင်လာနိုင်တာကိုကြောင့် တိုက်စစ်ပိုင်း ပြန်လည်အားကောင်းလာနိုင်သလို မိုချန်က ဘိုင်ယန်နဲ့ပွဲမှာ အမှတ်လျော့ထားနိုင်လို့ ဒါကို လေဗာကူဆင်တို့ အခွင့်ကောင်းယူရပါလိမ့်မယ်။ အိမ်ကွင်းမှာဆို ကစားရခက်တဲ့ ရှော်ကေးဆီကနေ လေဗာကူဆင်တို့ အနည်းဆုံးသရေတစ်မှတ်တော့ ရယူနိုင်ပါမယ်။