ဘွန်ဒစ်လီဂါကတော့ ကိုရိုနာဗိုင်းရပ်စ်ဂယက်အတွင်းမှာ ရဲရဲဝံဝံနဲ့ ပြန်လည်ကျင်းပခဲ့ရာ အခုဆိုရင် ပွဲစဉ်(၂၉)အထိကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မနေ့ညကလည်း လေဗာကူဆင်နဲ့ ဖရိုင်းဘတ်အသင်းတို့က ပွဲစဉ်(၂၉)ရဲ့ သောကြာနေ့ညပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာ ဧည့်သည်လေဗာကူဆင်က ကိုင်းလ်ဟားဗက်ဇ်ရဲ့ တစ်လုံးတည်းသောသွင်းဂိုး အနိုင်ရခဲ့ပြီး အဆင့်(၃)နေရာကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အသင်းကြီးချင်းတွေ့ဆုံနေတဲ့ ပွဲစဉ်တွေမပါဝင်ပေမယ့် အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတွေ ပါဝင်နေသေးတာမို့ ဒီပွဲတွေအကြောင်းကို သုံးသပ်သွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ဘိုင်ယန်မြူးနစ် နဲ့ ဒစ်ဆယ်ဒေါ့ဖ် (စနေည၁၁နာရီ)
ဘိုင်ယန်ကတော့ ဒေါ့မွန်ကို အနိုင်ရလိုက်လို့ ချန်ပီယံဆုကို ပိုင်ဆိုင်ဖို့က အရမ်းကို နီးစပ်သွားခဲ့ပြီဖြစ်လို့ ဒီပွဲမှာတောင် လူစာရင်းကို အပြောင်းအလဲလုပ်လာဖွယ် ရှိနေပါတယ်။ ဒစ်ဆယ်ဒေါ့ဖ်ကတော့ တန်းဆင်းဇုန်နားရောက်နေတဲ့ အသင်းတစ်သင်းဖြစ်လို့ အဝေးကွင်းဆို သရေတစ်မှတ်ရအောင်ပဲ ခံကစားတတ်တဲ့ အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီရက်ပိုင်းအတွင်း ပွဲဆက်တွေ များလာနိုင်လို့ လူအင်အားချွေတာကစားမယ့် ဘိုင်ယန်တို့ကပဲ ဂိုးမပြတ်ပဲ အနိုင်ရရုံလေးသာ ကစားသွားနိုင်ပါတယ်။

Photo Credit : Getty Image

မိုချန်ဂလာဘတ် နဲ့ အူယွန်းဘာလင် (တနင်္ဂနွေည၈နာရီ)
ဘွန်ဒစ်လီဂါ ပြန်လည်စတင်လို့ (၃)ပွဲကစားပြီးသွားချိန် မိုချန်တို့ရဲ့ ရလဒ်ပိုင်း အားရစရာမရှိသေးပဲ အနည်းလေးရုန်းကန်လို့နေရပါတယ်။ အူယွန်းကတော့ ပိုဆိုးပါတယ်။ မိန့်ဇ်ကို သရေကျခဲ့တာကလွဲပြီး ရှံးပွဲတွေ ဆက်နေတုန်းပါပဲ။ ဒီလို အနေအထားတွေရှိနေတဲ့ အူယွန်းဘာလင်နဲ့ တွေ့ဆုံချိန်မှာ မိုချန်တို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အမှတ်ပြည့်ရယူထားသင့်ပါတယ်။ မိုချန်အနိုင်သေချာပါတယ်။

Photo Credit : Getty Image

ပါဒါဘွန်း နဲ့ ဒေါ့မွန် (တနင်္ဂနွေနေ့ည၁၀နာရီခွဲ)
ဇယားအောက်ဆုံးက ပါဒါဘွန်းအနေနဲ့ တန်းဆင်းရမယ့်အရေးကနေ အလွတ်ရုန်းဖို့က သိပ်မဖြစ်နိုင်တော့သလို ဒေါ့မွန်ကလည်း ဘိုင်ယန်ရဲ့ခြေချော်မှုကို မျှော်လင့်ဖို့က သိပ်မလွယ်တော့ပါဘူး။ ဒါပေမယ့်လည်း ရှိတဲ့အင်အားတွေ မျှော်မှန်းချက်တွေနဲ့ တိုက်ပွဲဝင်နေကြဦးမှာတော့ သေချာပါတယ်။ ဒေါ့မွန်ဘက်က ဒါဟွတ်နဲ့ဟာလန်းတို့ ဒဏ်ရာရသွားလို့ ဒီပွဲကို လွဲချော်ရဖို့ရှိနေပေမယ့် ပါဒါဘွန်းကိုတော့ အနိုင်ယူနိုင်တဲ့ အင်အားမျိုးကို ပိုင်ဆိုင်နေသေးတာမို့ ဒီပွဲမှာ ဒေါ့မွန်ပြန်လာနိုင်ပါမယ်။

Photo Credit : Getty Image

ကိုလုံး နဲ့ လိုက်ပ်ဇစ် (တနင်းလာနေ့ည၁နာရီ)
ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာ ကိုလုံးတော့ ခြေစွမ်းပိုင်း ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ မနေ့ညက လေဗာကူဆင် ဖရိုင်းဘတ်ကို အနိုင်ရလိုက်လို့ အဆင့်(၄)နေရာကို ယာယီဆင်းပေးခဲ့ရတဲ့ လိုက်ပ်ဇစ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲတိုင်းက အရေးကြီးနေသလို ခြေချော်လို့လည်း မဖြစ်တော့ပါဘူး။ ကိုလုံးကလည်း ခြေကျနေပေမယ့် နောက်ဆုံးအိမ်ကွင်း(၅)ပွဲမှာ (၁)ပွဲပဲ ရှံးထားတာက လိုက်ပ်ဇစ်အတွက် အကျပ်ရိုက်စေနိုင်ပါတယ်။ ကစားရခက်နိုင်ပေမယ့် ဧည့်သည်တို့ ကပ်အနိုင်ရဖွယ်ရှိနေပါတယ်။