ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ရဲ့ ပုံရိပ်၊ အထူးသဖြင့်တော့ သူ့ရဲ့ ဆံပင်ကို အလွန် တန်ဖိုးထားတဲ့ သူ ဖြစ်ပြီး တစ်ခါတစ်လေမှာ ဘောလုံး ပွဲ ကစားလို့ ပထမပိုင်း ပြီးတဲ့ အချိန်မှာ ဒုတိယပိုင်း မစခင် (၁၅) မိနစ်ကြာ နားနေချိန်အတွင်း သူ့ရဲ့ ဆံပင်ကို ပုံစံမပျက်အောင် ပြင်လေ့ရှိတတ်ပါတယ်။ ပေါ်တူဂီ ကြယ်ပွင့် ရော်နယ်ဒိုဟာ သူ့ရဲ့ဆံပင်ကို တန်ဖိုးထားတာကြောင့် ကမ္ဘာကျော်နာမည်ရ ဆံပင်ညှပ်ဆရာတွေနဲ့သာ ဆံပင်ညှပ်လေ့ ရှိပေမဲ့လည်း ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် သီးသန့်နေရတဲ့ အချိန်မှာတော့ ချစ်ဇနီး ဂျော်ဂျီနာရဲ့ ဆံပင်ညှပ်ပေးမှုကို ကြည်ဖြူစွာ နာခံသွားပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လက သူရဲ့ မိခင် ဦးနှောက်သွေးကြော ပြတ်တာကြောင့် အီတလီနိုင်ငံကနေ ပေါ်တူဂီနိုင်ငံက သူ့ရဲ့ နေရပ် မက်ဒီးရာမြို့ကို ပြန်သွားပြီး အီတလီနိုင်ငံကို ပြန်မသွားခင် အီတလီနိုင်ငံမှာ ကိုရိုနာ ဖြစ်တာကြောင့် ပေါ်တူဂီနိုင်ငံမှာ ဆက်နေခဲ့ရပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိမှာတော့ ပေါ်တူဂီနိုင်ငံ၊ သူ့ရဲ့ နေရပ် မက်ဒီးရာမြို့က သူ့ရဲ့ စံအိမ်ကြီးမှာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ အတူ သီးသန့် နေထိုင်လျက် ရှိပြီး သူ့ရဲ့ စံအိမ်ထဲမှာ ရိုက်ထားတဲ့ ပုံ နဲ့ ဗီဒီယိုတွေကို တင်လေ့ ရှိတာကြောင့် ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဝေဖန်ခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သီးသန့် နေထိုင်တဲ့ အချိန်မှာ ပုံ နဲ့ ဗီဒီယိုတွေကို တင်တဲ့ အတွက်ကြောင့် အချို့ ကစားသမားဟောင်းတွေရဲ့ ဝေဖန်မှုကို ခံခဲ့ရတာ ဖြစ်ပေမဲ့ မမူဘဲ အခုလည်း သူ့ရဲ့ ချစ်ဇနီးက ဆံပင်ညှပ်ပေးနေတဲ့ ဗီဒီယိုဖိုင်ကို သူ့ရဲ့ တွစ်တာမှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ သူ့ရဲ့ ဇနီးက ဆံပင်ညှပ်ပေးနေတဲ့ ဗီဒီယိုကို တင်တဲ့ အချိန်မှာ သူက “အိမ်မှာပဲ နေကြပါ။ နောက်ပြီး စတိုင်ကျကျနေကြပါ”လို့ တွဲရေးထားပြီး သူ နဲ့ သူ့ရဲ့ ဇနီးသည်ကြားက သူတို့ရဲ့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို သူ့ရဲ့ ပရိသတ်တွေအတွက် ချပြသွားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ လက်ရှိ တွဲနေတဲ့ ချစ်သူ ဂျော်ဂျီနာနဲ့ လက်မထပ်ရသေးပေမဲ့လည်း ကလေးတွေ ယူခဲ့ကြပြီး နှစ်ယောက်သား သာယာတဲ့ မိသားစု တစ်ခုကို ပိုင်ဆိုင်နေကြလျက် ရှိနေပါတယ်။