အီတလီစီးရီးအေကလပ် ဂျီနိုအာအသင်းရဲ့ နည်းပြသ်စတစ်ဦး ဖြစ်လာခဲ့တဲ့ ယူကရိန်း ဂန္တဝင်ကစားသမားဟောင်းကြီး ရှက်ဗ်ချန်ကိုက ဂျီနီုအာအသင်းကို အင်အားတောင့်တင်းလာစေဖို့အတွက် လာမယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့့စျေးကွက်အတွင်းမှာပဲ ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ခရစ္စတီယန်ပူလီဆစ်အပြင် သူနဲ့ ယူကရိန်း တစ်နိုင်ငံတည်းသားဖြစ်တဲ့ မန်စီးတီး နောက်ခံအစွန်လူ ဇင်ချန်ကိုတို့ကို အငှားစာချုပ်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : The Sun

ဂျီနိုအာအသင်းဟာ ပြီးခဲ့တဲ့သောကြာနေ့က အမ်ပိုလီအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်း တစ်ဖက်ကို(၂)ဂိုးစီ သရေကျပြီးနောက်မှာ အသင်းနည်းပြ ဘယ်လ်လာဒီနီကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ကာ သူရဲ့နေရာမှာ ရှက်ဗ်ချင်ကိုနဲ့ ပြန်လည်အစားထိုးခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်မှူးဟောင်းကြီး ရှက်ဗ်ချင်ကိုဟာ အေစီမီလန်အသင်းနဲ့အတူ စီးရီးအေပြိုင်ပွဲအတွင်း အချိန်အတော်ကြာ ကျင်လည်ခဲ့ဖူးသူ ဖြစ်သလို ယူကရိန်းလက်ရွေးစင်အသင်းကိုပါ နည်းပြအဖြစ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း အသင်းကို ကွာတားဖိုင်နယ် အဆင့်ထိကိုပါ ပို့ဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ဒီလို နည်းပြစွမ်းဆောင်ရည်ကောင်းတွေ ပိုင်ဆိုင်နေတဲ့ ရှက်ဗ်ချင်ကိုကို ဂျီနိုအာအသင်းကနေ ၂၀၂၄ခုနှစ်အထိ သက်တမး်ရှိတဲ့ စာချုပ်ချုပ်ဆိုခဲ့သလို တစ်နှစ်လုပ်ခလစာအဖြစ် ပေါင်(၁.၇)သန်း ပေးချေသွားမှာ ဖြစ်ပါယ်။ အသက်(၄၅)နှစ်အရွှယ်ရှိ ရှက်ဗ်ချင်ကိုဟာ ကစားသမားဘဝတုန်းက မီလန်အသင်းနဲ့ Ballon d’Or ဆုကိုပါ ပိုင်ဆိုင်ထားခဲ့သူဖြစ်ပြီး ယူကရိန်းလက်ရွေးစင်အသင်းကို ကိုင်တွယ်ချိန်မှာလည်း အသင်းကို ကွာတားအဆင့်ထိတောင် ပို့ဆောင်နိုင်ခဲ့ပါတယ်။ ရှက်ဗ်ချန်ကိုဟာ လက်ရှိ ဂျီနိုအာအသင်းရဲ့ နည်းပြသစ် ဖြစ်လာချိန်မှာ သူရဲ့ယူကရိန်းကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံအစွန်လူ ဇင်ချန်ကိုနဲ့ ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာပြသာနာတွေကြောင့် ပုံမှန်နေရာရဖို့ ခက်ခဲနေတဲ့ အမေရိကန် တောင်ပံကစားသမား ပူလီဆစ်တို့ကို အသင်းဆီ ခေါ်ဆောင်ချင်နေပြီး အငှားစာချုပ်လောက်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ရှက်ဗ်ချန်ကိုရဲ့ ဂျီနိုအာအသင်းဟာ ဒီရာသီ စီးရီးအေမှာ နိုင်ပွဲ(၁)ပွဲလေးသာ ရထားသေးပြီး အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာ တန်းဆင်းဇုန်နဲ့ အမှတ်ကပ်လျက်လေး ရပ်တည်နေကာ လာမယ့်ပွဲစဉ်မှာလည်း မော်ရင်ဟိုရဲ့ ရိုးမားအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။