နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ လာမယ့် နှစ်ပတ်အတွင်း လာလီဂါ အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ် ကစားရမှာ ဖြစ်တာကြောင့် အသင်းသားတွေကို သတိပေးပြီး သြဝါဒချွေသွားလိုက်တာ ဖြစ်ပါတယ်။ နည်းပြ ဂတ်တူဆိုက နာပိုလီအသင်းအနေနဲ့ ဘာစီလိုနာအသင်း ခြေစွမ်းကျနေတယ်လို့ ထင်ပြီး ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ကစားသွားမယ် ဆိုရင် ဆေးရုံ ဒါမှမဟုတ် သုဿန်ကို သွားရလိမ့်မယ်လို့ အသင်းသားတွေကို ပြောပြခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ (၁-၁) သရေ ကျသွားခဲ့တာကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အခွင့်အရေး (၅၀) ရာခိုင်နှုန်းစီ ရှိပါတယ်။ နာပိုလီအသင်းဟာ အသင်းရဲ့ သမိုင်းမှာ ချန်ပီယံလိဂ် ကွတား ဖိုင်နယ် ပွဲစဉ်ကို အရင်က တစ်ကြိမ်မှ မတက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး နည်းပြ ဂတ်တူဆိုကတော့ ကွာတား ဖိုင်နယ် တက်ရောက်ချင်ရင် ဘာစီလိုနာအသင်းကို လျှော့တွက်လို့ မရဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Marca

နည်းပြ ဂတ်တူဆိုက “ကျွန်တော် အသင်းသားတွေကို အဆင့်ထပ်မြင့်ကြဖို့ ပြောပါတယ်။ ဘာလို့လဲဆိုရင် နှစ်ပတ်အတွင်းမှာ ကျွန်တော်တို့က နာပိုလီအသင်းရဲ့ သမိုင်း စာအုပ်ထဲ ဝင်သွားရတော့မှာ ဖြစ်လို့ပါပဲ။ ကျွန်တော်တို့ အရင်က ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ကို တစ်ကြိမ်မှ မရောက်နိုင်ခဲ့ပါဘူး။ အာဆူအိုလိုအသင်းနဲ့ ပွဲစဉ်မှာ မှန်ကန်စွာ ကစားခဲ့ကြတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းမှာ မက်ဆီ ရှိပါတယ်။ မက်ဆီဟာ ဘောလုံးကို ရယူနိုင်ပြီး ကစားသမား (၁၀) ယောက်ကို ကျော်နိုင်ပါတယ်။ နောက်ပြီး လူ (၇) ယောက်ကြားထဲမှာ ဘောလုံးပေးပို့နိုင်တယ်။ တကယ်လို့ ဘာစီလိုနာအသင်း ခြေစွမ်းကျနေတယ်လို့ ထင်ပြီး ကစားမယ် ဆိုရင် ဆေးရုံ ဒါမှမဟုတ် သုသာန် သွားရလိမ့်မယ်”လို့ အသင်းသားတွေကို သတိပေး ပြောသွားခဲ့ပါတယ်။