မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန် ကစားသမားဟောင်း ဂယ်ရနဖီးလ်က လက်ရှိ မန်ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့သူ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သတ်ပြီး လီဗာပူးလ် ကစားသမားဟောင်း ဂျင်မီကာရေဂါက ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာသွားသင့်တယ်ဆိုတဲ့ မှတ်ချက်စကားမျိုး ပြောဆိုခဲ့ဖူးတယ်လို့ ပြန်လည် ဖောက်သည်ချသွားခဲ့ပါတယ်။

Gary Neville trolls Jamie Carragher over Marcus Rashford Man Utd comment he  will regret | Football | Sport | Express.co.uk

Photo Credit : Daily Express

ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်မှာ (၄)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့ရချိန် သူရဲ့ အနာဂတ်ပါ မတည်ငြိမ်တော့ပဲ ပီအက်စ်ဂျီအသင်းနဲ့ပါ သတင်းတွေ ထွက်လာခဲ့သလို အဲ့ဒီအချိန်မှာလည်း ကာရေဂါက ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်ဆိုပြီး မှတ်ချက်စကား ဆိုခဲ့ပါသေးတယ်။ ဒီလို ပြောဆိုခဲ့တာနဲ့ ပတ်သတ်ပြီး နဖီးလ်က “ဂျင်မီကာရေဂါလို့ခေါ်တဲ့ pundit တစ်ယောက် ရှိခဲ့ဖူးတယ်။ သူက မားကပ်စ်ရပ်ရှ်ဖို့ဒ်အနေနဲ့ သူရဲ့ ကစားသမားဘဝကို ရှေ့ဆက်နိုင်ဖို့အတွက် မန်ယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်ဆိုပြီး Monday Night Football မှာ ပြောခဲ့ဖူးပါတယ်”

Neville Wasn't Happy With Carragher's Comments About Marcus Rashford |  Balls.ie

Photo Credit : Balls

“အဲ့ဒီအချိန်တုန်းက ကျွန်တော် သူနဲ့ သဘောမတူခဲ့ပါဘူး။ ကျွန်တော်လည်း အမြဲတမ်း မမှန်နိုင်ဘူး ဆိုပေမဲ့ သူ မှားသွားတဲ့အခါမျိုးမှာလည်း သူ့အနေနဲ့ ပြန်ပြီး အားပေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်ကတော့ သူ မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာသင့်တယ်လို့ မထင်ခဲ့ပေမဲ့ လူတွေ ဘာကြောင့် ဒီလို တွေးနေကြတာလဲဆိုတာကို သိနိုင်ပါတယ်။ ပြည်တွင်း ကစားသမားတစ်ဦးအနေနဲ့ သူ့ဆီ ရောက်လာတဲ့ ပြည်တွင်းဖိအားတွေနဲ့ အရမ်းများနေသလို ခံစားနေမိရတယ်။ သူက ကွင်းအတွင်း စွမ်းဆောင်ရည်တွေ ယုံကြည်ချက်တွေ ကျဆင်းနေရချိန်မှာ လူမှုရေး လုပ်ငန်းတွေမှာတော့ ကြီးမားတဲ့ အောင်မြင်မှုတွေနဲ့ ဖြတ်သန်းနေခဲ့တယ်” လို့ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Twitter

ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ရာသီလုံး စုစုပေါင်း သွင်းဂိုး (၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမဲ့ အခုရာသီမှာတော့ ပြိုင်ပွဲစုံ (၃၆)ပွဲအတွင်း (၂၄)ဂိုးအထိ သွင်းယူထားနိုင်ပြီး ကစားသမားဘဝတစ်လျှောက် တစ်ရာသီအတွင်း အမြင့်မားဆုံး ဂိုးအရေအတွက်အထိ ရောက်ရှိနေရတာလည်း ဖြစ်ပါတယ်။