မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ဂႏၱဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂယ္ရီနဗီးလ္ကေတာ့ သူ႔ရဲ႕အသင္းေဟာင္းျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ခါးသီးၿပိဳင္ဘက္လီဗာပူးလ္အသင္းထက္ အရင္ဆံုးဖလားရလိမ့္မယ္လို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။ လီဗာပူးလ္အသင္းဟာ လက္႐ွိရာသီမွာ ပရီးမီးယားလိဂ္ဖလားကိုဆြတ္ခူးႏိုင္ဖို႔အတြက္ မန္ခ်က္စတာစီးတီးအသင္းနဲ႔အၿပိဳင္ ေရပန္းစားေနတဲ့အသင္းျဖစ္ၿပီး လတ္တေလာမွာလည္း ခ်ယ္လ္ဆီးအသင္းကိုအႏုိင္ယူကာ ဥေရာပစူပါဖလားကို အရယူထားႏိုင္တဲ့အသင္းတစ္သင္းပါ။

Photo Credit: Mirror.com

မန္ခ်က္စတာယူႏိုက္တက္အသင္းေရာ လီဗာပူးလ္အသင္းေရာဟာ ပရီးမီးယားလိဂ္ဖလားနဲ႔ေဝးကြာေနတာ အခ်ိန္အနည္းငယ္ၾကာၿပီျဖစ္ၿပီး လီဗာပူးလ္အသင္းဟာ ၁၉၉၀ျပည့္ႏွစ္ေနာက္ပိုင္းမွာ လိဂ္ဖလားကိုရယူႏိုင္ျခင္းမ႐ွိေတာ့ပဲ ႏွစ္အားျဖင့္ဆိုရင္ေတာ့ ၂၉ႏွစ္ဆိုတဲ့ ပမာဏကိုေရာက္႐ွိေနတာလည္း ျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ အသင္းရဲ႕ဂႏၱဝင္နည္းျပ ဖာဂူဆန္ထြက္ခြာသြားၿပီးေနာက္ပိုင္းမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရ႐ွိႏိုင္ဖို႔အတြက္ မနီးစပ္ခဲ့ပဲ ပရီးမီးယားလိဂ္ဖလားနဲ႔ကင္းကြာေနတာဟာ ၆ႏွစ္တိတိ႐ွိေနခဲ့ပါၿပီ။

Photo Credit: Mirror.com

လီဗာပူးလ္အသင္းဟာ လက္႐ွိအခ်ိန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းထက္ ပိုမိုေကာင္းမြန္တဲ့အစုအဖြဲ႔ ၊ ပုိမိုေကာင္းမြန္တဲ့ေျခစြမ္းေတြကို ပိုင္ဆိုင္ထားတဲ့အသင္းျဖစ္ေပမယ့္ ဂယ္ရီနဗီးလ္ကေတာ့ ” ကြၽန္ေတာ္အာမခံႏို္င္တဲ့ အရာတစ္ခုကေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္ဖလားကို ျပန္လည္ဆြတ္ခူးႏိုင္ဦးမွာပါ။ ကြၽန္ေတာ့္အျမင္မွာေတာ့ ယူႏိုက္တက္အသင္းဟာ လီဗာပူးလ္အသင္းထက္ေတာင္ ေစာၿပီးေတာ့ ပရီးမီးယားလိဂ္ဖလားကိုရ႐ွိႏိုင္မယ္လို႔ ထင္ပါတယ္။ ဒါက လီဗာပူးလ္အသင္းကို မေလးစားတာေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ယူႏိုက္တက္အသင္းက က်ိန္းေသေပါက္ လီဗာပူးလ္ထက္အရင္ဖလားရမွာပါ ” လို႔ ေဟာကိန္းထုတ္သြားခဲ့ပါတယ္။

Photo Credit: Mirror.com

ဆက္လက္ၿပီး ဂယ္ရီနဗီးလ္က ယူႏိုက္တက္အသင္း လက္႐ွိျဖစ္ပ်က္ေနတဲ့အေနအထားေတြနဲ႔ပတ္သတ္ၿပီး ” ဒီအပိုင္းက ကြၽန္ေတာ္နဲ႔မဆိုင္ေပမယ့္ ကြၽန္ေတာ္ဟာ ေ႐ွာင္ေျပးမေနခ်င္ပါဘူး။ အခု ယူႏိုက္တက္ျဖစ္ပ်က္ေနတဲ့ အေျခအေနမ်ိဳးကုိ လီဗာပူးလ္ ၊ မန္စီးတီး ၊ စပါးအသင္းတို႔က လြန္ခဲ့တဲ့ ႏွစ္၂၀ ၊ ၃၀ေလာက္က ၾကံဳေတြ႔ခဲ့ၿပီးပါၿပီ။ ဒါေတြဟာ ေ႐ွာင္လႊဲလို႔မရတဲ့အေနအထားတစ္ရပ္ပါ။ ဒါ့ေၾကာင့္ ယူႏိုက္တက္ဟာ ဒါကိုၾကံဳကိုၾကံဳရမွာပါပဲ။ လက္႐ွိအခ်ိန္မွာေတာ့ သူတို႔ဟာ မွန္ကန္တဲ့လမ္းစတစ္ခုကို ျပန္ေရာက္ေနၿပီလို႔ထင္ပါတယ္။ ေကာင္းမြန္တဲ့နည္းစနစ္တစ္ခု ၊ ေကာင္းမြန္တဲ့လူငယ္အစုအဖြဲ႔ေတြနဲ႔အတူ ေကာင္းမြန္တဲ့နည္းျပတစ္ဦးလည္း ႐ွိဖို႔လိုအပ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အဆိုပါနည္းျပက ဆိုးလ္႐ွားျဖစ္လာဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ ဖြင့္ဟသြားခဲ့ပါတယ္။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ခါးသီးပြိုင်ဘက်လီဗာပူးလ်အသင်းထက် အရင်ဆုံးဖလားရလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ဖလားကိုဆွတ်ခူးနိုင်ဖို့အတွက် မန်ချက်စတာစီးတီးအသင်းနဲ့အပြိုင် ရေပန်းစားနေတဲ့အသင်းဖြစ်ပြီး လတ်တလောမှာလည်း ချယ်လ်ဆီးအသင်းကိုအနိုင်ယူကာ ဥရောပစူပါဖလားကို အရယူထားနိုင်တဲ့အသင်းတစ်သင်းပါ။

Photo Credit: Mirror.com

မန်ချက်စတာယူနိုက်တက်အသင်းရော လီဗာပူးလ်အသင်းရောဟာ ပရီးမီးယားလိဂ်ဖလားနဲ့ဝေးကွာနေတာ အချိန်အနည်းငယ်ကြာပြီဖြစ်ပြီး လီဗာပူးလ်အသင်းဟာ ၁၉၉၀ပြည့်နှစ်နောက်ပိုင်းမှာ လိဂ်ဖလားကိုရယူနိုင်ခြင်းမရှိတော့ပဲ နှစ်အားဖြင့်ဆိုရင်တော့ ၂၉နှစ်ဆိုတဲ့ ပမာဏကိုရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းရဲ့ဂန္တဝင်နည်းပြ ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိနိုင်ဖို့အတွက် မနီးစပ်ခဲ့ပဲ ပရီးမီးယားလိဂ်ဖလားနဲ့ကင်းကွာနေတာဟာ ၆နှစ်တိတိရှိနေခဲ့ပါပြီ။

Photo Credit: Mirror.com

လီဗာပူးလ်အသင်းဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းထက် ပိုမိုကောင်းမွန်တဲ့အစုအဖွဲ့ ၊ ပိုမိုကောင်းမွန်တဲ့ခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပေမယ့် ဂယ်ရီနဗီးလ်ကတော့ ” ကျွန်တော်အာမခံနို်င်တဲ့ အရာတစ်ခုကတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဦးမှာပါ။ ကျွန်တော့်အမြင်မှာတော့ ယူနိုက်တက်အသင်းဟာ လီဗာပူးလ်အသင်းထက်တောင် စောပြီးတော့ ပရီးမီးယားလိဂ်ဖလားကိုရရှိနိုင်မယ်လို့ ထင်ပါတယ်။ ဒါက လီဗာပူးလ်အသင်းကို မလေးစားတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ယူနိုက်တက်အသင်းက ကျိန်းသေပေါက် လီဗာပူးလ်ထက်အရင်ဖလားရမှာပါ ” လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဆက်လက်ပြီး ဂယ်ရီနဗီးလ်က ယူနိုက်တက်အသင်း လက်ရှိဖြစ်ပျက်နေတဲ့အနေအထားတွေနဲ့ပတ်သတ်ပြီး ” ဒီအပိုင်းက ကျွန်တော်နဲ့မဆိုင်ပေမယ့် ကျွန်တော်ဟာ ရှောင်ပြေးမနေချင်ပါဘူး။ အခု ယူနိုက်တက်ဖြစ်ပျက်နေတဲ့ အခြေအနေမျိုးကို လီဗာပူးလ် ၊ မန်စီးတီး ၊ စပါးအသင်းတို့က လွန်ခဲ့တဲ့ နှစ်၂၀ ၊ ၃၀လောက်က ကြုံတွေ့ခဲ့ပြီးပါပြီ။ ဒါတွေဟာ ရှောင်လွှဲလို့မရတဲ့အနေအထားတစ်ရပ်ပါ။ ဒါ့ကြောင့် ယူနိုက်တက်ဟာ ဒါကိုကြံုကိုကြံုရမှာပါပဲ။ လက်ရှိအချိန်မှာတော့ သူတို့ဟာ မှန်ကန်တဲ့လမ်းစတစ်ခုကို ပြန်ရောက်နေပြီလို့ထင်ပါတယ်။ ကောင်းမွန်တဲ့နည်းစနစ်တစ်ခု ၊ ကောင်းမွန်တဲ့လူငယ်အစုအဖွဲ့တွေနဲ့အတူ ကောင်းမွန်တဲ့နည်းပြတစ်ဦးလည်း ရှိဖို့လိုအပ်ပါတယ်။ ကျွန်တော်ကတော့ အဆိုပါနည်းပြက ဆိုးလ်ရှားဖြစ်လာဖို့ မျှော်လင့်ပါတယ် ” လို့ ဖွင့်ဟသွားခဲ့ပါတယ်။