မန်ယူအသင်းရဲ့ ညာနောက်ခံ ကစားသမားဟောင်း နဗီးလ်ကတော့ လက်ရှိ မန်ယူအသင်းရဲ့ ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကို လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးလ်နဲ့ နှိုင်းယှဉ်သွားခဲ့ပြီး ဝမ်ဘစ်ဆာကာက အာနိုးလ်ထက် ပို ကောင်းပါတယ်လို့ အင်စတာဂရမ်မှာ ပြောခဲ့ပါတယ်။ ဝမ်ဘစ်ဆာကာ နဲ့ အာနိုးလ်တို့ဟာ နေရာတူ ညာနောက်ခံ နေရာမှာ ကစားနေကြတာကြောင့် နိုင်ငံ့ လက်ရွေးစင် အင်္ဂလန်အသင်းမှာ နေရာရဖို့ ပြိုင်ဆိုင်လာကြရဖွယ် ရှိပြီး ညာနောက်ခံလူ ဝမ်ဘစ်ဆာကာကတော့ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ မကစားရသေးတာ ဖြစ်ပါတယ်။

Photo Credit: MEN

နောက်ခံလူ ဝမ်ဆစ်ဆာကာဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် ကစားဖို့ ရွေးချယ်ခံခဲ့ရပေမဲ့လည်း ဒဏ်ရာကြောင့် ပြန်လည် နှုတ်ထွက်ခဲ့ရပြီး လက်ရှိမှာတော့ နောက်ခံလူ အာနိုးလ်က အင်္ဂလန်အသင်းအတွက် ညာနောက်ခံနေရာမှာ ကစားနေရပါတယ်။ ဝမ်ဘစ်ဆာကာဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက် တစ်ပွဲမှ ကစားရသေးပေမဲ့လည်း ခရစ်စတယ် ပဲလေ့စ်အသင်းကနေ မန်ယူအသင်းကို ရောက်လာပြီးနောက် ခြေစွမ်းပြနိုင်ခဲ့ပြီး နဗီးလ်ကတော့ ဝမ်ဆစ်ဘာကာက အာနိုးလ်ထက် ပို ကောင်းပါတယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: MEN

နဗီးလ်က “လက်ရှိ အခုအချိန်မှာတော့ အာရွန် ဝမ် ဘစ်ဆာကာက ပိုကောင်းတဲ့ နောက်ခံလူ တစ်ယောက်ပါ။ ဒါပေမဲ့ အာနိုးလ်ကတော့ တိုးတတ်နေဆဲ ဖြစ်ပါတယ်။ အာနိုးလ်လို လူမျိုုးကို ကာဖူး နောက်ပိုင်း တစ်ခါမှ မဖြင်ခဲ့ရတော့ပါဘူး။ ဒီတော့ အာနိုးလ်က ဒီအပိုင်းမှာ ပိုပြီးတော့ အသာရနေပါတယ်။ ဒါပေမဲ့ ဝမ်ဘစ်ဆာကာက တကယ် အသားကျနေပြီ ဖြစ်ပြီး ရှေ့လာမယ့် နှစ်တွေမှာ အရေးကြီးတဲ့ ကစားသမား ဖြစ်လာနိုင်ပါတယ်”လို့ ပြောကြားသွားတာ ဖြစ်ပါတယ်။ နောက်ခံလူ အာနိုးလ်ကတော့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်ကနေ လက်ရှိ အချိန်အထိ ကစားလာခဲ့ပြီး အင်္ဂလန် လက်ရွေးစင် အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၉) ပွဲ ကစားထာရာမှာ သွင်းဂိုး (၁) ဂိုး သွင်းယူူခဲ့ပြီး လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ရရှိခဲ့ပါတယ်။