တစ်ချိန်က ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဂယ်ရီ လိုင်နီကာကတော့ လီဗာပူးလ်အသင်း အနေနဲ့ ရှုံးပွဲ ကြုံနေရတာဟာ ဝါရင့် ကွင်းလယ်လူ ဟန်ဒါဆန် မပါတာကြောင့် ဖြစ်ပါတယ်လို့ ပြောခဲ့ပြီး ကစားသမားရဲ့ အရေးပါမှုကို ပွဲထွက်မကစားမှ သိရတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ ဟန်ဒါဆန်ဟာ အက်သလက်တီကိုအသင်းကို (၁)ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ လူစားလဲခံရပြီး ကွင်းထဲက ထွက်လာစဉ်ကတည်းက လီဗာပူးလ်အသင်းအတွက် မကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Liverpoolecho

လီဗာပူးလ်အသင်းဟာ နိုင်ပွဲတွေ ဆက်လာခဲ့ပေမဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့်မှာ လာလီဂါ ကလပ် အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ခဲ့စဉ်ကတည်းက (၁) ပွဲပဲ အနိုင်ရခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄) ပွဲမှာတော့ (၃) ပွဲအထိတောင် ဂိုးပြတ် အရေးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဝါရင့် ကွင်းလယ်လူ ဟန်ဒါဆန် မပါတဲ့ နောက်ဆုံး ပွဲစဉ် (၃) ပွဲမှာတင် (၂) ပွဲ အရေးနိမ့်ခဲ့ပြီး ဂယ်ရီ လိုင်နီကာကတော့ ဟန်ဒါဆန် မပါတာကြောင့် လီဗာပူးလ်အသင်း အနေနဲ့ ရှုံးပွဲ ကြုံနေရတယ်လို့ သူ့ရဲ့ တွစ်တာ အကောင့်မှာ ရေးသား ဖော်ပြသွားလိုက်ပါတယ်။

Photo Credit: Liverpoolecho

ဂယ်ရီ လိုင်နီကာက “ဟန်ဒါဆန် အနေနဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး ကစားသမားဆု ရရှိနိုင်တဲ့ အခွင့်အရေး ရှိပေမဲ့ သူ့ရဲ့ ဒဏ်ရာကြောင့် မရနိုင်ချေ များနေပါပြီ။ တစ်ခါတစ်လေမှာ ကစားသမား တစ်ဦးရဲ့ အသင်းအတွက် အရေးပါးမှုကို သူ ပွဲထွက် မကစားနိုင်တဲ့ အချိန်မှသာ သိရနိုင်ပါတယ်”လို့ သူ့ရဲ့ တရားဝင် တွစ်တာ အကောင့်မှာ ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ်မှာလည်းပဲ ချဲလ်ဆီးအသင်းကို (၂-ဝ) နဲ့ အရေးနိမ့်ခဲ့ပြီး လာမယ့် ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပြီး စနေနေ့ညမှာ ဘုန်မောက်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။