ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပွဲချိန် (၇)မိနစ်လေးသာ ပါဝင်ကစားထားရပေမယ့်လည်း အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးရယူနိုင်ခဲ့တဲ့အတွက် အခုဆိုရင် ကစားသမားဘဝအတွင်း သူဆွတ်ခူးခဲ့တဲ့ ချန်ပီယံဖလား အရေအတွက်ဟာ (၅)ခုထိ ရှိလာခဲ့ရပြီဖြစ်ပြီး ရီးယဲလ်ကစားသမားဟောင်း ခရစ္စတီယာနိုရော်နယ်ဒို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ဖလား အရေအတွက်နဲ့ပင် တူညီသွားခဲ့ရပြီ ဖြစ်ပါတယ်။

Gareth Bale posed with his fifth Champions League trophy

Photo Credit : The Sun

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် ကစားသမား ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ကလပ် ရီးယဲလ်အသင်းအတွက် ပါဝင်ကစားခွင့်တွေ အနည်းငယ်လေးသာ ရရှိခဲ့ပေမယ့်လည်း အသင်းနဲ့အတူ စပိန်လာလီဂါဖလားအပြင် မနေ့ညကလည်း ဥရောပ ချန်ပီယံလိဂ်ဖလားကိုပါ ပူးတွဲပိုင်ဆိုင်ခဲ့ရပါတယ်။ ဘေးလ်ဟာ လီဗာပူးလ်နဲ့ပွဲစဉ်မှာ ရီးယဲလ်ရဲ့ အရန်လူစာရင်းထဲ ပါဝင်လာခဲ့ပေမယ့် ပါဝင်ကစားခွင့်မရပဲ အသင် နိုင်ပွဲရခဲ့လို့ သူ့အတွက် (၅)ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခွင့်ရသွားခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် ဘေးလ်ဟာ သူရဲ့ရီးယဲလ်အသင်းဖော်ဟောင်း ရော်နယ်လ်ဒို ပိုင်ဆိုင်ထားခဲ့ဖူးတဲ့ ချန်ပီယံလိဂ်ဖလား အရေအတွက်နဲ့ပါ တူညီသွားခဲ့ရပြီ ဖြစ်ပါတယ်။

Bale embraces Uefa president Aleksander Ceferin after Real's win

Photo Credit : The Sun

အရင်ကတည်းက ဒဏ်ရာပြသာနာတွေနဲ့ လုံးပန်းနေရတဲ့ ဘေးလ်ဟာ ဒီရာသီမှာလည်း ခြေသလုံးကြွက်သားဒဏ်ရာ ကျောဒဏ်ရာ ကိုဗစ်ကူးစက်မှုတွေနဲ့အတူ တစ်ရာသီထဲ (၇)ပွဲသာ ပါဝင်ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း (၃)မိနစ်တစ်ပွဲ (၄)မိနစ်တစ်ပွဲ စုစုပေါင်း (၇)မိနစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ဘေးလ်ဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ်ဖလားကြီး ပိုင်ဆိုင်ခဲ့ရတာကြောင့် ၂၀၁၄ ၂၀၁၆ ၂၀၁၇ ၂၀၁၂၈နဲ့ ၂၀၂၂ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်ထိ ပိုင်ဆိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ရပါတယ်။ ဘေးလ်လိုပဲ ရီးယဲလ်ကစားသမားတွေဖြစ်တဲ့ ဘန်ဇီမာ မာဆယ်လို ကာဗာဟယ် ဗက်ဇ်ကေးတို့ဟာလည်း ချန်ပီယံလိဂ်ဆုဖလားကို (၅)ကြိမ်ထိ ပိုင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာတော့ ဂါရတ်ဘေးလ်ဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးရတော့မှာဖြစ်ပြီး free agent ကစားသမားတစ်ဦး ဖြစ်လာတော့မှာ ဆိုပေမယ့် အသင်းသစ်တစ်သင်း ရှာဖွေသွားဖို့ထက် သူရဲ့ဘောလုံးသမားဘဝကိုသာ အဆုံးသတ်လိုက်ဖို့ အခြေအနေများနေပြီး ဝေးလ်စ်အသင်းသာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲခွင့် မရခဲ့ဘူးဆိုရင် ကစားသမားဘဝကနေ အနားယူသွားဖွယ် ရှိနေပါတယ်။