ဇန္နဝါရီလ အေျပာင္းအေ႐ြ႕ ေဈးကြက္ ပိတ္သိမ္းဖို႔ နီးသထက္ နီးလာေပမဲ့ လီဗာပူးလ္အသင္း နဲ႔ ခ်ဲလ္ဆီးအသင္းကလြဲရင္ က်န္တဲ့ ပရီးမီးယားလိဂ္ ႀကီး (၆) ႀကီးအသင္းေတြက ကစားသမားသစ္ မေခၚယူၾကေသးဘဲ ခ်ိန္႐ြယ္ေနဆဲ ျဖစ္ပါတယ္။ DailyMail သတင္းက ေဖာ္ျပသြားခဲ့တာကေတာ့ ရီးရဲလ္ ၾကယ္ပြင့္ ေဘးလ္ဟာ ရီးရဲလ္ နည္းျပ ဇီဒန္းနဲ႔ ဆက္ဆံေရး ျပန္တင္းမာလာခဲ့တာေၾကာင့္ အသင္းေဟာင္း စပါးအသင္းဆီကို ျပန္သြားႏိုင္ေခ် ရွိေနတယ္လို႔ ခိုင္မာစြာ ေဖာ္ျပလိုက္ပါတယ္။

Photo Credit: DailyMail

နည္းျပ ဇီဒန္းဟာ ရီးရဲလ္အသင္းကို ပထမအႀကိမ္နည္းျပခဲစဥ္က ေဘးလ္နဲ႔ အဆင္မေျပ ျဖစ္ခဲ့ၿပီး အသင္းက ထြက္သြားခဲ့သလို ရီးရဲလ္အသင္းကို ဒုတိယအႀကိမ္ ျပန္လည္ နည္းျပတဲ့ အခ်ိန္မွာ ေဘးလ္နဲ႔ ဆက္ဆံေရး တင္းမာလာျပန္ပါတယ္။ နည္းျပ ဇီဒန္းဟာ ဆီဗီလာအသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ ေဘးလ္ကို အသုံးမျပဳဘဲ အသင္းစာရင္းကေန ခ်န္ထားခဲ့ၿပီး ဘာလို႔ အသင္းစာရင္းကေန ေဘးလ္ကို ခ်န္ထားခဲ့ရတာလဲ၊ ဘာလို႔ အသုံးမျပဳရတာလဲ ဆိုတာကို မသိရတာပဲ ျဖစ္ပါတယ္။

Photo Credit: DailyMail

ေဘးလ္ဟာ ဆီဗီလာအသင္းနဲ႔ ကစားမယ့္ ပြဲစဥ္ မတိုင္ခင္ ေလ့က်င့္ေရး အျပည့္ ဆင္းခဲ့သလို ဒဏ္ရာျပႆနာလည္း မရွိေပမဲ့လည္း ဆီဗီလာအသင္းနဲ႔ ကစားတဲ့ ပြဲစဥ္မွာ မပါဝင္ခဲ့ရတာေၾကာင့္ စိတ္ခုေနလ်က္ ရွိၿပီး အသင္းက ထြက္ခြာႏိုင္ပါတယ္။ ေဘးလ္ရဲ႕ ေအးဂ်င့္က ၿပီးခဲ့တဲ့ လမွာ ေဘးလ္အေနနဲ႔ အသင္းက ထြက္သြားမွာ မဟုတ္ဘူးလို႔ ေျပာခဲ့ေပမဲ့လည္း DailyMail သတင္းက ေဘးလ္အေနနဲ႔ ယခုလ ဇန္နဝါရီလအတြင္းမွာ စပါးအသင္းကို ေရာက္လာႏိုင္တယ္လို႔ ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။

{Unicode}

ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက် ပိတ်သိမ်းဖို့ နီးသထက် နီးလာပေမဲ့ လီဗာပူးလ်အသင်း နဲ့ ချဲလ်ဆီးအသင်းကလွဲရင် ကျန်တဲ့ ပရီးမီးယားလိဂ် ကြီး (၆) ကြီးအသင်းတွေက ကစားသမားသစ် မခေါ်ယူကြသေးဘဲ ချိန်ရွယ်နေဆဲ ဖြစ်ပါတယ်။ DailyMail သတင်းက ဖော်ပြသွားခဲ့တာကတော့ ရီးရဲလ် ကြယ်ပွင့် ဘေးလ်ဟာ ရီးရဲလ် နည်းပြ ဇီဒန်းနဲ့ ဆက်ဆံရေး ပြန်တင်းမာလာခဲ့တာကြောင့် အသင်းဟောင်း စပါးအသင်းဆီကို ပြန်သွားနိုင်ချေ ရှိနေတယ်လို့ ခိုင်မာစွာ ဖော်ပြလိုက်ပါတယ်။

Photo Credit: DailyMail

နည်းပြ ဇီဒန်းဟာ ရီးရဲလ်အသင်းကို ပထမအကြိမ်နည်းပြခဲစဉ်က ဘေးလ်နဲ့ အဆင်မပြေ ဖြစ်ခဲ့ပြီး အသင်းက ထွက်သွားခဲ့သလို ရီးရဲလ်အသင်းကို ဒုတိယအကြိမ် ပြန်လည် နည်းပြတဲ့ အချိန်မှာ ဘေးလ်နဲ့ ဆက်ဆံရေး တင်းမာလာပြန်ပါတယ်။ နည်းပြ ဇီဒန်းဟာ ဆီဗီလာအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဘေးလ်ကို အသုံးမပြုဘဲ အသင်းစာရင်းကနေ ချန်ထားခဲ့ပြီး ဘာလို့ အသင်းစာရင်းကနေ ဘေးလ်ကို ချန်ထားခဲ့ရတာလဲ၊ ဘာလို့ အသုံးမပြုရတာလဲ ဆိုတာကို မသိရတာပဲ ဖြစ်ပါတယ်။

Photo Credit: DailyMail

ဘေးလ်ဟာ ဆီဗီလာအသင်းနဲ့ ကစားမယ့် ပွဲစဉ် မတိုင်ခင် လေ့ကျင့်ရေး အပြည့် ဆင်းခဲ့သလို ဒဏ်ရာပြဿနာလည်း မရှိပေမဲ့လည်း ဆီဗီလာအသင်းနဲ့ ကစားတဲ့ ပွဲစဉ်မှာ မပါဝင်ခဲ့ရတာကြောင့် စိတ်ခုနေလျက် ရှိပြီး အသင်းက ထွက်ခွာနိုင်ပါတယ်။ ဘေးလ်ရဲ့ အေးဂျင့်က ပြီးခဲ့တဲ့ လမှာ ဘေးလ်အနေနဲ့ အသင်းက ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောခဲ့ပေမဲ့လည်း DailyMail သတင်းက ဘေးလ်အနေနဲ့ ယခုလ ဇန်နဝါရီလအတွင်းမှာ စပါးအသင်းကို ရောက်လာနိုင်တယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။