ရီးရဲလ်အသင်းရဲ့ တောင်ပံ ကစားသမား ဘေးလ်ဟာ စပါးအသင်းကို ကာလရှည် အငှား စာချုပ်နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရရှိခဲ့ပြီးတဲ့နောက် အင်္ဂလန်နိုင်ငံကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး စပါးအသင်းနဲ့ စာချုပ် လက်မှတ်ထိုးဖို့ စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပါတယ်။ စပါးအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၃) ခုနှစ်မှာ တောင်ပံ ကစားသမား ဘေးလ်ကို ရီးရဲလ်အသင်းဆီ ရောင်းချခဲ့ပြီးတဲ့နောက် ဘေးလ်ရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် လက်ရှိမှာ ဘေးလ်ကို ရီးရဲလ်အသင်းကနေ အငှားနဲ့ ပြန်ခေါ်ဖို့ ကြိုးစားနေပါတယ်။

Photo Credit: Dailymail

တောင်ပံ ကစားသမား ဘေးလ်ဟာ ယနေ့၊ သောကြာနေ့၊ နေ့လည်ပိုင်းလောက်မှာ စပိန်နိုင်ငံကနေ အင်္ဂလန်နိုင်ငံကို လေယာဉ်နဲ့ ရောက်လာခဲ့တာ ဖြစ်ပြီး အင်္ဂလန်နိုင်ငံကို ရောက်ပြီး သိပ်မကြာခင်မှာ စပါးအသင်းနဲ့ စာချုပ် ချုပ်ဆိုဖို့ စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ အင်္ဂလန်နိုင်ငံက လေဆိပ်ကို ရောက်ရှိလာခဲ့စဉ်ကတည်းက စပါး ပရိသတ်တွေရဲ့  ကြိုဆိုမှုကို ခံနေခဲ့ရတာ ဖြစ်ပြီး စပါးအသင်းရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာခဲ့တဲ့ အချိန်မှာတော့ သူ့ကို ကြိုဆိုတဲ့ စပါးအသင်းရဲ့ ပရိသတ်တွေက ပိုတောင် များခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

တောင်ပံ ကစားသမား ဘေးလ်ဟာ မနေ့က၊ ကြာသပတေးနေ့မှာ ရီးရဲလ်အသင်းရဲ့ အသင်းဖော် အားလုံးကို ရီးရဲလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ နှုတ်ဆက်ခဲ့ပြီးနောက် ယနေ့၊ သောကြာနေ့မှာ စပိန်နိုင်ငံကနေ အင်္ဂလန်နိုငငံကို ထွက်လာပြီး စပါး လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပါတယ်။ ရီးရဲလ်အသင်းရဲ့ တောင်ပံ ကစားသမား ဘေးလ်ဟာ အရင်က စပါးအသင်းမှာ ကစားခဲ့တုန်းက စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၀၃) ပွဲ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၆) ဂိုး နဲ့ ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၅၈) ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး အခုတော့ အသင်းဟောင်းကို ပြန်လာပြီ ဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်အသင်းမှာ နည်းပြ ဇီဒန်းနဲ့ အဆင်မပြေမှုတွေ များလာခဲ့တာကြောင့် ရီးရဲလ်အသင်းကနေ ထွက်သွားဖို့ အခြေအနေ ဖန်လာခဲ့တာ ဖြစ်ပြီး ရီးရဲလ်အသင်းကနေ အပြီးသတ် ထွက်သွားတာ မဟုတ်ဘဲ စပါးအသင်းကို ကာလရှည် အငှား စာချုပ်နဲ့ လာကစားမှာ ဖြစ်ပါတယ်။