MySport Myanmar

မန်ယူနဲ့ လမ်းခွဲလိုက်တဲ့ မာရှယ်ကို ဂါလာတာစာရေးအသင်းက စိတ်ဝင်စား

တူရကီ ထိပ်သီးကလပ် ပြီးခဲ့တဲ့ ဘောလုံးရာသီ တူရကီ စူပါလိဂ် အမှတ်ပေးပြိုင်ပွဲရှုဲ ချန်ပီယံ ဂါလာတာစာရေးအသင်းကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကနေ စာချုပ်သက်တမ်း ကုန်ဆုံးလို့ ထွက်ခွာလာခဲ့ရတဲ့ တိုက်စစ်မှူး အန်တိုနီ မာရှယ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ ESPN ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၈)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ် လက်ရွေးစင်ဟောင်း တိုက်စစ်မှူး မာရှယ်ဟာ လိုင်ယွန်မှာ စီနီယာကစားသမားဘဝကို စတင်ခဲ့ပြီး အဲ့ဒီကမှ မိုနာကိုအသင်းဆီ ရောက်ရှိခဲ့သလို ၂၀၁၅မှာတော့ မိုနာကိုကနေ မန်ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၃၆)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : ESPN

အဲ့ဒီတုန်းက ဆယ်ကျော်သက် ဘောလုံးသမားတစ်ဦးအတွက် အမြင့်မားဆုံး ပြောင်းရွှေ့ကြေးအဖြစ် စံချိန်တင်ခဲ့ရပြီး ယူနိုက်တက် ပရိသတ်တွေကလည်း မာရှယ်ကို သီယာရီ အွန်နရီ လက်သစ်လို့ တင်စားကာ မျှော်လင့်ချက် ထားခဲ့ပါတယ်။ ဒါပေမယ့် မာရှယ်က သူ့ကို မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပဲ ၂၀၁၉-၂၀ ဘောလုံးရာသီ တစ်ရာသီတည်းမှာသာ ပြိုင်ပွဲစုံ ဂိုးပေါင်း (၂၀)နဲ့အထက် သွင်းယူနိုင်ခဲ့ပြီး (၂၃)ဂိုး သွင်းခဲ့ပါတယ်။

အဓိကတော့ မာရှယ်ဟာ ဒဏ်ရာတွေ မကြာခဏ ရရှိတက်တာနဲ့ သူရဲ့ ကစားပုံ လေးလံလွန်းနေတာတွေက သူ့ကို ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာဖို့ အဟန့်အတားတွေ ဖြစ်ခဲ့ရပါတယ်။ မာရှယ်က ဆီဗီလာမှာ ရာသီဝက် အငှားနဲ့ ထွက်ကစားခဲ့ပေမယ့်လည်း ခြေစွမ်းသိပ်မပြနိုင်ခဲ့ပဲ ယူနိုက်တက်အသင်းဆီသာ ပြန်ပို့ခံခဲ့ရပါတယ်။

Photo Credit : Football365

အခုတော့ မာရှယ်ဟာ မန်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းက ပြည့်သွားခဲ့ရပြီဖြစ်လို့ အသင်းသစ် တစ်သင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မာရှယ်ကို ခေါ်ယူဖို့ ပြင်သစ် ကလပ်အသင်းတွေအပြင် ဂါလာတာစာရေးအသင်းကလည်း စိတ်ဝင်စားလို့နေပါတယ်။

ဂါလာတာစာရေးအသင်းကလည်း အီကာဒီ ဇာဟာ မာတန်စ်တို့လို ထိပ်တန်း တိုက်စစ်ကစားသမားတွေ ရှိနေပေမယ့်လည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် မာရှယ်လို အတွေ့အကြုံရှိ ကစားသမားတစ်ဦးကို ပြောင်းရွှေ့ကြေးမပါဝင်ပဲ ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် မာရှယ်ကို သူရဲ့ကလပ်အသင်းဟောင်း မိုနာကို အပါအဝင် လိုင်ယွန် လိုင်လီ အစရှိတဲ့ ပြင်သစ်ကလပ်တွေကလည်း ခေါ်ယူသွားချင်နေပါတယ်။

Exit mobile version