MySport Myanmar

အာဆင်နယ်အတွက် ဘောလုံးပြန်ကစားပေးနိုင်မယ့် အချိန်ကို ဖွင့်ဟလာခဲ့တဲ့ ဂျေဇူး

ဒူးဒဏ်ရာပြသာနာကြောင့် အနားယူနေရတဲ့ အာဆင်နယ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးနဲ့ MMA ကစားသမားဟောင်း ခါဘစ်တို့ဟာ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ဒ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက် ကြည့်ရှုကြရင်း စကားစမြည်ပြောဆိုခဲ့ရာ ဂျေဇူးက သူ့အနေနဲ့ ဒဏ်ရာကနေ (၄)ပတ် (၅)ပတ်အတွင်း ပြန်လည် သက်သာကောင်းမွန်လာတော့ဖို့ မျှော်လင့်ထားကြောင်း ခါဘစ်ကို ဖွင့်ဟသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒဏ်ရာကို ခွဲစိတ်မှုပါ ခံယူလိုက်ရပြီး လအတန်ကြာပါ အနားယူနေရတာ ဖြစ်ပါတယ်။ ဂျေဇူးဟာ ဒီဒဏ်ရာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်နေခဲ့ရပေမယ့် အသင်းရဲ့ ပွဲစဉ်တွေကိုတော့ လိုက်ပါအားပေးနေလျက် ရှိပါတယ်။ အခုလည်း အာဆင်နယ်က ယူနိုက်တက်ဒ်ကို အနိုင်ကစားခဲ့တဲ့ ပွဲစဉ်ကိုပါ အားပေးကြည့်ရှုရင်းနဲ့ MMA ဖိုက်တာဟောင်းကြီး ခါဘစ်နဲ့ ဆုံတွေ့ခဲ့ရပြီး စကားစမြည်ပြောရင်း ဂျေဇူးက သူ့အနေနဲ့ နောက်(၄) (၅)ပတ်နေရင် မြက်ခင်းစိမ်းထက် ပြန်လာနိုင်ဖို့ မျှော်လင့်မိကြောင်းပါ ဖွင့်ဟသွားခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

ဒီလို ပြောဆိုထားမှုအရ ဂျေဇူးဟာ လာမယ့် မတ်လမှာပဲ အာဆင်နယ်အသင်းအတွက် ပြန်လည် ကစားနိုင်တော့မယ်လို့ ယူဆရနိုင်ပြီး အာဆင်နယ်ကလည်း လက်ရှိမှာ ခြေစွမ်းပိုင်း အကောင်းဆုံး အနေအထားမှာ ရှိနေတာဖြစ်လို့ ဂျေဇူးသာ ပါဝင်လာမယ်ဆိုရင်တော့ အာဆင်နယ်အတွက် အတောင့်တင်းဆုံး လူစာရင်းမျိုးကိုပါ ပိုင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ ဒီနှစ်နွေကမှ မန်စီးတီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွေ့လာခဲ့တဲ့ ဂျေဇူးဟာ အာဆင်နယ်အတွက် ဒီရာသီအတွက် ပရီးမီးယားလိဂ် (၁၄)ပွဲကစားထားပြီး (၅)ဂိုးသွင်း (၆)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဂျေဇူးမပါဝင်နိုင်တဲ့ ပွဲစဉ်တွေမှာ အာဆင်နယ်အသင်းက အသင်းရဲ့ နောက်ထပ် တိုက်စစ်ကစားသမားဖြစ်သူ အန်ခီတီယာကို ပိုမို နေရာပေးလာရင်းနဲ့ အန်ခီတီယာကလည်း ဂိုးတွေ တဖြည်းဖြည်း သွင်းယူလာနိုင်သလို ယူနိုက်တက်ဒ်နဲ့ပွဲမှာလည်း အန်ခီတီယာက အာဆင်နယ်အတွက် (၂)ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version