MySport Myanmar

အန်တိုနီရဲ့ ခြေစွမ်းပိုင်းနဲ့ ကစားဟန်တွေကို အဘွန်လဟော ပြစ်တင် ဝေဖန်

အက်စတွန်ဗီလာအသင်းရဲ့ အဂ်လန် ကစားသမားဟောင်းကြီး ဂေဘရီရယ်အဘွန်လဟောက မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံ တိုက်စစ်စားသမား အန်တိုနီဆန်းတို့စ်ရဲ့ ခြေစွမ်းပိုင်းတွေနဲ့ ပတ်သတ်ပြီး ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက် (၂၃)နှစ်အရွယ် အေဂျက်စ်ကစားသမားဟောင်း အန်တိုနီဟာ ဒီရာသီမှ သူရဲ့ဆရာသမား တန်ဟက်ဂ်နဲ့အတူ မန်ယူနိုက်တက်အသင်းဆီ ယူရိုသန်းတစ်ရာ ဝန်းကျင်နဲ့ ပြောင်းရွေ့ခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီက အေဂျက်စ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်မှာတော့ ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်မှာလည်း (၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှုတွေလည်း တစ်ကြိမ်မှ မရှိသေးပဲ ဖြစ်နေရပါတယ်။ ဒီလို ရုန်းကန်မှုတွေ ဖြစ်နေရတဲ့ အန်တိုနီရဲ့ ကစားဟန်နဲ့ ပတ်သတ်ပြီး အဘွန်လဟောက ဝေဖန်မှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

“အန်တိုနီကို ကျွန်တော် ကြည့်တဲ့အခါ သူရဲ့ ကိန်းဂဏန်း အချက်အလက်တွေကို စပြီး ကြည့်ရှုပါတယ်။ သူက ပရီးမီးယားလိဂ်မှာ (၁၆)ပွဲအထိ ကစားခဲ့တယ်။ (၃)ဂိုးသွင်းတယ်။ ဂိုးဖန်တီးမှုက လုံးဝ မရှိဘူး။ သူရဲ့ကစားဟန်ကြောင့် သူ အခုလို zero assists ဖြစ်နေရတာ။ တစ်ရာသီလုံး သူကစားတာကို ကျွန်တော် စောင့်ကြည့်ခဲ့တယ်။ ဘရန့်ဖို့ဒ်နဲ့ပွဲမှာလည်း သူ ကစားတာကို ကျွန်တော် ကြည့်ဖြစ်သေးတယ်။ သူက ဘောလုံးရတဲ့အခါ ပြိုင်ဘက် နောက်ခံအစွန်လူတွေကို မကျော်ဖြတ်နိုင်ဘူး။ ဒါကြောင့် သူက အစွန်ဖက်ကို သွားနေဟန်မျိုး လုပ်ပြီး အတွင်းထဲကို ဝင်လာတယ်။ ပြီးတာနဲ့ ဘောလုံးပေးပို့မှု တစ်လွဲတွေ လုပ်တယ်။ ခင်ဗျားသာ တိုက်စစ်မှူးတစ်ဦးသာဆိုရင် ခင်ဗျား စိတ်ရှုပ်မိမှာ သေချာတယ်” လို့ အလွန်လဟောက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆက်လက်ပြီး အဘွန်လဟောက အန်တိုနီထက်စာရင် နောက်ထပ် တောင်အမေရိက တောင်ပံကစားသမားကြီးတစ်ဦးဖြစ်သူ အန်တိုနီယိုဗလင်စီယာကိုသာ အစားထိုးသွားချင်နေပြီး ဗလင်စီယာဆိုရင် ယူနိုက်တက်ကို စတင် ရောက်ရှိချိန်ကနေ ညာခြမ်းခံစစ်မှာ ပြောင်းလဲ ကစားရချိန်အထိ အသင်းအတွက် အကောင်းဆုံး အကျိုးပြုနိုင်ခဲ့တယ်လို့ပါ သုံးသပ်သွားခဲ့ပါသေးတယ်။

Exit mobile version