WBC ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ လက်ဝှေ့အကျော်အမော်ကြီး တိုင်ဆန်ဖျူရီက သူ အလွန်အားပေးရတဲ့ ဘောလုံးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ပတ်သက်ပြီး သူရဲ့အမြင်တွေကို ထုတ်ဖော်ပြောဆိုခဲ့သလို အသင်းကို မနှစ်က ဈေးကွက်အတွင်းကမှ ပြန်လည်ရောက်ရှိလာခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီးတော့လည်း ရော်နယ်လ်ဒိုအပေါ် ယူနိုက်တက်အသင်းသားတွေရဲ့ မှီခိုမှုတွေဟာ များပြားလွန်းတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Fury insists when you have a superstar like Ronaldo, everybody relies on him|  All Football

Photo Credit : Daily Mail

ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂျုဗင်တပ်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ပြန်လည်ပြောင်းရွှေ့လာခဲ့တဲ့ စူပါစတား ဘောလုံးအကျော်အမော် ရော်နယ်လ်ဒိုဟာ ယူနိုက်တက်အတွက် တစ်ရာသီလုံးမှာ ပရီးမီးယားလိဂ် (၁၈)ဂိုးအပြင် ပြိုင်ပွဲစုံ(၂၄)ဂိုးထိ သွင်းယူနိုင်ခဲ့ပေမယ့် အသင်းကတော့ ဘာဆုဖလားမှ မသိမ်းပိုက်နိုင်ခဲ့ပဲ ဖလားလက်မဲ့ရာသီ ဖြစ်ခဲ့ရသလို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာကိုသာ ရယူနိုင်ခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ပါ လွဲချော်ခဲ့ရပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် အမာခံပရိသတ်ကြီး တိုင်ဆန်ဖျူရီက “ရော်နယ်လ်ဒို ဆက်ရှိနေတာက သတင်းကောင်းပါပဲ။ ဒါပေမယ့် သီအိုရီတစ်ခုတော့ ရှိနေတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတစ်ခု ရော်နယ်လ်ဒို မရောက်သေးတဲ့ ဘောလုံးရာသီမှာ အသင်းက အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို ရရှိခဲ့တယ်”

Fury insists when you have a superstar like Ronaldo, everybody relies on him|  All Football

Photo Credit : Daily Mail

“ရော်နယ်လ်ဒို ရောက်လာပြီးနောက်ပိုင်းကျတော့ အဆင့်(၆)ကို ရောက်သွားခဲ့တယ်။ လူတွေက ကောင်းပြီ သူရဲ့ သွင်းဂိုးတွေသာ မရှိခဲ့ဘူးဆိုရင် ငါတို့အသင်းက ဒီထက်မကတောင့် အဆင့်နိမ့်နေရဦးမယ်လို့ ပြောလာကြလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့အသင်းက ရော်နယ်လ်ဒို မရှိခင်က ဒီလို မဖြစ်ခဲ့သလို အခုထက်တောင် အဆင့်ရပ်တည်မှု မြင့်မားနေပါသေးတယ်။ ရော်နယ်လ်ဒို စူပါစတားတစ်ယောက် အသင်းမှာ ရှိနေတဲ့အခါ လူတိုင်းက သူ့ကို ဂိုးတွေ သွင်းယူဖို့ အရမ်းအားကိုးလာကြမယ်။ တကယ်လို့ သူသာ ဂိုးမသွင်းနိုင်ခဲ့ရင် သူတို့ဘာသာ ဂိုးတွေကို သွင်းယူနိုင်ရမယ်။ အရင်ဘောလုံးရာသီတုန်းက လုပ်ဆောင်နိုင်ခဲ့သလို လုပ်ဆောင်နိုင်ရပါမယ်။ ဒီစကားက ရော်နယ်လ်ဒိုကို အဖိုးတန် အရည်အချင်းမရှိဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူက တကယ့်ကို ထိပ်တန်းအရည်သွေးရှိတဲ့ ကစားသမားပါ။ ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ကြယ်ပွင့်ကစားသမားတစ်ယောက်နဲ့သာဆိုရင် သူတစ်ဦးတည်းကပဲ အသင်းကို သယ်ဆောင်သွားတဲ့အတွက် လူငယ်ကစားသမားလေးတွေက သူရဲ့ အရိပ်အောက် ကျရောက်နေခဲ့ရသလို ရော်နယ်လ်ဒိုဆိုတဲ့ ကစားသမားကြီးတစ်ယောက် ကွင်းအတွင်းမှာ ရှိနေရတဲ့အတွက် ဒီကစားသမားလေးတွေ တောက်ပနိုင်ဖို့ အခွင့်အရေးတွေ နည်းလာခဲ့ရပါတယ်” လို့ သုံးသပ်သွားခဲ့ပါတယ်။