ဒီ စက်တင်ဘာလအတွင်း ကျုင်းပဖို့ International Break ကာလအတွင်း ရုရှားအသင်းနဲ့ ခြေစမ်းပွဲကစားဖို့ လက်ခံထားတဲ့ ဘော့စနီယားအသင်းဘက်က နေ ပါဝင်ကစားပေးသွားမှာ မဟုတ်ပဲ ဆန့်ကျင်သွားမှာဖြစ်ကြောင်း ဘော့စနီယားရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူးဂျက်ကိုနဲ့ ကွင်းလယ်လူ ပီယာနစ်တို့ကို ဖွင့်ဟ ပြောကြားလာကြပါတယ်။

Russia thrown out of World Cup as FIFA and UEFA ban country over Ukraine invasion - Mirror Online

အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ပြုလုပ်ထားတဲ့ ရုရှားနိုင်ငံနဲ့ ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ကဏ္ဍာအသီးသီးကနေ ကန့်ကွက်မှုတွေ တားမြစ်မှုတွေ ပိတ်ဆို့ဟန့်တားမှုတွေ လုပ်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် UEFA တို့ကလည်း သူတို့လက်အောက်က ပြိုင်ပွဲတွေကနေ ရုရှားဘောလုံးအသင်းကို အကန့်အသတ်မရှိ ဆိုင်းငံ့ထားခဲ့ပါတယ်။ ဒီလို ဆိုင်းငံထားတဲ့ကြားကနေ ဘော့စနီးယား ဘောလုံးအဖွဲ့ချုပ် အကြီးအကဲတွေက ရုရှားအသင်းနဲ့ ခြေစမ်းပွဲ ကစားသွားဖို့ လက်ခံခဲ့တဲ့အပေါ် ဘော့စနီးယားရဲ့ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ ပီယာနစ်နဲ့ ဂျက်ကိုတို့က လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ အဆိုပါပွဲစဉ်ကို ပါဝင်ကစားမှာ မဟုတ်ဘူးလို့ ထုတ်ပြန်သွားခဲ့ပါတယ်။

BiHfootball on Twitter: "Both Edin #Dzeko and Miralem #Pjanic from start when AS Roma play Sevilla at 20:00 CET. Sretno ljiljani! http://t.co/sq5oJA9Xt7" / Twitter

Photo Credit : Twitter

ဒီကိစ္စရပ်နဲ့ ပတ်သတ်ပြီး အင်တာမီလန်အသင်းရဲ့ ဘော့စနီယား ဝါရင့်ကစားသမားကြီး ဂျက်ကိုက “ကျွန်တော် ဒီပွဲကို ကစားဖို့အတွက် ဆန့်ကျင့်ပါတယ်။ ကျွန်တော်က အမြဲတမ်း ငြိမ်းချမ်းရေးအတွက်ကိုသာ ရပ်တည်ပါတယ်။ အဖွဲ့ချုပ်ကလည်း ကျွန်တော်ရဲ့ ထင်မြက်ချက်ကို သိနေပါတယ်။ ကံမကောင်းစွာနဲ့ ကျွန်တော်က ဒီပွဲ ကစားဖို့ မကစားဖို့ ဆုံးဖြတ်နိုင်တဲ့သူ ဖြစ်မနေပေမယ့် အပြစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက်နေချိန် ဒီပွဲကို ပါဝင်ဖို့ မရှိတဲ့ ကျွန်တော်ရဲ့ ရပ်တည်ချက်က ရှင်းလင်း ပြတ်သားပါတယ်။ ယူကရိန်းနိုင်ငံသားတွေ အခုလို ခက်ခဲနေတဲ့ အချိန်တွေမှာ ကျွန်တော်က သူတို့တွေအတွက် စည်းလုံးညီညွတ်စွာနဲ့ ရပ်တည်ပေးနေပါတယ်” လို့ ပြောဆိုခဲ့သလို ဂျက်ကိုရဲ့ လက်ရွေးစင်အသင်းဖော် ပီယာနစ်ကလည်း “ဒီဆုံးဖြတ်ချက်(ရုရှားနဲ့ ခြေစမ်းပွဲ ကစားဖို့ လက်ခံခဲ့ခြင်း)က မကောင်းပါဘူး။ ကျွန်တော့်မှာ ပြောစရာစကားတောင် မရှိတော့သလိုပဲ။ ဒီပွဲနဲ့ ပတ်သတ်ပြီး ကျွန်တော် ဘယ်လို တွေးတောထားမလဲဆိုတာကိုတော့ ဘောလုံးအဖွဲ့ချုပ်က သိပါလိမ့်မယ်” လို့ အသီးသီး ထုတ်ပြန် ပြောကြားလာခဲ့ပါတယ်။ ဒီပွဲစဉ်ကို လာမယ့် နိုဝင်ဘာလ (၂၁)ရက်နေ့ ရုရှား ထိပ်သီးကလပ် ဇင်းနစ်အသင်းရဲ့ စိန့်ပီတာစဘာ့ချ် ဘောလုံးကွင်းကြီးမှာ ကျင်းပသွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဒီပွဲကို ဘော့စနီယားဘက်ကနေ ပါဝင်မှာ မဟုတ်ပဲ ဆန့်ကျင်ဆန္ဒပြသွားမှာဖြစ်ကြောင်း ဂျက်ကိုနဲ့ ပီယာနစ်တို့က ထုတ်ပြန်ထားခဲ့ပါတယ်။