MySport Myanmar

ဥရောပကို ပြန်လာချင်နေတဲ့ ဝီလီယံကို ဖူလ်ဟမ်အသင်းက စိတ်ဝင်စားနေ

ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့လို လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဆီမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် ဝါရင့် တောင်ပံကစားသမားကြီး ဝီလီယံဟာ လက်ရှိအချိန်မှာ ဥရောပဘောလုံးနယ်ပယ်အတွင်း ပြန်လည် ဝင်ရောက်လာချင်နေပြီး သူ့ကိုလည်း ပရီးမီးယားလိဂ် တန်းတတ်အသင်းဖြစ်တဲ့ ဖူလ်ဟမ်က ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။

Photo Credit : Twitter

မနေ့ကမှ အသက်(၃၄)နှစ်ပြည့်သွားခဲ့တဲ့ ဘရာဇီးလ်လက်ရွေးစင်ဟောင်းကြီး ဝီလီယံဟာ ၂၀၂၁ခုနှစ် သြဂုတ်လထဲမှာပဲ သူရဲ့ငယ်ဘဝ ကလပ်အသင်းဖြစ်တဲ့ ကိုရင်သီယန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ အသင်းဟောင်း ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ် ယူရိုပါလိဂ် အက်အေဖလားနဲ့ လိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဝီလီယံဟာ ချယ်လ်ဆီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့အပြီး တစ်ရာသီအကြာမှာပဲ အသင်းနဲ့ အဆင်မပြေ ဖြစ်ခဲ့ရာကနေ နောက်ဆုံးမှာတော့ သူရဲ့ပထမဆုံး ကလပ်အသင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းဆီသာ ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : 90Min

ကိုရင်သီယန် ရှက်တာဒိုးနက် အန်ဇီ ချယ်လ်ဆီးနဲ့ အာဆင်နုယ်အသင်းတွေမှာ ပါဝင်ခဲ့ဖူးတဲ့ ဝါရင့် ကစားသမားကြီး ဝီလီယံက လက်ရှိမှာ ဘရာဇီးလ်ကနေ ဥရောပ ဘောလုံးနယ်ပယ်ထဲ ပြန်လည် ဝင်ရောက်ဖို့ ဆန္ဒရှိနေပြီး ဝီလီယံကိုလည်း လန်ဒန်မြို့ခံ ဘောလုံးကလပ်ဖြစ်တဲ့ ဖူလ်ဟမ်အသင်းက ခေါ်ယူသွားချင်နေပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ချန်ပီယံရှစ်ရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တတ်လှမ်းလာခဲ့ရတာဖြစ်ပြီး ဒီရာသီ အဖွင့်ပွဲစဉ်မှာလည်း ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးဖြစ်တဲ့ လီဗာပူးလ်ကို သရေရအောင် ကစားထားနိုင်ခဲ့ပါတယ်။ ဖူလ်ဟမ်က ပရီးမီးယားလိဂ်ကို တတ်လိုက်ဆင်းလိုက် လုပ်နေတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီရာသီမှာတော့ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းရဖို့ အဓိကရည်မှန်းထားတာဖြစ်လို့ အသင်းအတွက် အားထားရမယ့် ကစားသမားတွေကို ခေါ်ယူအားဖြည့်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖူလ်ဟမ်က ဝီလီယံလို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆ်ိုင်ထားတဲ့ ဝါရင့် ကစားသမားကြီးကို ခေါ်ယူသွားချင်နေတာဖြစ်ပြီး ဝီလီယံအနေနဲ့ကလည်း ဥရောပဘောလုံးပြိုင်ပွဲထဲ ဝင်ရောက်ချင်နေသလို ပွဲကစားခွင့်တွေလည်း လိုချင်နေတဲ့အတွက် ဖူလ်ဟမ်ဘက်ကသာ သေချာ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပါတယ်။

Exit mobile version