MySport Myanmar

လာဇီယိုကြယ်ပွင့် မီလင်ကိုဗစ်ကို အံ့အားသင့်စဖွယ် ချဉ်းကပ်လာခဲ့တဲ့ ဖူလ်ဟမ်

ပရီးမီးယားလိဂ်နဲ့ လိဂ်ချန်ပီယံရှစ်တို့ကို တတ်လိုက်ဆင်းလိုက် လုပ်နေတတ်တဲ့ ဖူလ်ဟမ်အသင်းဟာ လာမယ့်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ နောက်တစ်ကြိမ် ပြန်လည်တတ်လှမ်းနိုင်တော့မှာ ဖြစ်တဲ့အတွက် တန်းတတ်ပြီး တစ်နှစ်အတွင်း တန်းပြန်မဆင်းသွားရဖို့ ပြင်ဆင်တဲ့အနေနဲ့ လာဇီယိုအသင်းရဲ့ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဆာဘီးယားကွင်းလယ်လူ မီလင်ကိုဗစ်ဆာဗစ်ကို အံ့အားသင့်ဖွယ် ချဉ်းကပ်မှုတွေ လုပ်ဆောင်နေတယ်လို့ 90Min က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : 90Min

အသက်(၂၇)နှစ်အရွှယ်ရှိ ဆာဘီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား မီလင်ကိုဗစ်ဆာဗစ်ဟာ လာဇီယိုအသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ဂျုဗင်တပ်စ် မန်ချက်စတာယူနိုက်တက်တို့လို ဥရောပ အင်အားကြီး ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ၂၀၁၅ခုနှစ်ကမှ ဘယ်လ်ဂျီယံကလပ် KRCဂျန့်အသင်းကနေ လာဇီယိုအသင်းဆီ ရောက်ရှိလာခဲ့သူ မီလင်ကိုဗစ်ဟာ စွယ်စုံရ ကွင်းလယ်လူတစ်ဦးဖြစ်ပြီး playmaker တစ်ဦးအဖြစ်နဲ့ holding midfielder အဖြစ်နဲ့ပါ ကစားတတ်သူ ဖြစ်သလို ပုံမှန်အားဖြင့်တော့ central midfielder ဖြစ်တဲ့ ဗဟိုကွင်းလယ်လူနေရာမှာ ပိုင်နိုင်စွာ ကစားတတ်သူ ဖြစ်ပါတယ်။

Photo Credit : Sempreinter

စီးရီးအေရဲ့ ထိပ်တန်းကွင်းလယ်လူတွေထဲမှာ အပါအဝင်ဖြစ်တဲ့ မီလင်ကိုဗစ်ကို ကလပ်အသင်းကြီးတွေနဲ့အပြိုင် ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တကျော့ပြန် တန်းတတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းကပါ စိတ်ဝင်စားလို့နေပြီး ဖူလ်ဟမ်အသင်းရဲ့ ဆာဘီးယား တိုက်စစ်ကစားသမား မီထရိုဗစ်ကလည်း သူရဲ့လက်ရွေးစင် အသင်းဖော်ရဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် အပြင်းအထန် တွန်းအားပေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဖူလ်ဟမ်ရဲ့ အဓိက တိုက်စစ်မှူးုဖြစ်သူ မီထရိုဗစ်ဟာ သူရဲ့သွင်းဂိုးများစွာနဲ့ အသင်းကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ပို့ဆောင်ထားသူဖြစ်ပြီး အသင်းက အလိုရှိနေတဲ့ မီလင်ကိုဗစ်နဲ့ပါ အလွန်ရင်းနှီးသူတွေဖြစ်လို့ မီလင်ကိုဗစ်ရဲ့ အပြောင်းအရွှေ့မှာပါ ပါဝင်ပတ်သက်ဖွယ် ရှိနေသလို ဖူလ်ဟမ်အသင်း ပိုင်ရှင်ကလည်း အသင်းကို တန်းတတ်လိုက် တန်းဆင်းလိုက် အခြေအနေမျိုးကနေ လွတ်ကင်းပြီး ပရီးမီးယားလိဂ်မှာ ကာလရှည်ကြာ ရှိနေစေဖို့အတွက် စျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူမှုအတွက် ငွေကြေးပေါင်းများစွာ အသုံးပြုခွင့်ပေးသွားဖွယ် ရှိနေပါတယ်။

Exit mobile version