MySport Myanmar

နွေမှာ ဖရက်ဒ်ကို ခေါ်ယူဖို့ ဖူလ်ဟမ် နည်းပြ ဆေးလ်ဗား စိတ်ဝင်စား

ဖူလ်ဟမ်အသင်းရဲ့ နည်းပြဖြစ်သူ မာကိုဆေးလ်ဗားက လာမယ့်နွေမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဖရက်ဒ်ကို ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ talkSPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၃၀)အရွယ် ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်ဟာ ယူနိုက်တက်ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ ဖာနန်ဒက်ဇ်ရဲ့ သွင်းဂိုးအတွက် လှလှပပ ဖန်တီးပေးသွားနိုင်ခဲ့သလို ဆန်ချိုရဲ့ ချေပဂိုးမှာလည်း သူ ပါဝင် ပတ်သက်ခဲ့ပါတယ်။ ဒီရာသီမှာ တစ်နေ့ရွှေ တနေ့ငွေ ဖြစ်နေတဲ့ ဖရက်ဒ်ဟာ လာမယ့် ၂၀၂၄ခုနှစ် ဇွန်လမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကလည်း သူ့ကို သက်တမ်းတိုးသွားဖို့ ဆန္ဒမရှိတာကြောင့် ဒီနွေမှာပဲ ဖရက်ဒ်ကို ရောင်းထုတ်သွားနိုင်ပါတယ်။

Photo Credit : talkSPORT

ဒီအခြေအနေကို ကောင်းကောင်း ရိပ်စားမိနေတဲ့ ဖူလ်ဟမ်နည်းပြ ဆေးလ်ဗားက ဖရက်ဒ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့အပြင် ယူနိုက်တက် နဲ့ ဖူလ်ဟမ်ပွဲအပြီး ကားရပ်နားထားတဲ့ နေရာမှာပါ ဆေးလ်ဗားက ဖရက်ဒ်နဲ့ စကားစမြည် ပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ပါ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ပေါ်တူဂီလူမျိုးဖြစ်လို့ ဘရာဇီးလ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်တဲ့ ဆေးလ်ဗားဟာ ဒီရာသီမှာလည်း ယူနိုက်တက်ရဲ့ ဘရာဇီးလ် ကွင်းလယ်လူ ပါရဲရားကိုပါ ခေါ်ယူထားနိုင်တာဖြစ်လို့ နောက်ရာသီမှာပါ ဖရက်ဒ်ကို ထပ်မံ ခေါ်ယူနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်ဘက်ကတော့ လာမယ့်နွေမှာ တွမ်မီနေး ဖရက်ဒ်တို့ထဲကမှ တစ်ဦးဦး ဒါမှမဟုတ် နှစ်ဦးလုံးကို ရောင်းထုတ်ပြီး မေဆန်မောင့် နဲ့ ရာဘီယော့တို့ကို ပြန်လည် ဖြည့်တင်းသွားဖို့ စီစဉ်နေတာဖြစ်လို့ ဖူလ်ဟမ်ဘက်ကသာ ဖရက်ဒ်ကို သေချာ ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းထုတ်လာနိုင်သလို တွမ်မီနေးအတွက် ကမ်းလှမ်းမှုတွေကိုလည်း နားစွင့်လာဖွယ် ရှိနေပါတယ်။

Exit mobile version