ပရီးမီးယားလိဂ် တန်းတတ်အသင်းဖြစ်တဲ့ ဖူလ်ဟမ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပေါ်တူဂီ ကွင်းလယ်ကစားသမား ဂျာအိုပါလင်ညာကို ခေါ်ယူသွားနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိလာခဲ့ပြီဖြစ်ပြီး ကစားသမားဘက်က သဘောတူညီမှု ရရှိတာနဲ့ အပြောင်းအရွှေ့ အထမြောက်လာတော့မယ်လို့ သိရှိရပါတယ်။

Defensive midfielders Manchester United should consider: Joao Palhinha -  United In Focus

Photo Credit : United in Focus

အသက်(၂၆)နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ခံစစ်ကစားသမား ပါလင်ညာဟာ ပေါ်တူဂီ ထိပ်တန်းကစားသမားတွေ မွေးထုတ်ပေးနေတဲ့ စပို့တင်း လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး လက်ရှိမှာလည်း စပို့တင်းအသင်းအတွက် ဘောလုံးရာသီ(၄)ရာသီအတွင်း ပွဲပေါင်း(၉၅)ပွဲအထိကို ပါဝင်ကစားထားခဲ့ပါတယ်။ ယူရို-၂၀၂၀ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးခွင့် ရရှိထားတဲ့ ပါလင်ညာဟာ သူရဲ့ စွမ်းဆောင်ရည်တွေကြောင့် ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုပါ ရရှိခဲ့ပြီး အခုတော့ ကမ္ဘာမှာ လူစိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ရဖို့ အနီးစပ်ဆုံး အခြေအနေ ရှိနေရပြီ ဖြစ်ပါတယ်။

Wolvrs set to sign Joao Palhinha | The Transfer Tavern

Photo Credit : The Transfer Taverm

ပါလင်ညာကို ဝုလ်ဗ်အသင်းနဲ့ ပရီးမီးယားလိဂ် တန်းတတ်လာခဲ့တဲ့ ဖူလ်ဟမ်အသင်းတို့က အပြိုင်အဆိုင်ကို စိတ်ဝင်စားနေကြတာဖြစ်ပြီး လက်ရှိမှာတော့ ဖူလ်ဟမ်က အခြေအနေ အကောင်းဆုံး ဖြစ်သွားခဲ့ရပြီ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပါလင်ညာအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၈)သန်း+အပိုဆုကြေးဆိုတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာခဲ့ရာ စပို့တင်းလစ္စဘွန်းဘက်ကလည်း သဘောတူညီခဲ့တာကြောင့် ပါလင်ညာဘက်ကသာ သဘောတူလိုက်မယ်ဆိုရင်တော့ ဒီအပြောင်းအရွှေ့က သေချာပေါက်ကို ပြီးမြောက်သွားတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ ပါလင်ညာလို ထိပ်တန်းကစားသမားမျိုးကို ခေါ်ယူလိုက်နိုင်မယ်ဆိုရင် ဖူလ်ဟမ်အသင်းအတွက် အကျိုးရှိတဲ့ ခေါ်ယူမှုတစ်ခု ဖြစ်လာနိုင်သလို ပါလင်ညာကလည်း လာမယ့် ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်းမှာ စောင့်ကြည့်သွားချင်စရာ အကောင်းဆုံးသော ကစားသမားတွေထဲ ပါဝင်လာရဖွယ် ရှိနေပါတယ်။ ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်နနဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို တတ်လိုက်ဆင်းလိုက် လုပ်နေတဲ့ ကလပ်အသင်းဖြစ်ပြီး ဒီတစ်ချိန်မှာတော့ ပရီးမီးယားလိဂ်မှာ အချိန်ကြာကြာ တည်ရှိနေနိုင်ဖို့အတွက် ကြိုးပမ်းလုပ်ဆောင်နေပြီး ကစားသမားသစ် ဖြည့်တင်းမှုတွေကို ဆက်တိုက် အကောင်အထည်ဖော်သွားဖွယ် ရှိနေပါတယ်။