လက်ရှိမှာ ဘောလုံးလောကထဲကနေ အနားယူထားပြီးနောက် ဘောလုံးပွဲတွေအကြောင်း သုံးသပ်သူအဖြစ် လုုပ်ကိုင်လို့နေတဲ့ နယ်သာလန်လက်ရွေးစင်ဟောင်းကြီး ရော်ဘင်ဗန်ပါစီဟာ သူအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့စဉ်အတွင်း သူ့အတွက် ပထမဆုံးရာသီမှာပဲ ကစားသမားဘဝရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရသလို အသင်းမှာလည်း သူ့အတွက် အထင်ကြီးလေးစားစရာကောင်းတဲ့ အသင်းဖော်တွေများစွာနဲ့ တွဲဖက်ကစားခဲ့ရတာကြောင့် အဲ့ဒီထဲကမှ အကောင်းဆုံးကစားသမား(၅)ယောက်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit :; AllFootball

နယ်သာလန်တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီဟာ အာဆင်နယ်ကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ကစားစဉ်မှာ စစချင်းနှစ်မှာပဲ အသင်းအတွက် ပရီးမီးယားလိဂ်ဆုဖလားကြီးကို ရယူပေးနိုင်ခဲ့သလို အဲ့ဒီနှစ်မှာပဲ ပရီးမီးယားလိဂ်ရွွှေဖိနပ်ဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ဗန်ပါစီဟာ ယူနိုက်တက်အသင်းမှာ ကစားသမားကောင်းများစွာနဲ့ တွဲဖက်ကစားခဲ့ရပြီး ဒီထဲကမှာ ဗီဒစ် ဖာဒီနန် ရိုင်ယန်ဂစ် အီဗရာနဲ့ ဝိန်းရွန်းနီတို့ကိုတော့ သူ့အတွက် အလေးစားရဆုံး ကစားသမား(၅)ယောက်အဖြစ် ရွေးချယ်သွားခဲ့ပါတယ်။ ဗန်ပါစီက “ဒါကို အဖြေပေးဖို့ဆိုတာ ကျွန်တော်အတွက် အတော်လေးကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အားလုံးက ကျွန်တော့်အတွက် လေးစားစရာတွေချည်းပဲကို”

Photo Credit :; AllFootball

 

“ဗီဒစ်ကတော့ စစ်သည်တော်တစ်ဦးလိုပဲ။ တစ်ဖက်က ခြေထောက်တွေ သူ့ခေါင်းပေါ် ဝဲလာရင်တောင်မှ မကြောက်မရွှံ ရင်ဆိုင်တတ်သူပါ။ အနိုင်ရဖို့အတွက် ဘာမဆိုလုပ်ဆောင်နိုင်သူပေါ့။ ဖာဒီနန်ကတော့ ပိုပြီးရည်မွန်တယ်။ ဘောလုံးအထိန်းအသိမ်းတွေ ညက်ညောတယ်။ လေထဲမှာဆိုရင် ဘောလုံးဖြတ်ထုတ်မှုတွေကောင်းတယ်။ အဝေးဘောပေးတွေပေးရင်လည်း အားသာတယ်။ ဂစ်ကတော့ ဟိတ်ဟန်များတဲ့ ကစားသမားမျိုးဖြစ်သလို ကျွန်တော့်ကိုလည်း အထင်ကြီးလေးစားမှုတွေ အမြဲပေးနိုင်တယ်။ အသက်၃၉နှစ်ရှိနေတာတောင် ကောင်းကောင်းကစားနိုင်တုန်းပဲ။ သူကယောဂလည်းကျင့်တယ်။ အီဗရာကတော့ သူ့အမှုအကျင့်တွေကြောင့် အထင်ကြီးစရာကောင်းတာ။ သူက ရန်လည်းစတတ်တယ်။ ပြီးတော့ အသင်းသားတွေကို ယုံကြည်မှုတိုးအောင်လည်း ပြောတတ်တယ်။ ဘာသာစကား(၅)မျိုးကိုတောင် ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်သေးတယ်။ ရွန်းနီကတော့ သူရဲ့ပင်ကိုဟန်ကြောင့် လေးစားမိတာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။