လောကမှာ ကျွန်တော် အကြိုက်ဆုံး စကားတစ်ခွန်း ရှိပါတယ်။ အဲ့ဒါကတော့ ကြိုးစားသရွေ့ ဘယ်တော့မှ မရှုံးဘူးဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ ကိုယ်ကြိုးစားနေသရွေ့ ကိုယ်ဖြစ်ချင်တဲ့ အရာကို ဖြစ်ခွင့်ရှိတယ်။ တကယ်လို့ ကိုယ့်ဘက်ကနေ ကြိုးစားမှုကို ရပ်တန့်လိုက်ပြီ ဆိုရင်တော့ ကိုယ်ဟာ ဘဝတိုက်ပွဲမှာ အရှုံး ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီတစ်ခါမှာတော့ ပရိသတ်ကြီးကို အပျော်တမ်းလိဂ် ကနေ နာမည်ကြီး ကစားသမားတွေ ဖြစ်လာပြီး ဆုဖလားတွေ ရရှိခဲ့ကြတဲ့ ကစားသမားတွေ အကြောင်းကို တင်ဆက် ပေးသွားချင်ပါတယ်။

Photo Credit: Daily Mail

၃။ ဂျိုးဟတ်

တစ်ချိန်က မန်ချက်စတာ စီးတီးအသင်းနဲ့ အင်္ဂလန် အသင်းတို့ရဲ့ အဓိက ဂိုးသမား ဖြစ်ခဲ့ဖူးတဲ့ ဂျိုးဟတ်ဟာ ငယ်ရွယ်စဉ်က ထိပ်တန်း အသင်းတစ်သင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦး မဟုတ်ပဲ အပျော်တမ်း အသင်းတစ်သင်း ဖြစ်တဲ့ ရှောဘူရီတောင်း အသင်းကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးပဲ ဖြစ်ပါတယ်။ ရှောဘူရီတောင်း အသင်းနဲ့ အလွန်ကောင်းတဲ့ လက်စွမ်းကို ပြသနိုင်ခဲ့ပြီး နောက်မှာတော့ ဂျိုးဟတ်ဟာ မန်ချက်စတာ စီးတီးအသင်းထံကို ရောက်ရှိခဲ့ပြီး ထိပ်တန်း ဂိုးသမား တစ်ဦး ဖြစ်လာသလို ဆုဖလားပေါင်း များစွာကိုလည်း ရရှိခဲ့ပါတယ်။

Photo Credit: Daily Mail

၂။ ဗာဒီ

လက်ရှိ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ လက်စတာအသင်းရဲ့ တိုက်စစ်မှူး ဂျေမီဗာဒီဟာ အသက် ၂၀ကျော်တဲ့ အထိ စက်ရုံ အလုပ်သမား တစ်ဦးဖြစ်ခဲ့သူပါ။ အဲ့ဒီနောက် မှာတော့ ဗာဒီဟာ အပျော်တမ်း အသင်းတစ်သင်း ဖြစ်တဲ့ ဖလိစ်ဝုဒ်တောင်း အသင်းမှာ အချိန်ပိုင်း ဝင်ကစားရင်း သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာကြောင့် လက်စတာ စီးတီးအသင်းထံကို ရောက်ရှိခဲ့ပြီး ပရော်ဖက်ရှင်နယ် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဗာဒီဟာ လက်စတာအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားတစ်လုံးကို ရရှိထားသူပါ။

Photo Credit: Daily Mail

၁။ စမောလင်း

လက်ရှိမှာ အီတလီ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရိုးမားအသင်းရဲ့ အဓိက နောက်ခံလူ တစ်ဦး ဖြစ်နေတဲ့ စမောလင်းဟာ တစ်ချိန်က အပျော်တမ်း ဘောလုံး အသင်းတစ်သင်း ဖြစ်တဲ့ မိတ်ဒ်စတုန်း ယူနိုက်တက် ဆိုတဲ့ အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။ စမောလင်းဟာ အင်္ဂလန်ရဲ့ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကာလရှည် ကစားဖူးတဲ့ ကစားသမား တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ အောင်မြင်မှုဟာ ဘယ်လောက် အထိ တိုးတက်ခဲ့လဲ ဆိုတာ အားလုံးလည်း သိကြမှာပါ။ စမောလင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ် ၊ ကွန်မြူနတီဒိုင်း ၃ကြိမ် ၊ ယူရိုပါလိဂ်ဖလား ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကာရာဘောင်းဖလား ၁ကြိမ်တို့ကို ရယူနိုင်ခဲ့သူပါ။