ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်က သူတို့အသင်း လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကျပ်အတည်း အခြေအနေတွေအပေါ်မှာ ကလပ်အသင်းရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ထိတ်လန့်ကြောက်ရွံမှုတွေ ရှိနေနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Al Jazeera

ဥရောပ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ပိုင်ရှင် ရုရှားသူဌေး ရိုမန်အေဘရာမိုဗစ်ချ်အပေါ် ဗြိတိန်အစိုးရကနေ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပြီး မိုဗစ်ချ်ရဲ့ ပိုင်ဆိုင်မှုတွေကိုပါ ထိန်းချုပ်လိုက်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် မထင်ထားလောက်အောင် ထိခိုက်နစ်နာလာခဲ့ရပါတယ်။ ဒီလို အခြေအနေတွေအပေါ် ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေ ဝန်ထမ်းတွေက အသင်းရဲ့ မရေမရာ ဖြစ်နေရတဲ့ အနာဂတ် အကြောင်းအရာတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြရတယ်လို့ နည်းပြတူဟယ်လ်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Boss Tuchel says Blues players and staff are 'Frightened and scared'

Photo Credit : The Sun

လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး တူဟယ်လ်က “တချို့ကစားသမားတွေက မသေချာ မရေရာမှုတွေကို ခံစားရလိမ့်မယ်။ တချို့ကတော့ နည်းနည်းလောက်တော့ ထိတ်လန့်နေမယ်။ တချို့က စိုးရိမ်နေကြလိမ့်မယ်။ ဒါဟာ ပုံမှန်ပါပဲ။ ဒါက ကစားသမားတွေတင် မကပါဘူး။ ကျွန်တော်တို့အသင်းမှာလည်း ဝန်ထမ်းတွေ အများကြီး ရှိပါတယ်။ သူတို့တွေဆီမှာ မသေချာ မရေရာမှုတွေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့အားလုံးရဲ့ကြားမှာ ယုံကြည်မှုထားဖို့နဲ့ ယုံကြည်မှုကို ထိန်းသိမ်းထားဖို့က အရမ်းကို အရေးကြီးပါတယ်။ ကျွန်တော်တို့က ကိုယ့်ကိုကိုယ် အားကိုးပြီး နောက်ဆုံးမှာလည်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ အားကစားကိုသာ အာရုံစိုက်တဲ့ လူတွေဖြစ်လာအောင်ပဲ လုပ်ခွင့်ပြုသွားမှာပါ။ ကျွန်တော်တို့ကြောင့် ဒီအခြေအနေ ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး။ ဒီအခြေအနေကိုလည်း ကျွန်တေ်ာတို့ မဖြေရှင်းနိုင်ပါဘူး။ အကောင်းဆုံး နည်းလမ်းကတော့ အောင်ပွဲတွေ ဆက်လက်ရယူဖို့ပါပဲ။ လက်ရှိမှာကတော့ ဆူဆူညံ့ည့ံ အသံတွေကြောင့် ကျွန်တော်တို့အတွက် အနည်းငယ်လေး ခက်ခဲနေရတာပါ။ ဒါပေမယ့်လည်း ကျွန်တော်တို့ လုပ်ဆောင်နေရတဲ့ အရာတွေကို ပျော်ပျော်လုပ်နေနိုင်တုန်းပါပဲ။ အရာရာတိုင်းကိုလည်း ပေးဆပ်သွားဖို့လည်း တာဝန်ရှိပါတယ်။ ဒါတွေက ကျွန်တော်တို့ လုပ်ဆောင်နေတာတွေဖြစ်ပြီးတော့ ကျွန်တော်တို့ ဒီလိုကြားထဲကနေပဲ ရလဒ်ကောင်းတွေ စွမ်းဆောင်ရည်ကောင်းတွေပါ ထုတ်ဖော်ပြသနိုင်ခဲ့တာကို အရမ်းဝမ်းမြောက်မိတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။