င်္ပြီးခဲ့တဲ့ နွေရာသီတုန်းက အပြောင်းအရွှေ့သတင်းပေါင်းများစွာ အထွက်ပေါ်ခဲ့ဆုံး ကစားသမားတစ်ဦးဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်က သူ့အနေနဲ့ ဘယ်ကလပ်အသင်းကိုမှ ပြောင်းရွှေ့ကစားလိုခြင်း မရှိပဲ လက်ရှိကလပ် ဘာစီလိုနာအသင်းမှာသာ အမြဲတမ်း ပါဝင်သွားချင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : Bola

ပြီးခဲ့တဲ့ နွေရာသီဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်ခဲ့တဲ့ ဒီဂျောင်ဟာ ဘာစီလိုနာက သူ့ကို ရောင်းထုတ်ဖို့အထိ စီစဉ်ခဲ့ပေမယ့် ဒီဂျောင်ကိုယ်တိုင်က အသင်းနဲ့ လက်တွဲဖုတ်ဖို့ ငြင်းဆန်ခဲ့ပြီး အသင်းမှာသာ ဆက်လက် ရှိနေခဲ့ပါတယ်။ ဒီဂျောင်ကို ယူနိုက်တက်အပြင် ချယ်လ်ဆီး လီဗာပူးလ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေပါ ကြိုးစားခဲ့ကြပေမယ့်လည်း ကစားသမားကတော့ ဘာစီလိုနာကိုသာ ဖက်တွယ်နေခဲ့ပြီး ကမ်းလှမ်းမှုတွေ အားလုံး ပယ်ချခဲ့ကာ ဘာစီလိုနာနဲ့ပဲ လက်တွဲခဲ့ပါတယ်။

Photo Credit : Bola Kompass

နွေဈေးကွက်အတွင်း ကမ်းလှမ်းမှုပေါင်းများစွာ အထူးသဖြင့် သူရဲ့ဆရာသမားဟောင်း တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းမှုပါ ရရှိခဲ့ပေမယ့် သူရဲ့ဘာစီလိုနာအသင်းအပေါ် ချစ်မြတ်နိုးမှု ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲလိုမှုတွေကြောင့် ကမ်းလှမ်းမှုတွေအပေါ် စိတ်ဝင်စားခြင်း မရှိခဲ့ဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒီဂျောင်က “ကျွန်တော် အမြဲတမ်း ဘာစီလိုနာအသင်းမှာပဲ ဆက်နေချင်တာပါ။ ဒါကြောင့်မို့လို့ နွေရာသီတစ်လျှောက်လုံး ကျွန်တော်က အေးအေးဆေးဆေး ဖြတ်သန်းနေနိုင်ခဲ့တာ။ အသေးစိတ်ကိုတော့ အများကြီး မပြောနိုင်ပါဘူး။ ဒါပေမယ့် ကြည့်လေ ကလပ်အသင်းမှာက သူတို့ ကိုယ်ပိုင်စိတ်ကူးတွေ ရှိနိုင်ပြီး ကျွန်တော့်မှာလည်း ကိုယ်ပိုင်စိတ်ကူးတွေ ရှိနေတော့ တစ်ခါတစ်ရံမှာ အဲ့ဒီစိတ်ကူးတွေက ကွဲလွဲတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ အခြေအနေတွေ ကောင်းသွားခဲ့ပါပြီ” လို့ ရှင်းလင်း ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာဘက်ကတော့ ဒီနှစ် ဘောလုံးရာသီအတွင်း ဒီဂျောင်ကို ပုံမှန် ပွဲထွက်ကစားခွင့်တွေ သိပ်မပေးထားခဲ့ပဲ (၄)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုထားခဲ့သလို ကျန်တဲ့ (၄)ပွဲမှာတော့ လူစားဝင် ကစားသမားအဖြစ်နဲ့ပဲ အသုံးပြုထားခဲ့ပါတယ်။ ဒီဂျောင်ဟာ လက်ရှိမှာလည်း ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။