ကိုရိုနာဗိုင်းရပ်စ် ဂယက်တွေကြောင့် စီးပွားရေးတွေ ကျဆင်းလာရမှုနဲ့စပ်လျဥ်းပြီး ဘောလုံးအသင်းတွေရဲ့ ဝင်ငွေတွေဟာလည်း သိသိသာသာ ကျဆင်းလာခဲ့ရတာကြောင့် ဒီလိုအချိန်မှာ အသင်းဘက်ကနေ ကစားသမားသစ် မဖြစ်မနေ လိုအပ်လာခဲ့ရင် ပြောင်းရွေးကြေးမပါဝင်ပဲ အချိန်မရွေး ခေါ်ယူလို့ရနိုင်မယ့် Free Agents ကစားသမားတွေ ရှိလို့နေပါတယ်။ ဒီကစားသမားတွေကတော့…

Photo Credit : The Sun

ဂိုးသမားနေရာမှာဆိုရင် သိပ်များများစားစားတော့ ရှိမနေပါဘူး။ ဗီလာမှာ ပါဝင်ကစားဖူးတဲ့ ဒိန်းမတ်ဂိုးသမားနိုင်လန်တစ်ယောက်လောက်သာ ရှိလို့နေပြီး အောက်တိုဘာလကတည်းက ဗီလာနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

Photo Credit : The Sun

နောက်တန်းမှာဆိုရင်တော့ Free Agent ကစားသမားအရေအတွက်များတယ်။ ယန်းမတ် ဂါရေးတို့ကတော့ လက်ရှိမှာ အသင်းသစ်ပြောင်းရဖို့ အသံထွက်နေသူတွေဖြစ်သလို ဒီကစားသမားတွေအပြင် အန်တိုနီယိုဗလင်စီယာ အက်ရှ်လေဝီလီယံစ် ဒန်နီဆင်ပဆန်တို့ဟာလည်း အသင်းလက်မဲ့တွေအဖြစ် ရှိလို့နေပါတယ်။

Photo Credit : The Sun

ကွင်းလယ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ အာဆင်နယ် ကစားသမားဟောင်း ဝီရှိုင်းယား ချယ်ခ်ဆီး ကစားသမားဟောင်း ရာမီရက်ဇ် ယူနိုက်တက် ကစားသမားဟောင်း ကာဂါဝါနဲ့ အင်တာ ကစားသမားဟောင်း အဆာမိုတို့ Free Agent ဖြစ်နေတဲ့အပြင် ဟယ်ဒယ်စတုန်း ကာဘာယီ နာဆရီ အန်ဒီကင်းနဲ့ ကားလို့စ်ဆန်းချက်ဇ်တွေလည်း အသင်းလက်မဲ့ ဖြစ်နေကြပါတယ်။

Photo Credit : The Sun

တိုက်စစ်ပိုင်းမှာတော့ Free Agent ကစားသမားတွေ ပေါပေါလောလောကို ရှိနေပါတယ်။ ဝါရင့်ကြီးတွေဖြစ်တဲ့ ရော်ဘင်ဟို ဖာဖန် မန်ဇူကစ်တို့လို တိုက်စစ်မှူးကြီးတွေအပြင် ပါတို စတာရစ် ဘိုနီ ဂျီဆီရိုဒရီဂွက်ဇ်တို့လို အသက်သုံးဆယ်စွန်းစွန်း တိုက်စစ်မှူးတွေကလည်း အသင်းလက်မဲ့တွေအဖြစ် ရှိလို့နေပါတယ်။