မန်ယူအသင်းရဲ့ ကွင်းလယ်လူ ဖရက်ကတော့ ယခုအပတ်၊ တနင်္ဂနွေနေ့ည၊ လက်စတာစီးတီးအသင်းနဲ့ ကစားသွားမယ့် ပရီးမီးယားလိဂ် နောက်ဆုံး ပွဲစဉ် မတိုင်ခင် နောက်ရာသီမှာ ချန်ပီယံ လိဂ် ဖလား ရရှိဖို့ မျှော်လင့်တယ်လို့ မန်ယူအသင်းရဲ့ ဝက်ဆိုဒ်မှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်သွားမယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ ဆုံးရှုံးနိုင်ပြီး လက်စတာစီးတီးအသင်းကို သရေကျမယ်၊ ဒါမှမဟုတ် အနိုင်ရရှိမယ် ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) အတွင်းနဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရရှိသွားမှာ ဖြစ်ပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဖရက်ဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) ပွဲ ကစားထားရာမှာ (၁) ဂိုးမှ မသွင်းနိုင်ပေမယ့်လည်း ပြိုင်ပွဲစုံ ပွဲစဉ် (၄၅) ပွဲ ကစားထားရာမှာ သွင်းဂိုး (၂) ဂိုး သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ပွဲစဉ်မှာတော့ ကစားခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာ ရရှိထားတဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ချေ များနေပေမယ့်လည်း မသေချာသေးတာ ဖြစ်ပြီး ဖရက်ကတော့ နောက်နှစ် ရာသီမှာ ချန်ပီယံလိဂ် ရရှိဖို့အထိ ရည်မှန်းထားသွားပြီ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းရဲ့ ဝက်ဆိုဒ်မှာ ဖရက်က “အသင်းအနေနဲ့ ကျွန်တော်တို့က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နှစ်တိုင်း ကစားသင့်ပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့က အသင်းကြီး ဖြစ်လို့ ဖြစ်ပါတယ်။ ဒီတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်လာရမှာက ကျွန်တော်တို့ ကစားသမားတွေအတွက် တကယ် အရေးကြီးပါတယ်။ ဒီဟာက အသင်းအတွက်လည်း အရေးကြီးတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲက ကစားသမားတွေ နဲ့ အသင်းအတွက် ထိုက်တန်တဲ့ အရာပါ။ နောက်ရာသီမှာ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြန်လာရမယ် ဆိုရင် အလွန် ကောင်းမှာ ဖြစ်ပြီး ကျွန်တော်တို့ ဖလား ရရှိဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော် မက်ဂွိုင်းယားအတွက် အလွန် ပျော်ရွင်မိတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူအနေနဲ့ သူ့ရဲ့ အသင်းဖော်ဟောင်းတွေနဲ့ ပြန်တွေ့ရမှာ ဖြစ်တာကြောင့်ပါပဲ”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။