စပို့တင်းအသင်းကနေ ယူနိုက်တက်အသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ် ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင်၆၈သန်းနဲ့အတူ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ် ဟာ ယနေ့မနက်မှာတော့ ယူနိုက်တက်နဲ့ ဝုဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး ပရိသတ် သဘောကျတဲ့ ခြေစွမ်းကို ထုတ်ပြနိုင်ခဲ့တယ် လို့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Mirror.com

လက်ရှိအချိန်မှာ ဘောလုံးဝေဖန် သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမား ဂယ်ရီနဗီးလ်ကလည်း သူဟာ ဖာနန်ဒက်စ်ရဲ့ ပွဲဦးထွက်ခြေစွမ်းကို သဘောကျကြောင်းနဲ့ ဒုတိယပိုင်းမှာ ဖရက်ဒ်နဲ့ တွဲကာ ကွင်းလယ်အထိုင်အဖြစ် ကစားခဲ့ချိန်မှာ ပိုပြီးတော့ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ကြောင်း သုံးသပ်ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဖာနန်ဒက်စ်ရဲ့ ပွဲဦးထွက်ခြေစွမ်းအပေါ် ဂယ်ရီနဗီးလ်က ” အခုက အစောကြီးရှိသေးပေမယ့် သူ စွမ်းဆောင်ပြခဲ့တာနဲ့ ပတ်သတ်ပြီး သဘောကျပါတယ်။ သူက အဆင်ပြေခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီပွဲစဉ်က သူ့အတွက် ခက်ခဲတဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ သူ့ရဲ့သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေကိုပဲ ကြားဖူးပေမယ့် ဒီနေ့ပွဲမှာတော့ သူဟာ ဖရက်ဒ်နဲ့တွဲပြီး ကွင်းလယ်ကို ဒုတိယပိုင်းမှာ ထိန်းကျောင်းသွားခဲ့ပါတယ်။ ဒါက အရမ်းကိုကောင်းတဲ့ ခြေစွမ်းပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror.com

ဆက်လက်ပြီး ဂယ်ရီနဗီးလ်က ဖရက်ဒ်နဲ့ ဖာနန်ဒက်စ်အတွဲအပေါ် ” ဖာနန်ဒက်စ်က ဒီနေ့ပွဲမှာ နေရာစုံကို သွားပြီး ကစားသွားခဲ့ပါတယ်။ သူက ပွဲကို ထိန်းချုပ်ဖို့ နေရာစုံရွေ့လျားသွားပြီး နေရာလွတ်တွေကို ရှာဖွေခဲ့ပါတယ်။ ဒါပေမယ့် သူက ကောင်းကောင်း မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒုတိယပိုင်းမှာတော့ သူက ပိုပြီးတော့ ထိန်းချုပ် ကစားနိုင်ခဲ့ပြီး ဒါက အတော်လေးကို ကောင်းတဲ့ ပွဲဦးထွက်ပါပဲ။ ဖရက်ဒ်က အခုချိန်မှာ အတော်လေးကို ကောင်းမွန်နေပြီး ဒီကစားသမားနှစ်ယောက်ရဲ့ အတွဲအဖက်နဲ့အနာဂတ်က အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပါပြီ ” လို့ သုံးသပ်ပြောဆိုသွားခဲ့တာပါ။