MySport Myanmar

ရိုနယ်ဒိုက သူတို့အသင်းဆီ ပြောင်းလာဖို့ ကြိုးစားခဲ့ကြောင်း အတည်ပြုခဲ့တဲ့ ဖရန့်ဖတ်

ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ဖရန့်ဖတ်ရဲ့ အကြီးအကဲ တဦး ဖြစ်သူ ဟယ်လ်မန်းက ပေါ်တူဂီ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ သူတို့အသင်းဆီ ပြောင်းရွှေ့လာဖို့ ကြိုးစားခဲ့ဖူးကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက မကြာသေးမီကပဲ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းထားသူ ဖြစ်ပြီး သူဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာလည်း မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပါသေးတယ်။

Photo Credit: Goal

ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ယူရိုပါလိဂ် မကစားချင်တာကြောင့် ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်စ်က ရိုနယ်ဒိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပို့ဆောင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘဝ နောက်ဆုံးအချိန်ကို ရောက်နေသလို လုပ်ခလစာ မြင့်မားလွန်းတဲ့ ရိုနယ်ဒိုကို ခေါ်ဖို့ စိတ်ဝင်စားတဲ့ အသင်းအရေအတွက်ဟာ အတော်လေးကို နည်းပါးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ၊ အက်သလက်တီကို မက်ဒရစ် ၊ မာဆေးလ် ၊ အေစီမီလန် ၊ နာပိုလီ စတဲ့ အသင်းတွေက ရိုနယ်ဒိုကို ခေါ်ယူနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆိုပါ အခွင့်အရေးတွေကို ငြင်းဆန် ပယ်ချခဲ့ကြပြီး လက်ရှိမှာတော့ ဖရန့်ဖတ်ရဲ့ အကြီးအကဲ ဖြစ်သူ ဟယ်လ်မန်းကလည်း ရိုနယ်ဒိုဟာ သူတို့အသင်းဆီ ပြောင်းလာဖို့ ကြိုးစားခဲ့ဖူးကြောင်းနဲ့ သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း ပြောကြားလာပါတယ်။

Photo Credit: Squawka

ဟယ်လ်မန်းက – “ရိုနယ်ဒိုဟာ ကျွန်တော်တို့အသင်းဆီ ပြောင်းလာဖို့ ကြိုးစားခဲ့ပါသေးတယ်။ ကျွန်တော်တို့ကလည်း သူ့ကို သင့်တင့်တဲ့ ကမ်းလှမ်းမှု တခု လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သဘောတူညီမှု မရခဲ့ပါဘူး။ ကျွန်တော်ကတော့ သူ့ရဲ့ အေးဂျင့်ဟာ ရိုနယ်ဒိုကို ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အသင်းတွေ အားလုံးဆီ ကမ်းလှမ်းခဲ့တယ်လို့ပဲ ယူဆပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version