MySport Myanmar

ဟာလန်းကို ချယ်လ်ဆီးအသင်းဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ လမ်းပတ်

ချယ်လ်ဆီးအသင်းရဲ့ ယာယီနည်းပြ ဖရန့်လမ်းပတ်က သူ ချယ်လ်ဆီးကို စတင် ကိုင်တွယ်ခဲ့ချိန်တုန်းက လက်ရှိ ပရီးမီးယားလိဂ်မှာ ရှယ်ကြမ်းနေတဲ့ တိုက်စစ်ကစားသမား အာလင်းဟာလန်းကို အသင်းဆီ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Goal

ချယ်လ်ဆီးရဲ့ legend ကစားသမားဟောင်းကြီး လမ်းပတ်ဟာ ဒါဘီကောင်တီအသင်းကို ကိုင်တွယ်ပြီးနောက် ၂၀၁၉ခုနှစ်မှာပဲ ချယ်လ်ဆီးနည်းပြ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက လမ်းပတ်ရဲ့ ချယ်လ်ဆီးဟာ သြစတြီးယားကလပ် ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့ ခြေစမ်းပွဲ ကစားခဲ့ရာ ဆာလ်ဇ်ဘာ့ဂ် တိုက်စစ်မှူး ဟာလန်းရဲ့ စွမ်းဆောင်ရည်ကို လမ်းပတ်က သဘောကျသွားခဲ့ပါတယ်။ ဒါကြောင့်လည်း ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် အသင်းဆီ အရ မခေါ်နိုင်ခဲ့သလို ဟာလန်းကလည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ ဆောင်းစျေးကွက်မှာပဲ ဒေါ့မွန်အသင်းဆီ ပြောင်းသွားခဲ့ပါတယ်။

Photo Credit : talkSPORT

အခုတော့ လမ်းပတ်ဟာ သူ ခေါ်ယူချင်ခဲ့တဲ့ ဟာလန်းနဲ့ ပြိုင်ဘက်တွေအဖြစ် နောက်တစ်ကြိမ် ထပ်မံ ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူဟာ ဟာလန်းရဲ့ big fan တစ်ဦးလို့ပါ ပြောဆိုသွားခဲ့ပါတယ်။ “ကစားသမားတစ်ဦးအနေနဲ့ အာလင်းအပေါ်မှာ ကြီးမားတဲ့ လေးစားမှု ထားရှိပါတယ်။ ကျွန်တော် ချယ်လ်ဆီးကို စရောက်စဥ်တုန်းက သူ့ကို ပထမဆုံး ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါသေးတယ်။ ကျွန်တော် သူ့ကို အရ ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့ပေမယ့်လည်း ဒါက ဖြစ်မလာခဲ့ပါဘူး။ သူ ဒီကို ပြောင်းရွှေ့လာဖို့ ဆုံးဖြတ်ခဲ့ဖူးသလားဆိုတာ မသိရပေမယ့် ကျွန်တော်ကတော့ သူရဲ့အမာခံ ပရိသတ်ပါ။ အဲ့ဒီအချိန်တုန်းက သူ့ကို အရခေါ်ဖို့အတွက် ပြိုင်ဆိုင်မှုတွေလည်း ပြင်းထန်းခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူက ထူးချွန်တဲ့ ကစားသမား ဖြစ်​​နေလို့ပါပဲ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : RTE

ဟာလန်းရဲ့ မန်စီးတီးအသင်းက လမ်းပတ်ရဲ့ချယ်လ်ဆီးအသင်းကို ဒီတစ်ပတ် Super Sunday ပွဲစဥ်မှာ အနိုင်ရလိုက်တာနဲ့ ဟာလန်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ဖလားအပြင် မန်စီးတီးအတွက်လည်း ပထမဆုံးအကြိမ် (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ်ဖလား ချန်ပီယံ ဖြစ်လာပါလိမ့်မယ်။

Exit mobile version