ခ်ယ္လ္ဆီးအသင္းရဲ႕ နည္းျပဘဝနဲ႔ ျပန္လည္ေရာက္ရွိလာခဲ႔တဲ႔ အသင္းရဲ႕ ဂႏၱဝင္ကစားသမားေဟာင္း ဖရန္႔လမ္းပတ္ဟာ သူရဲ႕ နည္းျပဘဝပထမဦးဆုံးေသာ ပရီးမီးယားလိဂ္ပြဲမွာ မန္ခ်က္စတာယူႏုိက္တက္အသင္းကုိ ၄ဂုိး ဂုိးမရွိနဲ႔ ဂုိးျပတ္အေရးနိမ့္ခဲ႔ရၿပီး အရွက္တကြဲ အက်ိဳးနည္းျဖစ္ခဲ႔ရပါတယ္။ လမ္းပတ္အတြက္ ဒုတိယေျမာက္ပြဲစဥ္ကေတာ့ လီဗာပူးလ္အသင္းနဲ႔ ရင္ဆုိင္ရမယ့္ ဥေရာပစူပါဖလားပြဲစဥ္ျဖစ္ေနတာေၾကာင့္မုိ႔ ဒီပြဲကုိ ႏိုင္လိုက္မယ္ဆုိင္ လမ္းပတ္အတြက္ သက္သာရာရသြားႏုိင္ေပမယ့္ ထပ္ရွံးလုိက္မယ္ဆုိရင္ေတာ့ လမ္းပတ္အတြက္ အႀကီးအက်ယ္ အခက္ေတြ႔သြားေစႏုိင္ပါတယ္။

Photo Credit : Getty Images

လမ္းပတ္ဟာ ခ်ယ္လ္ဆီးကစားသမားဘဝမွာကတည္းက ဥေရာပစူပါဖလားၿပိဳင္ပြဲကုိ ၂ႀကိမ္အထိ ဆင္ႏြဲခဲ႔ဖူးၿပီး အဲ႔ဒီ၂ႀကိမ္လုံးမွာ အသက္လက္တီကုိမက္ဒရစ္အသင္းကုိေရာ ဘုိင္ယန္ျမဴးနစ္အသင္းကုိပါ အေရးနိမ့္ခဲ့ရပါတယ္။ ဒီလုိ စူပါဖလားကံမစပ္ခဲ႔တဲ႔ လမ္းပတ္ဟာ အခုတႀကိမ္ နည္းျပဘဝမွာေရာ ဥေရာပစူပါဖလားကုိ အရယူျပႏုိင္မလားဆုိတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ဒီပြဲနဲ႔ပတ္သက္ၿပီး လမ္းပတ္က “ကြ်န္ေတာ့္မွာ ဒီၿပိဳင္ပြဲနဲ႔ပတ္သက္ၿပီး အေကာင္းဆုံးသင္ခန္းစားရခဲ႔တဲ႔ ပြဲ၂ပြဲရွိခဲ႔ဖူးပါတယ္။ အဲ႔ဒီ၂ႀကိမ္လုံးမွာ ကြ်န္ေတာ္အေရးနိမ့္ခဲ႔တာျဖစ္လုိ႔ ဒီတစ္ႀကိမ္မွာေတာ့ ေသခ်ာတုိက္ပြဲဝင္သြားမွာပါ”

Photo Credit : Getty Images

“ဒီပြဲအတြက္ ကြ်န္ေတာ္တုိ႔ေတြ လုံးဝအဆင္သင့္ျဖစ္ေနဖုိ႔ေတာ့လုိတယ္။ ဒီဖလားက ကြ်န္ေတာ္တုိ႔ မျဖစ္မေန ရယူသြားရမယ့္ဖလားပါ။ ကြ်န္ေတာ္လည္းမရဘူးသလုိ ကစားသမားေတာ္ေတာ္မ်ားမ်ားကလည္း ဒီဖလားကုိ မရဖူးၾကဘူး။ ဒါေၾကာင့္ ဒီဖလားကုိ ပုိင္ဆုိင္ႏိုင္ဖုိ႔အတြက္ အရာအားလုံးကုိ ေပးဆပ္သြားရမယ္။ လီဗာပူးလ္ကလည္း အသင္းေကာင္းတစ္သင္းပါ။ ကြ်န္ေတာ္က အရည္အေသြးျမင့္မားတဲ႔ အသင္းတစ္သင္းနဲ႔ ထိပ္တုိက္ရင္ဆုိင္ရမွာပါ။ ဗုိလ္လုပြဲမွာ ရွုံးေကာင္းရွုံးႏုိင္ပါတယ္။ ဒါေပမယ့္ ႏုိင္ပြဲဆာေလာင္ေနတဲ႔စိတ္ေတြ ျပင္ဆင္ခ်က္ေတြရွိေနရင္ေတာ့ ေအာင္ျမင္ႏုိင္ဖုိ႔ သိပ္မလုိပါဘူး”

Photo Credit : Getty Images

“ဒီပြဲက ကြ်န္ေတာ္ရဲ႕ နည္းျပဘဝ ပထမဦးဆုံးေသာ ၿပိဳင္ဆုိင္မႈအျပင္းထန္ဆုံးပြဲ ျဖစ္လာမွာပါ။ အသင္းက ကစားသမားေတြအေနနဲ႔ကလည္း ဒီပြဲဟာ မိမိတုိ႔အသင္းအတြက္ ဘယ္ေလာက္အထိကုိ အေရးပါေနသလဲဆုိတာ သတိထားမိၾကဖုိ႔လုိပါတယ္။ ကြ်န္ေတာ္တုိ႔အားလုံး အကုန္ဆုံးႀကိဳးစားရမယ္။ ပြဲရွုံးနိမ့္ၿပီးမွ ငါတူိ႔ေတြ မလုပ္ႏိုင္ခဲ႔ဘူးတုိ႔ အခြင့္အေရးေတြကုိ လြဲေခ်ာ္ခဲ႔ရတာတုိ႔ ဒီပြဲအတြက္ အဆင္သင့္မျဖစ္ေသးဘူးတိ႔ုဆုိတဲ႔ ဆင္ေျခေတြကုိ ေပးေနလုိ႔မရပါဘူး” လုိ႔ UEFA.com ရဲ႕ အင္တာဗ်ဴးအစီအစဥ္မွာ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္ခင္ဗ်ာ။

(Unicode)

ချယ်လ်ဆီးအသင်းရဲ့ နည်းပြဘဝနဲ့ ပြန်လည်ရောက်ရှိလာခဲ့တဲ့ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း ဖရန့်လမ်းပတ်ဟာ သူရဲ့ နည်းပြဘဝပထမဦးဆုံးသော ပရီးမီးယားလိဂ်ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ၄ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရပြီး အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရပါတယ်။ လမ်းပတ်အတွက် ဒုတိယမြောက်ပွဲစဉ်ကတော့ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားပွဲစဉ်ဖြစ်နေတာကြောင့်မို့ ဒီပွဲကို နိုင်လိုက်မယ်ဆိုင် လမ်းပတ်အတွက် သက်သာရာရသွားနိုင်ပေမယ့် ထပ်ရှံးလိုက်မယ်ဆိုရင်တော့ လမ်းပတ်အတွက် အကြီးအကျယ် အခက်တွေ့သွားစေနိုင်ပါတယ်။

Photo Credit : Getty Images

လမ်းပတ်ဟာ ချယ်လ်ဆီးကစားသမားဘဝမှာကတည်းက ဥရောပစူပါဖလားပြိုင်ပွဲကို ၂ကြိမ်အထိ ဆင်နွဲခဲ့ဖူးပြီး အဲ့ဒီ၂ကြိမ်လုံးမှာ အသက်လက်တီကိုမက်ဒရစ်အသင်းကိုရော ဘိုင်ယန်မြူးနစ်အသင်းကိုပါ အရေးနိမ့်ခဲ့ရပါတယ်။ ဒီလို စူပါဖလားကံမစပ်ခဲ့တဲ့ လမ်းပတ်ဟာ အခုတကြိမ် နည်းပြဘဝမှာရော ဥရောပစူပါဖလားကို အရယူပြနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒီပွဲနဲ့ပတ်သက်ပြီး လမ်းပတ်က “ကျွန်တော့်မှာ ဒီပြိုင်ပွဲနဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ခန်းစားရခဲ့တဲ့ ပွဲ၂ပွဲရှိခဲ့ဖူးပါတယ်။ အဲ့ဒီ၂ကြိမ်လုံးမှာ ကျွန်တော်အရေးနိမ့်ခဲ့တာဖြစ်လို့ ဒီတစ်ကြိမ်မှာတော့ သေချာတိုက်ပွဲဝင်သွားမှာပါ”

Photo Credit : Getty Images

“ဒီပွဲအတွက် ကျွန်တော်တို့တွေ လုံးဝအဆင်သင့်ဖြစ်နေဖို့တော့လိုတယ်။ ဒီဖလားက ကျွန်တော်တို့ မဖြစ်မနေ ရယူသွားရမယ့်ဖလားပါ။ ကျွန်တော်လည်းမရဘူးသလို ကစားသမားတော်တော်များများကလည်း ဒီဖလားကို မရဖူးကြဘူး။ ဒါကြောင့် ဒီဖလားကို ပိုင်ဆိုင်နိုင်ဖို့အတွက် အရာအားလုံးကို ပေးဆပ်သွားရမယ်။ လီဗာပူးလ်ကလည်း အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်က အရည်အသွေးမြင့်မားတဲ့ အသင်းတစ်သင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။ ဗိုလ်လုပွဲမှာ ရှုံးကောင်းရှုံးနိုင်ပါတယ်။ ဒါပေမယ့် နိုင်ပွဲဆာလောင်နေတဲ့စိတ်တွေ ပြင်ဆင်ချက်တွေရှိနေရင်တော့ အောင်မြင်နိုင်ဖို့ သိပ်မလိုပါဘူး”

Photo Credit : Getty Images

“ဒီပွဲက ကျွန်တော်ရဲ့ နည်းပြဘဝ ပထမဦးဆုံးသော ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပွဲ ဖြစ်လာမှာပါ။ အသင်းက ကစားသမားတွေအနေနဲ့ကလည်း ဒီပွဲဟာ မိမိတို့အသင်းအတွက် ဘယ်လောက်အထိကို အရေးပါနေသလဲဆိုတာ သတိထားမိကြဖို့လိုပါတယ်။ ကျွန်တော်တို့အားလုံး အကုန်ဆုံးကြိုးစားရမယ်။ ပွဲရှုံးနိမ့်ပြီးမှ ငါတိူ့တွေ မလုပ်နိုင်ခဲ့ဘူးတို့ အခွင့်အရေးတွေကို လွဲချော်ခဲ့ရတာတို့ ဒီပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးတို့ဆိုတဲ့ ဆင်ခြေတွေကို ပေးနေလို့မရပါဘူး” လို့ UEFA.com ရဲ့ အင်တာဗျူးအစီအစဉ်မှာ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။