ချဲလ်ဆီး နည်းပြ လမ်းပတ်ကတော့ ယခုအပတ် အင်္ဂါနေ့ည ကစားသွားမယ့် အက်ဖ်အေ ဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို အနိုင်ယူသွားမယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ်ဟာ အသင်းရဲ့ အဓိက ကစားသမားတွေ အချို့ ဒဏ်ရာရနေကြတာကြောင့် လီဗာပူးလ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ အပြောင်းအလဲ ပြုလုပ်သွားနိုင်ချေ ရှိပါတယ်။ ချဲလ်ဆီး ကွင်းလယ်လူ ကန်တေ နဲ့ တောင်ပံ ကစားသမား အိုဒွိုင်းတို့ကတော့ သေချာပေါက် လွဲချော်သွားမှာ ဖြစ်ပြီး ပူလီဆစ် နဲ့ အေဘရာဟင်တို့လည်း မပါဝင်လာနိုင်ချေ များပါတယ်။

Photo Credit: Liverpoolecho

ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ရင်ဆိုင်နေရပေမဲ့လည်း လီဗာပူးလ်အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာ ပါဝင်လာနိုင်ချေရှိပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ချဲလ်ဆီးအသင်းက ဘုန်းမောက်အသင်းနဲ့ သရေကျပြီး လီဗာပူးလ် အသင်းကတော့ ဝက်ဖို့ဒ်အသင်းကို (၃-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိ စံချိန် ရပ်တန့်ခဲ့ပါတယ်။ နည်းပြ လမ်းပတ်ကတော့ ယခုအပတ် အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့ နံနက် (၂း၂၅) အချိန်၊ လီဗာပူးလ်နဲ့ FA ဖလား ပဉ္စမအဆင့် ကစားမယ့် ပွဲစဉ်မှာ အနိုင်ယူသွားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Liverpoolecho

နည်းပြ လမ်းပတ်က “အကောင်းဆုံး ပြင်ဆင်ပြီး အနိုင်ကစားသွားပါမယ်။ လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ကျွန်တော်တို့ ပရိတ်သတ်တွေက အက်ဖ်အေဖလား ပြိုင်ပွဲမှာ အကောင်းဆုံး အသင်းကို အလဲထိုးတာ မြင်ချင်ကြမှာပါပဲ။ ဒီပွဲစဉ်မှာ ကျွန်တော်အနေနဲ့ ကစားသမားအချို့ကို အပြောင်းအလဲ ပြုလုပ်နိုင်ပါတယ်။ အသင်းမှာ ကြံခိုင်ရေး ပြည့်ဝလာတဲ့ ကစားသမားတွေ နဲ့ အခြား ရွေးချယ်စရာတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ကစားသမားတွေကို ပွဲကစားချိန် ပေးဖို့ ရွေးချယ်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော် ဒီပွဲစဉ်ကို ပရီးမီးယားလိဂ် ဘယ်ပွဲစဉ်မှာမှ မလုပ်ခဲ့သလို ပြုလုပ်သွားမှာပါ”လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားခဲ့ပါတယ်။