MySport Myanmar

ရိုးမားအသင်းကို ကိုင်တွယ်သွားရဖို့ ရှိလာနိုင်တဲ့ ဖရန့် လမ်းပတ်

ချယ်လ်ဆီး ဒါဘီနဲ့ အဲဗာတန်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ဖရန့် လမ်းပတ်ဟာ အသင်းလက်မဲ့ ဖြစ်လို့နေပေမယ့် လက်ရှိမှာတော့ နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေတဲ့ ရိုးမားအသင်းရဲ့ နည်းပြရာထူးအတွက် လျာထားတဲ့ စာရင်းထဲမှာ အပါအဝင် ဖြစ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရိုးမားအသင်းဟာ ဒီရာသီအတွင်းမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်ထားခဲ့ရပြီး ဒီရော့ဆီနေရာမှာ စီးရီးအေ အတွေ့အကြံရှိ ခရိုအေးရှားလူမျိုး နည်းပြ အိုင်ဗန် ဂျူရစ်ကို တာဝန်ပေးထားခဲ့ပေမယ့်လည်း အခု ဂျူရစ်လက်ထက်မှာပါ အသင်းက ပြိုင်ပွဲစုံ (၁၀)ပွဲအထိ ကစားပြီးချိန် နိုင်ပွဲ (၄)ပွဲ ရှုံးပွဲ (၄) သရေပွဲ (၂)ပွဲနဲ့ ရလဒ်တွေ ဆိုးရွှားနေရဆဲ ဖြစ်နေပါတယ်။

Photo Credit : AS Roma

အထူးသဖြင့်တော့ ရိုးမားဟာ ပြိုင်ပွဲစုံ အဝေးကွင်းပွဲတွေမှာ ရလဒ်တွေ အတော်လေး ဆိုးရွှားလို့နေပြီး ဒီရာသီ အဝေးကွင်း (၇)ပွဲလုံး လုံးဝ နိုင်ပွဲမရသေးပဲ ရုန်းကန်နေရပါတယ်။ ဒါ့အပြင် ရိုးမားက လက်ရှိ စီးရီးအေ အမှတ်ပေးဇယားမှာ အဆင့်(၁၁)ထိ ရောက်ရှိနေတာကြောင့် နည်းပြဂျူရစ်နဲ့ လက်တွဲဖြုတ်ဖို့ပါ စဉ်းစားလာခဲ့ပါတယ်။

လက်ရှိမှာတော့ ရိုးမားပိုင်ရှင်တွေက ဖီအိုရင်တီးနားနဲ့ ဆာဆူအိုလို နည်းပြဟောင်း ပေါ်လို ဆိုဆာကို နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ဆန္ဒရှိလို့နေပြီး ဆိုဆာက လက်ရှိမှာ ယူအေအီးကလပ် အယ်လ်အာလီကို ကိုင်တွယ်နေတာမို့ ခေါ်ယူဖို့က ခဲယဉ်းနိုင်ပါတယ်။ ဒါ့အပြင် ဆော်ဒီနဲ့ လမ်းခွဲလာတဲ့ နည်းပြကြီး မန်ချီနီကိုလည်း ပစ်မှတ်ထားနေပြီး အသင်းနည်းပြဟောင်းကြီး ရာနီရေးနီလည်း အသင်း list ထဲမှာ ပါဝင်နေပါတယ်။

Photo Credit : Fox Sports

ဒီနည်းပြတွေအပြင် ၂၀၂၃ ဇန်နဝါရီကတည်းကနေ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ လမ်းပတ်ဟာလည်း ရိုးမားအသင်း စောင့်ကြည့်နေတဲ့ နည်းပြစာရင်းမှာပါ ပါဝင်လို့နေပါတယ်။ ချယ်လ်ဆီး ဂန္တဝင် ကစားသမားဟောင်းကြီး လမ်းပတ်ဟာ ကစားသမားဘဝတုန်းက အောင်မြင်မှုတွေ ရခဲ့ပေမယ့် နည်းပြဘဝမှာတော့ အနည်းငယ် ရုန်းကန်နေခဲ့ရပါတယ်။

ဒါပေမယ့် ရိုးမားကလည်း ဒီရာသီထဲမှာ နည်းပြ (၂)ဦးအထိတောင် အပြောင်းအလဲ လုပ်ဆောင်ရမှာမို့ အသင်းဘဏ္ဍာရေးကို အရမ်းကြီး မထိခိုက်စေဖို့အတွက် နည်းပြသစ် ရွေးချယ်ရမှာ low profile နည်းပြတွေကို ရွေးချယ်သွားဖို့ ရှိနိုင်တာကြောင့် လမ်းပတ်အနေနဲ့ ရိုးမားအသင်း နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version