














(Unicode)

ပြင်သစ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ယူရို-၂၀၂၀ ခြေစစ်ပွဲအတွက် လူစာရင်းများ

လာမယ့်တစ်ပတ်လောက်မှာတော့ ကလပ်အသင်းပွဲတွေကို ခတ္တရပ်နားသွားတော့မှာဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အဖြစ် လက်ရွေးစင်အသင်းတွေရဲ့ ပွဲစဉ်တွေကို ကျင်းပသွားတော့မှာဖြစ်တာကြောင့် လက်ရှိအချိန်မှာ နိုင်ငံအသင်းတွေက သူတို့အသင်းတွေရဲ့လူစာရင်းတွေကို အသီးသီးရွေးချယ်လာခဲ့ကြရာမှာ ဒီနေ့မှာတော့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ပြင်သစ်လက်ရွေးစင်အသင်းတို့ရဲ့လူစာရင်းတွေအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Getty Images

ပထမဆုံးအဖြစ် ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ပိုင်ဆိုင်ထားခဲ့တဲ့ ပြင်သစ်အသင်းရဲ့ယူရို-၂၀၂၀ ခြေစစ်ပွဲရဲ့လူစာရင်းကို ဖော်ပြပေးသွားချင်ပါတယ်။ ပြင်သစ်ရဲ့လူစာရင်းမှာ ဒဏ်ရာကနေ ပြန်လည်မသက်သာသေးတဲ့ ပေါ့ဘာ လိုရစ်တို့အပြင် ရွေးချယ်လေ့မရှိတဲ့ လာကာဇက်တို့ မပါဝင်လာပဲ ကန်တီ ဘာပေ ဂရစ်ဇ်မန်းတို့နဲ့သာ ဦးဆာင်လာခဲ့ပါတယ်။

(ပြင်သစ်အသင်းရဲ့လူစာရင်း)

ဂိုး – အာရီအိုလာ ၊ မီညွန် ၊ မန်ဒန်ဒါ

နောက်တန်း – ဒစ်ဂ်နေး ၊ ဒူဘွိုက်စ် ၊ လွန်းဂ်လတ် ၊ မန်ဒီ ၊ ကင်ဘမ်ပေ ၊ ပါဗတ် ၊ ဗာရိန်း

အလယ် – ကန်တီ ၊ မာတွီဒီ ၊ အမ်ဒွန်ဘီလီ ၊ ဆစ်ဆိုခို ၊ တိုလစ်ဆို ၊ ဖယ်ကီယာ

ရှေ့တန်း – ဂရစ်ဇ်မန်း ၊ ဘာပေ ၊ ဂျရှုး ၊ ဘင်ယက်ဒါ ၊ ကိုးမန်း ၊ သောမတ်စ်လူမာ

Photo Credit : Getty Images

ဆက်လက်ပြီးတော့ ဘောလုံးဝါသနာရှင်တွေ တော်တော်များများရဲ့ အနှစ်သက်ဆုံးသော လက်ရွေးစင်အသင်းတစ်သင်းဖြစ်တဲ့အပြင် ပရီးမီးယားလိဂ် ဘောလုံးသမားတွေ အများစုပါဝင်ထားတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့လူစာရင်းကိုလည်း ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။ အင်္ဂလန်အသင်းဘက်မှာ ဝမ်ဘစ်ဆာခါ ၊ ဒယ်လီအလီတို့ မပါဝင်ပဲ တခြားသော နာမည်ကျော်ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။

(အင်္ဂလန်အသင်းရဲ့လူစာရင်း)

ဂိုး – ပစ်ဖိုဒ့် ၊ တွမ်ဟီတန် ၊ နစ်ပုဒ်

နောက်တန်း – အာနိုး ၊ ထရစ်ပီယာ ၊ စတုန်းစ် ၊ ဂိုးမက်စ် ၊ မက်ဂွိုင်းယား ၊ တိုင်ရုန်းမင်းစ် ၊ တိုမော်ရီ ၊ ချီဝဲလ် ၊ ဒန်နီရို့စ်

အလယ် – ဟန်ဒါဆင် ၊ ဂျိမ်းစ်မယ်ဒီဆင် ၊ ဟယ်ရီဝင့်စ် ၊ ဘာကလေ ၊ မေဆန်မောင့် ၊ ချိန်ဘာလိမ် ၊ ဖေဘီယန်ဒဲလ်ဖ်

ရှေ့တန်း – စတာလင်း ၊ ဆန်ချို ၊ အိုဒွိုင်း ၊ ဝီလ်ဆင် ၊ ရပ်ဖိုဒ့် ၊ ဟာရီကိန်း ၊ အေဘရာဟမ်