အီတလီ အလှမယ်ဟောင်း မာတီနာ ကိုလမ်ဘာရီကတော့ အေစီမီလန် ဂန္တဝင် (လီဂျန်) နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ကော်စတာကာတာနဲ့ အတူနေတာကြောင့် ဒူးဒဏ်ရာ ရရှိခဲ့ရပြီး သူမရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့ ပြန်လည် ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ အီတလီ အလှမယ်ဟောင်း မာတီနာဟာ အေစီမီလန် ဂန္တဝင် နောက်ခံ ကစားသမားဟောင်းကြီး ကော်စတာကာတာရဲ့ ဇနီး ဖြစ်ပြီး သူမက သူမရဲ့ ခင်ပွန်းနဲ့ အတူနေတဲ့ အချိန်မှာ သူမရဲ့ ဒူးက အဆစ်လွဲ ဒဏ်ရာ ရရှိခဲ့တယ်လို့ အီတလီ အခြေစိုက် II Giorno သတင်းကို ပြောပြသွားတာ ဖြစ်ပါတယ်။

Photo Credit: TheSun

အီတလီ အလှမယ်ဟောင်း မာတီနာဟာ အီတလီ အခြေစိုက် II Giorno သတင်းနဲ့ အင်တာဗျူး ပြုလုပ်သွားခဲ့တဲ့ အချိန်မှာ သူမက ” ကော်စတာကာတာနဲ့ အတူနေတာကြောင့် ကျွန်မရဲ့ ဒူးက ပျက်စီးသွားခဲ့ပါတယ်။ ကျွန်မရဲ့ ဒူးအဆစ် လွဲသွားခဲ့တာနဲ့ အဆုံးသတ်ခဲ့တယ်”လို့ ပြောခဲ့ပါတယ်။ မာတီနာ နဲ့ ကော်စတာကာတာတို့ဟာ (၂၀၀၄) ခုနှစ်မှာ လက်ထပ်ခဲ့ပြီး အဲဒီနှစ် (၂၀၀၄) မှာ သား တစ်ယောက်ကို ရယူခဲ့ကြသလို၊ နောက်ခံ ကစားသမားဟောင်း ကော်စတာကာတာကတော့ လွန်ခဲ့တဲ့ (၂၀၀၇) ခုနှစ်မှာ ဘောလုံး ကစားသမား အဖြစ်ကနေ အနားယူသွားတာ ဖြစ်ပါတယ်။

Photo Credit: TheSun

နောက်ခံ ကစားသမားဟောင်း ကော်စတာကာတာဟာ ကစားသမားဘဝ တစ်လျှောက်လုံးမှာ အေစီမီလန်အသင်းအတွက်ပဲ ကစားခဲ့ပြီး အေစီမီလန်အသင်းအတွက် (၆၆၃) ပွဲ ကစားခဲ့ရာမှာ စီးရီးအေ ဆုဖလား (၇) ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား (၅) ကြိမ် ရရှိနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဇနီး ဖြစ်သူ မာတီနာဟာ အသက် (၁၆) နှစ်အရွယ်မှာ အီတလီနိုင်ငံ အလှမယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီး အလှမယ် အဖြစ် ရွေးချယ်ခံခဲ့ရပြီးတဲ့နောက် (၁၉၉၁) ခုနှစ်က စပြီး အီတလီနိုင်ငံ နဲ့ အီတလီနိုင်ငံ ပြင်ပ နိုင်ငံတွေမှာလည်း အလွန် အောင်မြင် ကျော်ကြားလာခဲ့ပါတယ်။ ကော်စတာကာတာဟာ ကစားသမားဘဝမှာ အသင်း တစ်သင်းတည်းကိုသာ သစွာ ရှိခဲ့ပြီး လက်ရှိအချိန်မှာ လက်ရှိ ဇနီးကိုသာ သစ္စာရှိရှိ ပေါင်းသင့်လျက် ရှိပါတယ်။