ေဘာလုံးသမားေကာင္းေတြ အမ်ားအျပားပုိင္ဆုိင္ထားတဲ႔ ေဘာလုံးအသင္းေတြမွာ ပြဲထြက္ကစားသမားတစ္ေယာက္ျဖစ္လာဖုိ႔ဆုိတာ လုံးဝကုိ မလြယ္ကူလွတဲ႔ အရာပါ။ ယခင္အသင္းေတြမွာ ဘယ္ေလာက္ပဲ ေျခစြမ္းေကာင္းေတြ ျပထားႏုိင္ခဲ႔တယ္ဆုိရင္ေတာင္မွ အသင္းႀကီးတစ္သင္းကုိ ေရာက္ရွိသြားခ်ိန္မွာ ပုံမွန္ကစားခြင့္ေတြ မရေတာ့ပဲနဲ႔ ေနာက္ဆုံးမွာ အသင္းေဟာင္းဆီကုိပဲ ျပန္ေရာက္ရွိသြားတတ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ကလပ္အသင္းႀကီးေတြဆုိတာက ကစားသမားတခ်ိဳ႕အတြက္ေတာ့ ေျခစြမ္းေကာင္းေတြကုိ ျမွပ္ႏွံဖ်က္ဆီးတတ္တဲ႔ ေနရာတစ္ခုလုိ႔ေတာင္ ျဖစ္ေနရပါတယ္။

Photo Credit : Getty Images

အသင္းႀကီးတစ္သင္းကုိ ေျပာင္းေရႊ႔ကစားတာဟာ အေတာ္ေလးကုိ စိန္ေခၚမႈျဖစ္ေစႏုိင္ပါတယ္။ ျပင္သစ္ေနာက္ခံကစားသမားတစ္ေယာက္ျဖစ္တဲ႔ မန္ဂါလာမွာလည္း ၂၀၁၄ခုႏွစ္က ေပၚတုိအသင္းကေန မန္စီးတီးအသင္းကုိ ေျပာင္းေရႊ႔ကစားဖုိ႔ အခြင့္အေရးႀကံဳလာခ်ိန္မွာ သူရဲ႕ ကစားသမားဘဝကုိ ျမင့္တတ္ႏိုင္ဖုိ႔အတြက္ မန္စီးတီးရဲ႕ ကမ္းလွမ္းခ်က္ကုိ လက္ခံျဖစ္ခဲ႔ပါတယ္။ ဒါေပမယ့္ မန္စီးတီးကစားသမားဘဝက ၅ႏွစ္သာ ၾကာျမင့္ခဲ႔ေပမယ့္ သူကေတာ့ မန္စီးတီးအသင္းရဲ႕ အမာခံ ကစားသမားတစ္ေယာက္ ျဖစ္မလာခဲ႔တဲ့အျပင္ အငွားကစားသမားဘဝနဲ႔သာ က်င္လည္ျဖတ္သန္းေနခဲ႔ရပါတယ္။

Photo Credit : Getty Images

မန္ဂါလာဟာ ၂၀၁၄ခုႏွစ္မွာေတာ့ မန္စီးတီးအသင္းကုိ ေပါင္၃၁သန္း ၅ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႔လာခဲ့ၿပီး အဲ႔ဒီအခ်ိန္တုန္းက မန္ဂါလာရဲ႕ ေျပာင္းေရႊ႔ေၾကးဟာ ၿဗိတိန္ေျပာင္းေရႊ႔ေၾကးထဲမွာ အျမင့္မားဆုံး စာရင္းဝင္သြားခဲ႔ရပါတယ္။ ဒါေပမယ့္ မန္ဂါလာဟာ မန္စီးတီးမွာ ပြဲထြက္ကစားခြင့္ေတြ နည္းပါးလာခဲ့ရၿပီး ဗလင္စီယာအသင္းနဲ႔ အဲဗာတန္အသင္းေတြဆီ အငွားနဲ႔ သြားေရာက္ကစားခဲ႔ရပါတယ္။ ၿပီးခဲ႔တဲ႔ ဇူလုိင္လမွာေတာ့ မန္ဂါလာဟာ မန္စီးတီးအသင္းနဲ႔ ခ်ဳပ္ဆုိထားတဲ႔ ၅ႏွစ္တာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးသြားလုိ႔ အသင္းနဲ႔ တရားဝင္လမ္းခြဲျဖစ္သြားခဲ႔ပါတယ္။

Photo Credit : Getty Images

အခုေတာ့ မန္ဂါလာဟာ သူအငွားနဲ႔က်င္လည္ျဖစ္ခဲ႔ဖူးတဲ႔ ဗလင္စီယာအသင္းဆီကုိ ၂ႏွစ္စာခ်ဳပ္ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ရွိလာခဲ႔ၿပီျဖစ္ပါတယ္။ မန္ဂါလာဟာ ဗလင္စီယာမွာ ကစားခဲ႔စဥ္တုန္းကေတာ့ အသင္းအတြက္ လိဂ္ပြဲေပါင္း၃၀အထိကုိ ပါဝင္ကစားေပးႏုိင္ခဲ့ၿပီး အသင္းရဲ႕ ခံစစ္ပုိင္းမွာ အေထာက္အကူ အျပဳႏုိင္ဆုံးကစားသမားအျဖစ္ ရပ္တည္ႏုိင္ခဲ႔ပါတယ္။ ခ်န္ပီယံလိဂ္ဝင္ေရာက္ကစားခြင့္ ရရွိထားတဲ႔ ေဘာလုံးရာသီမ်ိဳးမွာ မန္ဂါလာလုိ အေတြ႔အႀကံဳရင့္ ကစားသမားတစ္ေယာက္ကုိ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္ရွိလုိက္ကတာကေတာ့ ဗလင္စီယာအတြက္ အက်ိဳးရွိေစမွာ ေသခ်ာေနပါတယ္ခင္ဗ်ာ။

(Unicode)

ဘောလုံးသမားကောင်းတွေ အများအပြားပိုင်ဆိုင်ထားတဲ့ ဘောလုံးအသင်းတွေမှာ ပွဲထွက်ကစားသမားတစ်ယောက်ဖြစ်လာဖို့ဆိုတာ လုံးဝကို မလွယ်ကူလှတဲ့ အရာပါ။ ယခင်အသင်းတွေမှာ ဘယ်လောက်ပဲ ခြေစွမ်းကောင်းတွေ ပြထားနိုင်ခဲ့တယ်ဆိုရင်တောင်မှ အသင်းကြီးတစ်သင်းကို ရောက်ရှိသွားချိန်မှာ ပုံမှန်ကစားခွင့်တွေ မရတော့ပဲနဲ့ နောက်ဆုံးမှာ အသင်းဟောင်းဆီကိုပဲ ပြန်ရောက်ရှိသွားတတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလပ်အသင်းကြီးတွေဆိုတာက ကစားသမားတချို့အတွက်တော့ ခြေစွမ်းကောင်းတွေကို မြှပ်နှံဖျက်ဆီးတတ်တဲ့ နေရာတစ်ခုလို့တောင် ဖြစ်နေရပါတယ်။

Photo Credit : Getty Images

အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ကစားတာဟာ အတော်လေးကို စိန်ခေါ်မှုဖြစ်စေနိုင်ပါတယ်။ ပြင်သစ်နောက်ခံကစားသမားတစ်ယောက်ဖြစ်တဲ့ မန်ဂါလာမှာလည်း ၂၀၁၄ခုနှစ်က ပေါ်တိုအသင်းကနေ မန်စီးတီးအသင်းကို ပြောင်းရွှေ့ကစားဖို့ အခွင့်အရေးကြုံလာချိန်မှာ သူရဲ့ ကစားသမားဘဝကို မြင့်တတ်နိုင်ဖို့အတွက် မန်စီးတီးရဲ့ ကမ်းလှမ်းချက်ကို လက်ခံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးကစားသမားဘဝက ၅နှစ်သာ ကြာမြင့်ခဲ့ပေမယ့် သူကတော့ မန်စီးတီးအသင်းရဲ့ အမာခံ ကစားသမားတစ်ယောက် ဖြစ်မလာခဲ့တဲ့အပြင် အငှားကစားသမားဘဝနဲ့သာ ကျင်လည်ဖြတ်သန်းနေခဲ့ရပါတယ်။

Photo Credit : Getty Images

မန်ဂါလာဟာ ၂၀၁၄ခုနှစ်မှာတော့ မန်စီးတီးအသင်းကို ပေါင်၃၁သန်း ၅နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီအချိန်တုန်းက မန်ဂါလာရဲ့ ပြောင်းရွှေ့ကြေးဟာ ဗြိတိန်ပြောင်းရွှေ့ကြေးထဲမှာ အမြင့်မားဆုံး စာရင်းဝင်သွားခဲ့ရပါတယ်။ ဒါပေမယ့် မန်ဂါလာဟာ မန်စီးတီးမှာ ပွဲထွက်ကစားခွင့်တွေ နည်းပါးလာခဲ့ရပြီး ဗလင်စီယာအသင်းနဲ့ အဲဗာတန်အသင်းတွေဆီ အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ မန်ဂါလာဟာ မန်စီးတီးအသင်းနဲ့ ချုပ်ဆိုထားတဲ့ ၅နှစ်တာ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းနဲ့ တရားဝင်လမ်းခွဲဖြစ်သွားခဲ့ပါတယ်။

Photo Credit : Getty Images

အခုတော့ မန်ဂါလာဟာ သူအငှားနဲ့ကျင်လည်ဖြစ်ခဲ့ဖူးတဲ့ ဗလင်စီယာအသင်းဆီကို ၂နှစ်စာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ မန်ဂါလာဟာ ဗလင်စီယာမှာ ကစားခဲ့စဉ်တုန်းကတော့ အသင်းအတွက် လိဂ်ပွဲပေါင်း၃၀အထိကို ပါဝင်ကစားပေးနိုင်ခဲ့ပြီး အသင်းရဲ့ ခံစစ်ပိုင်းမှာ အထောက်အကူ အပြုနိုင်ဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ရောက်ကစားခွင့် ရရှိထားတဲ့ ဘောလုံးရာသီမျိုးမှာ မန်ဂါလာလို အတွေ့အကြံုရင့် ကစားသမားတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလိုက်ကတာကတော့ ဗလင်စီယာအတွက် အကျိုးရှိစေမှာ သေချာနေပါတယ်ခင်ဗျာ။