ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတို့နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးအတွင်း ပွဲပေါင်းများစွာ ကျင်လည်ခဲ့ဖူးတဲ့ ဆာဘီးယား ဝါရင့် ကစားသမားကြီး နီမန်ဂျာမာတစ်က သူရဲ့ဘောလုံးသမားဘဝကို အဆုံးသတ်ပြီးရင် နည်းပြတစ်ဦးအဖြစ်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာခဲ့မယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Matic is playing under Jose Mourinho at Roma

Photo Credit : The Sun

လက်ရှိမှာ အသက်(၃၄)နှစ်အရွယ် ရောက်ရှိနေပြီဖြစ်တဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး မာတစ်က ရိုးမားအသင်းနဲ့အတူ စီးရီးအေပြိုင်ပွဲအတွင်း ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းလျက် ရှိနေပြီး တကယ်လို့သာ သူရဲ့ ဘောလုံးသမားဘဝကို နိဂုံးချုပ်ဖြစ်ခဲ့မယ်ဆိုရင်တော့ နည်းပြတစ်ဦးအဖြစ် ပြောင်းလဲကာ ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ဝင်ရောက်လာမယ်လို့ ပြောဆိုလိုက်ပါတယ်။

He also won two Premier League titles in four seasons with Chelsea

Photo Credit : The Sun

“တစ်နေ့ကျရင် ကျွန်တော် နည်းပြတစ်ယောက် ဖြစ်လာရလိမ့်မယ်လို့ ဆုံးဖြတ်ထားပြီးသားပါ။ ကျွန်တော် နည်းပြလိုင်စင် ရရှိဖို့လည်း လုပ်ဆောင်နေပါတယ်။ ဒါပေမယ့်လည်း အခုအချိန်မှာတော့ ဘောလုံးကစားဖို့ကိုပဲ အရမ်း အာရုံစိုက်နေပါတယ်။ ကျွန်တော် စိတ်ခံစားချက်တွေ ကောင်းနေတယ်။ လန်းဆန်းနေတယ်။ ပြီးတော့ နောက်ထပ် (၂)နှစ်လောက်အထိ ဘောလုံး ဆက်ကစားနိုင်မယ်လို့လည်း ထင်နေပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကျွန်တော်က ပရီးမီးယားလိဂ်ကို နည်းပြတစ်ဦးအဖြစ်နဲ့ ပြန်လည် ရောက်ရှိလာမှာပါ” လို့ မာတစ်က ပြောဆိုထားခဲ့ပါတယ်။

Photo Credit : The Sun

ဒါ့အပြင် မာတစ်က သူရဲ့အသင်းဟောင်းတွေဖြစ်တဲ့ ယူနိုက်တက် ချယ်လ်ဆီးအသင်းတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ် ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာတော့မယ့် ပိုချက်တီနိုတို့ကိုပါ ချီးမွမ်းပြောဆိုသွားခဲ့ပါသေးတယ်။ တန်ဟက်ဂ်က လာမယ့် ဘောလုံးရာသီမှာ သူရဲ့ ယူနိုက်တက်အသင်းကို ဆုဖလားတွေ စိန်ခေါ်လာနိုင်မယ့် အသင်းတစ်သင်း ဖြစ်လာအောင် အကောင်းဆုံး လမ်းညွှန်ပေးနိုင်မယ်လို့ သုံးသပ်သွားခဲ့သလို ပိုချက်တီနိုဟာလည်း ချယ်လ်ဆီးအသင်းအတွက် သင့်တော်တဲ့ နည်းပြတစ်ဦး ဖြစ်ကြောင်းကိုပါ မှတ်ချက်ပြုသွားခဲ့ပါတယ်။