မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားဟောင်း ဆဂ်ညာက သူရဲ့အသင်းဟောင်း မန်စီးတီးအသင်းအနေနဲ့ နေရာစုံမှာ ကစားသမားကောင်းတွေ တပုံတပင်နဲ့ ပြည့်စုံနေပေမယ့်လည်း ဘယ်ခြမ်းခံစစ်နေရာအတွက်ကိုသာ ကစားသမား ဖြည့်တင်းမယ်ဆိုရင် အေစီမီလန် ဘယ်နောက်ခံကစားသမား သီယိုဟာနန်ဒက်ဇ်ကို ခေါ်ယူသင့်တယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

Hernandez has been a star at Milan since his 2019 transfer from Real Madrid

Photo Credit : The Sun

လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုကို ရယူနိုင်ဖို့ အနီးစပ်ဆုံး ဖြစ်နေရတဲ့ မန်စီးတီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့စျေးကွက် မဖွင့်လှစ်ချိန်မှာပဲ ဒေါ့မွန်အသင်းရဲ့ နော်ဝေတိုက်စစ်ကစားသမား အာလင်းဟော်လန်းကို ခေါ်ယူထားခဲ့သလို စျေးကွက်ထဲမှာလည်း ကစားသမားသစ်တချို့ပါ ခေါ်ယူအားဖြည့်သွားဖို့ အစီအစဉ် ရှိနေပါသေးတယ်။ တကယ်လို့ မန်စီးတီးအသင်းက ဘယ်နောက်ခံလူတစ်ဦးသာ ထပ်မံခေါ်ယူသွားဖို့ အစီအစဉ် ရှိမယ်ဆိုရင် မီလန်အသင်းရဲ့ ပြင်သစ်ဘယ်နောက်ခံ ကစားသမား ဟာနန်ဒက်ဇ်ကို ခေါ်ယူသွားသင့်တယ်လို့ ဆဂ်ညာက အကြံပြု ပြောဆိုသွားခဲ့ပါတယ်။

Theo Hernandez: 'I thought, I'm going all the way' - Football Italia

Photo Credit : Football Italia

မန်စီးတီးအသင်းနဲ့ ပတ်သက်ပြီး ဆဂ်ညာက “သူတို့က ဘယ်နေရာကိုမှ ပစ်မှတ်ထားဖို့ မလိုလောက်အောင်ကိုပဲ နေရာတိုင်းမှာ ပြီးပြည့်စုံနေပါတယ်။ ကျွန်တော်သာ နေရာတစ်နေရာကို ဖြည့်ရမယ်ဆိုရင်တော့ ဘယ်ခြမ်းခံစစ်နေရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း သူတို့က အဲ့ဒီနေရာအတွက် အကောင်းဆုံး လုပ်ထားနိုင်ပါသေးတယ်။ သို့ပေမယ့်လည်း အဲ့ဒီဘယ်နာက်ခံလူနေရာမှာ ဘယ်ခြေအားသန်တဲ့ ကစားသမားမျိုး ရှိမနေတဲ့အတွက် ဒါက အသင်းအတွက် တစ်ခုတည်းသော ဖြည့်တင်းသင့်တဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါလိမ့်မယ်။ အဲ့ဒီနေရာအတွက် ကျွန်တော်ကတော့ သီယိုဟာနန်ဒက်ဇ်ကို သဘောကျမိတယ်။ သူကစားတာ တကယ့်ကို ကောင်းမွန်မှုရှိပြီး အလားအလာကောင်းတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ သူ့မှာ တောက်ပတဲ့ အနာဂတ်လည်း ရှိတယ်”လို့ ညွှန်းဆိုသွားခဲ့ပါတယ်။ ဒီရာသီမှာ မီလန်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆု ဆွတ်ခူးနိုင်ဖွယ် ရှိနေတဲ့ ဟာနန်ဒက်ဇ်ကို ချယ်လ်ဆီးအသင်းကပါ အလိုရှိနေတာဖြစ်ပေမယ့်လည်း မီလန်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို အသင်းနဲ့ပါ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူဖြစ်လို့ ခေါ်ယူဖို့ အတော်လေး ခဲယဉ်းဖွယ် ရှိနိုင်ပါတယ်။