ဟာကန္ဆူကာဆုိရင္ လက္ရွိမွာ အသက္၂၅ႏွစ္အထက္ျဖစ္ေနမယ့္ ေဘာလုံးပရိသတ္ ေတာ္ေတာ္မ်ားမ်ား သိၾကမယ္လုိ႔ထင္မိပါတယ္။ ဥေရာပအသင္းေပါင္းမ်ားစြာ ပါဝင္ကစားခဲ႔ဖူးတဲ႔ ဒီတုိက္စစ္မွဴးႀကီး တူရကီလက္ေရြးစင္အသင္းရဲ႕ဂႏၱဝင္ကစားသမားတစ္ေယာက္လုိ႔ပါ သတ္မွတ္ႏုိင္ပါတယ္။ လက္ရွိမွာ အသက္ငါးဆယ္နီးပါးအရႊယ္ ေရာက္ရွိေနၿပီျဖစ္တဲ႔ ဟာကန္ဆူကာရဲ႕အခုတေလာ အားကစားသတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ႔ၾကၿပီး ဒီကစားသမားက အခုလတ္တေလာ ထူးထူးျခားျခားအေနနဲ႔ အူဘာရဲ႕Taxi Driver တစ္ေယာက္ျဖစ္ေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Sportbible

ဂါလာတာစာေရး အင္တာမီလန္ ဘလက္ဘန္း ပါးမား အစရွိတဲ႔ ထိပ္သီးအသင္းေတြမွာ ပါဝင္ကစားခဲ႔ဖူးတဲ႔ တုိက္စစ္ကစားသမား ဟာကန္ဆူကာဟာ တူရကီအသင္းနဲ႔လည္း ၂၀၀၂ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲအတြင္းမွာလည္း တတိယေနရာကုိ ရယူႏုိင္ခဲ႔သူျဖစ္ပါတယ္။ ၁၉၉၀ေနာက္ပုိင္းနဲ႔ ၂၀၀၀ခုႏွစ္အေစာပုိင္းေတြမွာ သူရဲ႕အေကာင္းဆုံးေျခစြမ္းေတြကုိ ျပသထားႏုိင္ခဲ႔တဲ႔ ဆူကာဟာ ၂၀၀၈ခုုႏွစ္မွာေတာ့ ေဘာလုံးသမားဘဝကေန အနားယူခဲ႔ၿပီး ၃ႏွစ္အၾကာမွာပဲ ႏုိင္ငံေရးေလာကထဲကုိ ဝင္ေရာက္လာခဲ႔ကာ ၂၀၁၇ခုႏွစ္မွာ တူရကီႏုိင္ငံကေန ထြက္ခြာခဲ႔ရၿပီး အေမရိကန္ႏုိင္ငံဆီ ေျပာင္းလဲေနထုိင္ခဲ႔ရပါတယ္။

Photo Credit : PostNaija

သူရဲ႕ဘဝအခ်ိဳးအေကြ႕ေတြအေၾကာင္းနဲ႔ပတ္သက္ၿပီး ဆူကာက”ကြ်န္ေတာ္မွာ ဘာဆုိဘာမွကုိ မက်န္ေတာ့ဘူး။ အာဒုိဂန္(တူရကီသမၼတ)က ကြ်န္ေတာ့္ဆီကေန အကုန္လုံးယူေဆာင္သြားခဲ႔တာ။ ကြ်န္ေတာ္က လြတ္လပ္စြာထုတ္ေဖာ္ႏုိင္မႈနဲ႔ အလုပ္ေတြ ေကာင္းေကာင္းမြန္မြန္လုပ္ႏုိင္ဖုိ႔အတြက္ ႀကိဳးပမ္းခဲ႔တာပါ။ ဥပေဒနဲ႔မလြတ္ကင္းတာေတြ ကြ်န္ေတာ္ဘာမွမလုပ္ခဲ႔ပါဘူး။ ကြ်န္ေတာ္က အၾကမ္းဖက္သမားလည္း မဟုတ္သလုိ သူပုန္လည္း မဟုတ္ဘူး။ ဒီအစုိးရအတြက္ေတာ့ ကြ်န္ေတာ္က ရန္သူတစ္ေယာက္ ျဖစ္ေကာင္းျဖစ္ႏုိင္မယ္။ ဒါေပမယ့္ တူရကီႏုိင္ငံအတြက္ ကြ်န္ေတာ္က အဲ႔လုိလူမဟုတ္ဘူး။ ကြ်န္ေတာ့္ႏုိင္ငံကုိ ခ်စ္တယ္။ ကြ်န္ေတာ္ အာဒုိဂန္နဲ႔ အဆင္မေျပျဖစ္ေနေတာ့ ကြ်န္ေတာ့္မိသားစုဆီ အသက္အႏၱရာယ္ ၿခိမ္းေျခာက္မႈေတြ ဆက္တုိက္ျဖစ္လာခဲ႔လုိ႔ အေမရိကန္မွာ ေျပာင္းလဲေနထုိင္တယ္။ အစာကေတာ့ ေကာ္ဖီဆုိင္ေလးဖြင့္ရာကေန အဆင္မေျပလု႔ိ အခု Uber မွာ ယာဥ္ေမာင္းဝင္လုပ္ေနရပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

(Unicode)

နိုင်ငံရေးနယ်ပယ်ထဲဝင်ပြီး လက်ရှိမှာ အငှားယာဉ်မောင်းဖြစ်နေတဲ့ ကမ္ဘာကျော်ဘောလုံးသမား

ဟာကန်ဆူကာဆိုရင် လက်ရှိမှာ အသက်၂၅နှစ်အထက်ဖြစ်နေမယ့် ဘောလုံးပရိသတ် တော်တော်များများ သိကြမယ်လို့ထင်မိပါတယ်။ ဥရောပအသင်းပေါင်းများစွာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒီတိုက်စစ်မှူးကြီး တူရကီလက်ရွေးစင်အသင်းရဲ့ဂန္တဝင်ကစားသမားတစ်ယောက်လို့ပါ သတ်မှတ်နိုင်ပါတယ်။ လက်ရှိမှာ အသက်ငါးဆယ်နီးပါးအရွှယ် ရောက်ရှိနေပြီဖြစ်တဲ့ ဟာကန်ဆူကာရဲ့အခုတလော အားကစားသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပြီး ဒီကစားသမားက အခုလတ်တလော ထူးထူးခြားခြားအနေနဲ့ အူဘာရဲ့Taxi Driver တစ်ယောက်ဖြစ်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Sportbible

ဂါလာတာစာရေး အင်တာမီလန် ဘလက်ဘန်း ပါးမား အစရှိတဲ့ ထိပ်သီးအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား ဟာကန်ဆူကာဟာ တူရကီအသင်းနဲ့လည်း ၂၀၀၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာလည်း တတိယနေရာကို ရယူနိုင်ခဲ့သူဖြစ်ပါတယ်။ ၁၉၉၀နောက်ပိုင်းနဲ့ ၂၀၀၀ခုနှစ်အစောပိုင်းတွေမှာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ ဆူကာဟာ ၂၀၀၈ခုုနှစ်မှာတော့ ဘောလုံးသမားဘဝကနေ အနားယူခဲ့ပြီး ၃နှစ်အကြာမှာပဲ နိုင်ငံရေးလောကထဲကို ဝင်ရောက်လာခဲ့ကာ ၂၀၁၇ခုနှစ်မှာ တူရကီနိုင်ငံကနေ ထွက်ခွာခဲ့ရပြီး အမေရိကန်နိုင်ငံဆီ ပြောင်းလဲနေထိုင်ခဲ့ရပါတယ်။

Photo Credit : PostNaija

သူရဲ့ဘဝအချိုးအကွေ့တွေအကြောင်းနဲ့ပတ်သက်ပြီး ဆူကာက”ကျွန်တော်မှာ ဘာဆိုဘာမှကို မကျန်တော့ဘူး။ အာဒိုဂန်(တူရကီသမ္မတ)က ကျွန်တော့်ဆီကနေ အကုန်လုံးယူဆောင်သွားခဲ့တာ။ ကျွန်တော်က လွတ်လပ်စွာထုတ်ဖော်နိုင်မှုနဲ့ အလုပ်တွေ ကောင်းကောင်းမွန်မွန်လုပ်နိုင်ဖို့အတွက် ကြိုးပမ်းခဲ့တာပါ။ ဥပဒေနဲ့မလွတ်ကင်းတာတွေ ကျွန်တော်ဘာမှမလုပ်ခဲ့ပါဘူး။ ကျွန်တော်က အကြမ်းဖက်သမားလည်း မဟုတ်သလို သူပုန်လည်း မဟုတ်ဘူး။ ဒီအစိုးရအတွက်တော့ ကျွန်တော်က ရန်သူတစ်ယောက် ဖြစ်ကောင်းဖြစ်နိုင်မယ်။ ဒါပေမယ့် တူရကီနိုင်ငံအတွက် ကျွန်တော်က အဲ့လိုလူမဟုတ်ဘူး။ ကျွန်တော့်နိုင်ငံကို ချစ်တယ်။ ကျွန်တော် အာဒိုဂန်နဲ့ အဆင်မပြေဖြစ်နေတော့ ကျွန်တော့်မိသားစုဆီ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေ ဆက်တိုက်ဖြစ်လာခဲ့လို့ အမေရိကန်မှာ ပြောင်းလဲနေထိုင်တယ်။ အစာကတော့ ကော်ဖီဆိုင်လေးဖွင့်ရာကနေ အဆင်မပြေလို့ အခု Uber မှာ ယာဉ်မောင်းဝင်လုပ်နေရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။