MySport Myanmar

ပေါ်တာက သူတို့ ခေတ်မှာဆိုရင် ကြာကြာခံမှာတောင် မဟုတ်ဘူးလို့ မဲခယော့ သုံးသပ်

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ မာရီယိုမဲခယော့က သူတို့ရဲ့ ခေတ်အခါတုန်းကဆိုရင် လက်ရှိ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာအနေနဲ့ အခုလောက်အထိတောင် နည်းပြသက်တမ်းက ကြာရှည်ခံမှာ မဟုတ်ဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ချဲလ်ဆီးနည်းပြ ပေါ်တာဟာ ဘရိုက်တန်ကနေ ချဲလ်ဆီးအသင်းကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပြီးနောက် အသင်းကို (၂၆)ပွဲ ကိုင်တွယ်ထားခဲ့ရာ နိုင်ပွဲက (၉)ပွဲသာ ရှိထားရသေးပြီး (၁၀)ပွဲ ရှုံး (၇)ပွဲ သရေကျထားခဲ့ကာ န်ိုင်ပွဲရာခိုင်နှုန်း (၃၄.၆)%သာ ရှိထားခဲ့ရပါတယ်။ လက်ရှိမှာလည်း ဖေဖော်ဝါရီလ တစ်လလုံး နိုင်ပွဲတစ်ပွဲမှ မရှိထားသေးတဲ့အပြင် တစ်လလုံးမှာလည်း သွင်းဂိုးတစ်ဂိုးသာ သွင်းယူထားနိုင်တဲ့အထိကို အခြေအနေ အလွန် ဆိုးရွှားနေရပါတယ်။

Photo Credit : NY Breaking News

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး အသင်းက နည်းပြ အပြောင်းအလဲ လုပ်ဆောင်ဖို့ လိုအပ်နေကြောင်းကို ကစားသမားဟောင်း မဲခယော့က “ကျွန်တော်တို့ ခေတ်တုန်းကဆိုရင်တော့ ပေါ်တာက အခုလောက်အထိ မတည်မြဲနေနိုင်လောက်ဘူး။ ဒါပဲ ကျွန်တော် ပြောနိုင်ပါတယ်။ ကျွန်တော် သူ့အတွက် စိတ်မကောင်းဖြစ်ရတယ်။ အခု လူတိုင်းက သူ့အကြောင်းကို ပြောနေကြတယ်။ သူက ထိပ်တန်းနည်းပြ ဖြစ်ခဲ့ပေမဲ့ ဒီလို ရလဒ်တွေနဲ့ဆိုရင်တော့ စိတ်မကောင်းရပေမဲ့လည်း အပြောင်းအလဲ လုပ်ကိုလုပ်ရပါမယ်” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Goal

ချဲလ်ဆီးအသင်းပိုင်ရှင်တွေနဲ့ ဘုတ်အဖွဲ့ဝင်တွေက အသင်းနည်းပြ ပေါ်တာအပေါ် ယုံကြည်မှု အပြည့်အဝ ပေးထားတယ် ဆိုပေမဲ့လည်း အသင်းရဲ့ အခြေအနေတွေက လုံးဝ မကောင်းလာခဲ့ရင် ဒါမှမဟုတ် ဒေါ့မွန်ကို မကျော်ဖြတ်နိုင်ပဲ ချန်ပီယံလိဂ်ကနေ စောစောစီးစီးပဲ ထွက်ခွာသွားခဲ့ရမယ်ဆိုရင်တော့ ပေါ်တာရဲ့ အနာဂတ်ဟာ တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ လတ်တလော ဘွတ်ကီတွေဟာလည်း ပရီးမီးယားလိဂ်က နည်းပြတွေထဲ ထုတ်ပယ်ခံရနိုင်ခြေ အရှိဆုံး နည်းပြအဖြစ် ဂရေဟမ်ပေါ်တာကို ရွေးချယ်လို့ထားပြီး လိဒ်စ် ဒေါ့မွန်တို့နဲ့ ပွဲစဉ်တွေမှာသာ ရလဒ် ထပ်ဆိုးခဲ့မယ်ဆိုရင်တော့ ပေါ်တာအနေနဲ့ ချဲလ်ဆီးနည်းပြ ရာထူးကို နှုတ်ဆက်သွားရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

Exit mobile version